၂၀၁၆ ရီယိုအိုလံပစ်ပြိုင်ပွဲ အမျိုးသမီး ဘောလုံး အာရှဇုန် ဒုတိယအဆင့်ခြေစစ်ပွဲ ပထမနေ့ ပွဲစဉ်များကို စက်တင်ဘာ ၁၄ ရက် က မန္တလေးမြို့ရှိ မန္တလာသီရိကွင်း၌ စတင် ယှဉ်ပြိုင်ကစားရာ မြန်မာအသင်း အနိုင်ရပြီး ဗီယက်နမ်အသင်းမှာ မထင်မှတ်ဘဲ ရှုံးပွဲတွေ့ခဲ့ကြောင်း သိရသည်။ပထမပွဲစဉ်တွင် တရုတ်(တိုင်ပေ) နှင့် ဗီယက်နမ် အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ပြီး တရုတ် (တိုင်ပေ) အသင်းက ဗီယက်နမ် အသင်းကို (၁-ဝ) ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။ အာဆီယံထိပ်သီး ဗီယက်နမ် အသင်းမှာ အဆုံးသတ် အားနည်းမှုကြောင့် မထင်မှတ်ဘဲ ရှုံးပွဲကြုံတွေ့ခဲ့ခြင်း ဖြစ်သည်။ဒုတိယပွဲစဉ်အဖြစ် အိမ်ရှင် မြန်မာနှင့် ဂျော်ဒန်အသင်းတို့ ညနေ ၆ နာရီခွဲတွင် ဆက်လက်ယှဉ်ပြိုင် ကစားခဲ့သည်။ မြန်မာအသင်းတွင် စန်းစန်းမော်၊ ရီရီဦး၊ မေသူကျော်၊ ခင်မိုးဝေ၊ ခင်သန်းေ၀ စသည့် အမာခံကစားသမားများ ပွဲထွက်စာရင်း၌ ပါဝင်ခဲ့ပြီး ဂျော်ဒန်အသင်းကို ရင်ဆိုင်ခဲ့သည်။ ပထမပိုင်းအပြီးတွင် မြန်မာအသင်းက ပွဲချိန် ၁၇ မိနစ်၌ တိုက်စစ်မှူး ခင်မိုးေ၀ သွင်းယူသောဂိုးဖြင့် ဦးဆောင် ကစားနိုင်ခဲ့ကြောင်း သိရသည်။မြန်မာအသင်းသည် ဒုတိယပိုင်းတွင်လည်း ဂျော်ဒန်အသင်းကို ဖိအားပေး ကစားနိုင်ခဲ့ပြီး ပွဲချိန် ၇၁ မိနစ်တွင် နောက်ခံလူ ဝေေ၀အောင်က မြန်မာအသင်းအတွက် ဂိုးထပ်မံ သွင်းယူပေးခဲ့သဖြင့် (၂-ဝ) ဂိုးဖြင့် အနိုင်ရခဲ့ခြင်း ဖြစ်သည်။ပွဲပြီးရလဒ်များမြန်မာ ၂-၀ ဂျော်ဒန်တရုတ်(တိုင်ပေ) ၁-၀ ဗီယက်နမ်
အိုလံပစ် အမျိုးသမီးခြေစစ်ပွဲ အဖွင့်ပွဲတွင် မြန်မာအသင်း အနိုင်ရပြီး ဗီယက်နမ်အသင်း မထင်မှတ်ဘဲ ရှုံးပွဲကြုံတွေ့