စက်တင်ဘာ(၁၅)ရက်(အင်္ဂါနေ့)က ကစားခဲ့သည့် ချန်ပီယံလိဂ်အုပ်စုအဖွင့်ပွဲ စဉ်များတွင် မန်ချက်စတာမြို့ခံနှစ်သင်းဖြစ်သည့် မန်စီးတီးနှင့် မန်ယူအသင်း တို့မှာ ကံကြမ္မာတူ ဦးဆောင်ဂိုးသွင်းပြီးမှ ချေပဂိုးနှင့် အနိုင်ဂိုးများပြန်ပေးရ ကာ အသီးသီးအရေးနိမ့်ခဲ့ရသည်။မန်စီးတီးအသင်းမှာ ဂျူဗီနောက်ခံလူ ချီလီနီ၏ Own Goal ဖြင့် ဦးဆောင်ဂိုးရပြီးမှ မန်ဇူကစ်၊ မိုရာတာတို့က (၂)ဂိုး ဆက်ပြတ်သွင်းကာ ဂျူဗင်တပ်စ်အသင်းကို အဖိုးတန်အဝေးကွင်းနိုင်ပွဲ ရယူပေးခဲ့သည်။ မန်ယူအသင်းမှာမူ PSV ကစားသမားဟောင်း ဒီပိုင်း၏ ဂိုးဖြင့် ဦးဆောင်ခဲ့သော်လည်း PSV အသင်းမှ ဟက်တာမော်ရီနို၊ နာဆင်းတို့၏ခေါင်းတိုက်ဂိုးများကြောင့် ရှုံးပွဲတွေ့သွားခဲ့ရသည်။ လာလီဂါ ထိပ်သီးအသင်းများဖြစ်သည့် ရီးယဲလ်မက်ဒရစ်က စီရော်နယ်လ်ဒို၏ ပယ်နယ် တီနှစ်ဂိုးအပါအဝင် ဟက်ထရစ်၊ အက်သလက်တီကိုက ဂရစ်ဇ်မန်း၏သွင်းဂိုး များဖြင့် ဂိုးပြတ်အနိုင်ရရှိခဲ့ကြသည်။ပွဲစဉ်-၁ (ပထမနေ့)ရလဒ်များPSG ၂-၀ မာလ်မိုရီးယဲလ်မက်ဒရစ် ၄-၀ ရှက်တာဒိုးနက်PSV ၂-၁ မန်ယူဝုလ်ဖ်ဘတ် ၁-၀ CSKAမော်စကိုဘင်ဖီကာ ၂-၀ အက်စ်တာနာဂါလာတာစာရေး ဝ-၂ အက်သလက်တီကိုမန်စီးတီး ၁-၂ ဂျူဗင်တပ်စ်ဆီဗီလာ ၃-၀ မိုချန်ဂလာဘတ်









