ဝုလ်ဖ်ဘတ်အသင်းကို 5-1 ဂိုးဖြင့် အနိုင်ရရှိခဲ့သည့်ပွဲတွင် ၉ မိနစ်အတွင်း ၅ ဂိုးသွင်းယူနိုင်ခဲ့သည့် ဘိုင်ယန်မြူးနစ် တိုက်စစ်မှူး လီဝန်ဒေါစကီးသည် ဘွန်ဒစ်လီဂါ ဂိုးသွင်း စံချိန်တစ်ရပ်ကို ပိုင်ဆိုင်ခဲ့ပြီဖြစ်သည်။
ယခင်စံချိန်ဟောင်းမှာ ၂၁ မိနစ်အတွင်း ၅ ဂိုးသွင်းခဲ့ခြင်းဖြစ်ပြီး၊ လီဝန်ဒေါစကီးက အပြတ်အသတ် ကျော်ဖြတ်နိုင်ခဲ့ခြင်းဖြစ်သည်။ သူသည် ဒုတိယပိုင်းမှ လူစားဝင်လာခဲ့ပြီးနောက် ဂိုးများ ဆက်တိုက်သွင်းယူခဲ့ခြင်းဖြစ်သည်။
ငါးဂိုးမြောက်ဂိုး သွင်းယူပြီးနောက် အောင်ပွဲခံနေသည့် ဘိုင်ယန်မြူးနစ်တိုက်စစ်မှူး ရောဘတ်လီဝန်ဒေါစကီးအား ကွင်းလယ်ယူ ဒေါ့ဂ်လက်စ် ကော်စတာနှင့်အတူ တွေ့ရစဉ် (Photo:AFP)
ထို့အတူ ၁၉၉၁ ခုနှစ်နောက်ပိုင်း ဘွန်ဒစ်လီဂါ ပွဲစဉ်တစ်ပွဲတွင် ပထမဆုံး ၅ ဂိုး သွင်းနိုင်သူ ဖြစ်လာခဲ့သည်။
လီဝန်ဒေါစကီးသည် ကန်သွင်းခွင့် ၉ ကြိမ် ရရှိခဲ့ရာတွင် ၁ ကြိမ်သာ ပြိုင်ဘက်နောက်ခံလူနှင့်ထိပြီး၊ ၂ ကြိမ်ဂိုးပေါက်တည့်၊ ၁ ကြိမ်တိုင်ထိပြီး၊ ၅ ဂိုး ရရှိခဲ့သည်။
၉ မိနစ်အတွင်း ၅ ဂိုးသွင်းသည့် လီဝန်ဒေါစကီး စံချိန်သစ်တင်ရှိ
Most Read
Most Recent
3 hours ago
3 hours ago
3 hours ago
3 hours ago
3 hours ago
3 hours ago