အာရှ ယူ-၁၉ ခြေစစ်ပွဲတွင် ဘရူနိုင်းကို မြန်မာအသင်း ဂိုးပြတ်အနိုင်ရ

အာရှ ယူ-၁၉ ခြေစစ်ပွဲတွင် ဘရူနိုင်းကို မြန်မာအသင်း ဂိုးပြတ်အနိုင်ရ
Published 30 September 2015

မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပနေသည့် အာရှ ယူ-၁၉ ခြေစစ်ပွဲ အုပ်စု(G) ဒုတိယနေ့ပွဲစဉ်များကို ယနေ့(စက်တင်ဘာ ၃၀ ရက်)တွင် ဆက်လက်ကျင်းပခဲ့ပြီး အိမ်ရှင် မြန်မာအသင်းသည် ဘရူနိုင်းအသင်းကို (၄-ဝ)ဂိုးဖြင့် အနိုင်ရခဲ့သည်။မြန်မာယူ-၁၉ အသင်းအတွက် အဖွင့်ဂိုးကို ပွဲချိန် (၇)မိနစ်တွင် ဇင်ဖြိုးအောင်က ပယ်နယ်တီမှ တစ်ဆင့် သွင်းယူခဲ့သည်။ ကျန်ပွဲချိန်များတွင်လည်း မြန်မာအသင်းသည် ဘရူနိုင်းအသင်းကို ဆက်တိုက်ဖိကစားနိုင်ခဲ့ပြီးဒုတိယဂိုးကို (၂၆)မိနစ်တွင် ရဲရင့်အောင်က ဂိုးဧရိယာထိပ်မှ ရရှိသော ပြစ်ဒဏ်ဘောကို တိုက်ရိုက်ကန်သွင်းကာ ရယူပေးခဲ့သည်။မြန်မာအသင်းအတွက် တတိယဂိုးကို (၂၈)မိနစ်တွင် ထူးခန့်လွင်နှင့် ပွဲသိမ်းဂိုးကို (၄၇)မိနစ်တွင် အောင်ဇင်ဖြိုး တို့က သွင်းယူပေးခဲ့သည်။အခြားပွဲစဉ်တွင်မူ တီမောအသင်းနှင့် ဟောင်ကောင်အသင်းတို့သည် ဂိုးမရှိသရေကျခဲ့ကြောင်း သိရသည်။ထို့ကြောင့် တီမောအသင်းသည် (၂)ပွဲကစားပြီးချိန်တွင် (၄)မှတ်ရရှိကာ အုပ်စု(G)ကို ဦးဆောင်လျက်ရှိပြီး မြန်မာနှင့် ဗီယက်နမ်အသင်းတို့သည် (၁)ပွဲကစား၊ (၁)ပွဲနိုင် ရမှတ်(၃)မှတ်စီ ရရှိထားကာ ဟောင်ကောင်အသင်းက (၂)ပွဲကစား(၁)မှတ်နှင့် ဘရူနိုင်းအသင်းက (၂)ပွဲကစား (၂)ပွဲရှုံးကာ ရမှတ် မရရှိသေးကြောင်း သိရသည်။မြန်မာအသင်းသည် လာမည့် အောက်တိုဘာလ(၂)ရက်(သောကြာနေ့) ည(၆း၃၀)နာရီတွင် တီမောအသင်းနှင့် အုပ်စုဒုတိယပွဲစဉ်ကစားရမည်ဖြစ်သည်။