အာရှ ယူ-၁၉ ခြေစစ်ပွဲတွင် မြန်မာအသင်းနှင့် ဘရူနိုင်း အသင်းတို့၏ ပွဲစဉ်ကို AFC ၏ ကွင်းပိတ်ပြစ်ဒဏ်ကြောင့် ပရိသတ် မပါဘဲ ကစားရမည်

အာရှ ယူ-၁၉ ခြေစစ်ပွဲတွင် မြန်မာအသင်းနှင့် ဘရူနိုင်း အသင်းတို့၏ ပွဲစဉ်ကို AFC ၏ ကွင်းပိတ်ပြစ်ဒဏ်ကြောင့် ပရိသတ် မပါဘဲ ကစားရမည်
Published 25 September 2015

အာရှဘောလုံးအဖွဲ့ချုပ် (AFC)သည် ပြီးခဲ့သည့် ၂၀၁၄ အာရှ ယူ-၁၉ ချန်ပီယံရှစ် ပြိုင်ပွဲ၌ ပရိသတ်များ၏ အပြုအမူကြောင့် မြန်မာနိုင်ငံအား ဆိုင်းငံ့ အိမ်ကွင်းပိတ် (၁) ပွဲ ချမှတ်ထားရာ ယင်းပြစ်ဒဏ်မှာ လာမည့် ၂၀၁၆ အာရှ ယူ-၁၉ ခြေစစ်ပွဲတွင် သက်ရောက်မည်ဖြစ်ကြောင်း သိရသည်။ ယင်းအတွက်ကြောင့် မြန်မာ ယူ-၁၉ အသင်း၏ အာရှ ယူ-၁၉ ခြေစစ်ပွဲ ပထမပွဲစဉ်ဖြစ်သည့် ဘရူနိုင်းအသင်းနှင့် ပွဲကို ပရိသတ် မပါဘဲ ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။ပြီးခဲ့သည့် ၂၀၁၄ အာရှ ယူ-၁၉ ချန်ပီယံရှစ် ပြိုင်ပွဲတွင် မြန်မာအသင်း ကမ္ဘာ့ဖလားပြိုင်ပွဲ ဝင်ခွင့်ရရှိပြီးနောက် မြန်မာဘောလုံး ပရိသတ်များမှာ သုဝဏ္ဏကွင်း အတွင်းသို့ ဝင်ရောက်အောင်ပွဲခံခဲ့ပြီး ကာတာအသင်းနှင့် ယှဉ်ပြိုင်ခဲ့သည့် ဆီမီးပွဲစဉ်၊ အုပ်စုပွဲစဉ်များတွင် ပရိသတ်များ၏ အလွန်အကြူး အားပေးမှုများကြောင့် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် (MFF)မှာ AFC ၏ မြင့်မားသည့် ဒဏ်ကြေးငွေများ အပါအဝင် ဆိုင်းငံ့ အိမ်ကွင်းပိတ် (၁) ပွဲ ချမှတ်ခံခဲ့ရခြင်းဖြစ်သည်။ မြန်မာ ယူ-၁၉ အသင်း၏ ယခု ခြေစစ်ပွဲတွင် ဘရူနိုင်းအသင်းနှင့်ပွဲမှ လွဲ၍ ကျန်ပွဲစဉ်များကို ပရိသတ်များ ကြည့်ရှုနိုင်မည်ဖြစ်သည်။ ၂၀၁၆ အာရှ ယူ-၁၉ ခြေစစ်ပွဲ အုပ်စု (G) ပွဲစဉ်များကို လာမည့် စက်တင်ဘာ ၂၈ ရက်မှ အောက်တိုဘာ ၆ ရက်အထိ ကျင်းပမည်ဖြစ်ပြီး မြန်မာ၊ ဗီယက်နမ်၊ ဟောင်ကောင်၊ ဘရူနိုင်းနှင့် တီမောအသင်းတို့ ယှဉ်ပြိုင်ကြမည်ဖြစ်သည်။၂၀၁၄ အာရှ ယူ-၁၉ ပြိုင်ပွဲတွင် ဆိုးသွမ်းပရိသတ်အချို့ ကွင်းအတွင်းရှိ ဆိုင်းဘုတ်များအား ဖျက်စီးထားစဉ်