ပြီးခဲ့သည့် စက်တင်ဘာလ(၂၇)ရက်နေ့က ကွယ်လွန်သွားခဲ့သည့် ဝါရင့်အားကစားကလောင်ရှင် ဦးခင်မောင်ထွေး(ပျဉ်းမနား)၏ ဈာပနအခမ်းအနားကို စက်တင်ဘာလ(၂၉)ရက်နေ့ နံနက်(၁၁း၀၀)နာရီကရေဝေးသုဿာန်တွင် ပြုလုပ်ခဲ့သည်။ ကွယ်လွန်ချိန်တွင် အသက်(၈၅)နှစ်ရှိပြီဖြစ်ပြီး နောက်ဆုံးအချိန်အထိ မြန်မာအားကစားလောက တိုးတက်ရေးအတွက် အကျိုးပြုဆောင်းပါးများစွာကို စဉ်ဆက်မပြတ် ရေးသားခဲ့သူဦးခင်မောင်ထွေး၏ ဈာပနအခမ်းအနားသို့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးဇော်ဇော်အပါအဝင် ဘောလုံးအဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ အားကစားကလောင်ရှင်များ၊ စာပေအသိုင်းအဝိုင်းနှင့် နိုင်ငံရေးအသိုင်းအဝိုင်းမှ မိတ်ဆွေများ၊ဆွေမျိုးမိတ်သင်္ဂဟများစွာ တက်ရောက်ခဲ့ကြသည်။
မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးဇော်ဇော် လိုက်လံပို့ဆောင်နေစဉ်ဦးခင်မောင်ထွေး(ပျဉ်းမနား)သည် ၁၉၅၆ ခုနှစ်၌ ခရိုင်ကိုယ်လက်ကြံ့ခိုင်ရေးမှူးစည်းရုံးရေးသင်တန်း တက်ရောက်ခဲ့ပြီး ကာယဗလဂျာနယ်တွင် အားကစားဆောင်းပါးများ စတင်ရေးသားကာ စာပေနယ်သို့ ဝင်ရောက်ခဲ့သူဖြစ်သည်။ ဦးခင်မောင်ထွေး(ပျဉ်းမနား)သည် ကိုယ်တိုင်လည်း ပဲခူးခရိုင်နှင့် မကွေးတိုင်းလက်ရွေးစင်ဘောလုံးအသင်းများတွင် ဂိုးသမားအဖြစ် ပါဝင်ကစားခဲ့ဖူးသည်။ ထို့ပြင် ဘတ်စကက်ဘောအားကစားနည်းကိုလည်း ကစားခဲ့ဖူးပြီး ကျောင်းပေါင်းစုံအဆင့် တံခွန်စိုက်ဆုများ ရယူခဲ့ဖူးကြောင်း သိရှိရသည်။
ဦးခင်မောင်ထွေး(ပျဉ်းမနား)သည် Eleven Media Group မှ ထုတ်ဝေသော မြန်မာဘောလုံးသမိုင်းမှတ်တမ်းစာအုပ် ပြုစုရာ၌ ဦးဆောင်ပါဝင်ခဲ့သူလည်း ဖြစ်သည်။ မကွယ်လွန်မီအချိန်အထိ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်(MFF) စည်းကမ်းထိန်းသိမ်းရေးကော်မတီတွင်လည်း ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့သူဖြစ်သည်။
ဝါရင့်အားကစားကလောင်ရှင် ဦးခင်မောင်ထွေး(ပျဉ်းမနား)၏ ဈာပနအခမ်းအနားကျင်းပ
Most Read
Most Recent
3 hours ago
3 hours ago
3 hours ago
3 hours ago
3 hours ago
3 hours ago