နာမည်ကြီး အမေရိကန် စီးပွားရေးမဂ္ဂဇင်း Forbes မှ နောက်ဆုံးထုတ်ပြန်ခဲ့သည့် စစ်တမ်းတွင် အမေရိကန်ရပ်ဘီလိဂ် (NFL) ပြိုင်ပွဲဝင် ဒါးလက်ကောင်းဘွိုင်စ်အသင်းက ရီးယဲလ်မက်ဒရစ်အသင်းကို ကျော်ဖြတ်ပြီး ကမ္ဘာ့တန်ဖိုးအရှိဆုံး အားကစားအသင်းအဖြစ် ရပ်တည်နိုင်ခဲ့သည်။
ပြီးခဲ့သည့် ဇူလိုင်လအတွင်းက ထုတ်ပြန်ထားခဲ့သည့် Forbes ၏ စစ်တမ်းတွင် ရီးယဲလ် မက်ဒရစ်အသင်းက ဒေါ်လာ ၃ ဒသမ ၂၆ ဘီလျံဖြင့် ထိပ်ဆုံးတွင် ရှိနေခဲ့ပြီး ယခုအခါ NFL ၏ နှစ်ချုပ်ငွေစာရင်းရှင်းတမ်း ထွက်လာ ပြီးနောက် ယခင် ဒုတိယနေရာတွင် ရှိခဲ့သည့် ဒါးလက်ကောင်းဘွိုင်စ်အသင်းမှာ ဒေါ်လာ ၃ ဒသမ ၂ ဘီလျံမှ ၄ ဘီ လျံအထိ တန်ဖိုးမြင့် တက်လာခဲ့ကြောင်း သိရသည်။ ဒါးလက် အသင်းသည် Super Bowl(NFL ဗိုလ်လုပွဲ) ပွဲစဉ်တွင် ၁၉၉၅ နောက်ပိုင်းကတည်းက ယှဉ်ပြိုင်ခွင့်မရရှိခဲ့သော်လည်း NFL ပြိုင်ပွဲ၏ တန်ဖိုးအရှိဆုံး အသင်းအဖြစ် ကိုးနှစ်ဆက် ရပ်တည်နိုင်ခဲ့ခြင်းဖြစ်သည်။ ၃၂ သင်းယှဉ် ပြိုင်သည့် NFL ပြိုင်ပွဲတွင် ရုပ်သံစာချုပ်များကြောင့် ကလပ်အသင်းများ အနေဖြင့် တန်ဖိုးမြင့်တက်လာခဲ့ခြင်းဖြစ်ပြီး ယမန်နှစ် နှစ်ချုပ် ဝင်ငွေပမာဏထက် ၃၈ ရာခိုင်နှုန်း ပိုမိုရရှိခဲ့ကြောင်း သိရသည်။
ဒါးလက်ကောင်းဘွိုင်စ်၊ ရီးယဲလ်မက်ဒရစ်အသင်းများ၏ နောက် ထိပ်ဆုံး ၁၀သင်း စာရင်းတွင် နယူးအင်္ဂလန်ပတ်ထရွိုက်စ် (NFL ၊ ဒေါ်လာ ၃ ဒသမ ၂ ဘီလျံ)၊ နယူးယောက်ယန်းကီးစ်(ဘေ့စ်ဘော၊ ဒေါ်လာ ၃ ဒသမ ၂ဘီလျံ)၊ ဘာစီလိုနာ(ဘောလုံး၊ ဒေါ် လာ ၃ ဒသမ ၁၆ဘီလျံ)၊ မန်ယူ(ဘောလုံး၊ ဒေါ်လာ ၃ ဒသမ ၁ဘီလျံ)၊ ဝါရှင်တန် ရက်စကင်စ် (NFL ၊ ၂ ဒသမ ၈၅ဘီလျံ)၊ နယူးယောက် ဂျိုင်းနန့်စ်(NFL ၊ ၂ ဒသမ ၈ဘီလျံ)၊ ဆန်ဖရန်စစ္စကို 49 ers(NFL ၊ ၂ ဒသမ ၇ဘီလျံ)၊ LA Lakers(NBA၊ ဒေါ်လာ ၂ ဒသမ ၆ ဘီလျံ)တို့ အစဉ်လိုက် ရပ်တည်ခဲ့ကြသည်။
ကမ္ဘာ့တန်ဖိုးအရှိဆုံး အားကစားအသင်းအဖြစ် ရီးယဲလ်မက်ဒရစ်ကို ကျော်ဖြတ်ပြီး အမေရိကန် ရပ်ဘီကလပ် ဒါးလက်ကောင်းဘွိုင်စ် ရပ်တည်