ဗြိတိန်နိုင်ငံ အခြေစိုက် BG စွမ်းအင် ကုမ္ပဏီက မြန်မာ-ဘင်္ဂလား ပင်လယ်အော် လုပ်ကွက်ဖြစ်သည့် ရခိုင်ကမ်းလွန်တွင် ရေနံစူးစမ်း ရှာဖွေမည့် A-04 နှင့် AD-02 လုပ် ကွက်များတွင် ရေနံ ရှာဖွေမှုကြောင့် ဖြစ်ပေါ်လာနိုင်သည့် ထိခိုက်မှုများကို လက်ခံနိုင်ဖွယ်ရာ ဆောင်ရွက်ပေးရန် မျှော်လင့်ကြောင်း အဆိုပါ လုပ်ကွက်များအတွက် ပတ်ဝန်းကျင်နှင့် လူမှုအကျိုးသက်ရောက်မှု ဆိုင်ရာ လေ့လာဆန်းစစ်ပေးသည့် ဟောင်ကောင် အခြေစိုက် Enviromental Res-ources Management က ထုတ်ပြန်သည့် A-04 နှင့် AD-02 ကမ်းလွန် လုပ်ကွက်ဆိုင်ရာ အစီရင်ခံစာ နှစ်စောင်အရ သိရသည်။မြန်မာနိုင်ငံ အနောက်ပိုင်း ရခိုင်ပြည်နယ်သည် ခရိုင် လေးခု၊ မြို့နယ် ၁၇ ခုဖြင့် ဖွဲ့စည်းထားပြီး ရှင်သန် နေထိုင်ရေးအတွက် အဓိက လုပ်ငန်းများမှာ စိုက်ပျိုးရေး၊ ငါးဖမ်းလုပ်ငန်းနှင့် ရောင်းရန်၊ စားရန်မွေးသော အိမ်မွေး တိရစ္ဆာန် လုပ်ငန်းများ လုပ်ကိုင်ကြပြီး လူဦးရေ၏ ရာခိုင်နှုန်း ၅၀ ကျော်သည် စိုက်ပျိုးရေးလုပ်ငန်း၊ ၁၃ ရာခိုင်နှုန်းသည် ငါးဖမ်းလုပ်ငန်းနှင့် ၁၀ ရာခိုင်နှုန်းသည် မွေးမြူရေး လုပ်ငန်းများ လုပ်ကိုင်ကြပြီး ငါးဖမ်းခြင်းနှင့် ဆက်စပ်သော လုပ်ငန်းများသည် ထိခိုက်စေနိုင်သော အဓိက လူမှုဆိုင်ရာ လုပ်ငန်းများ ဖြစ်ကြောင်း A-04 ၊ AD-02 လုပ်ကွက်ဆိုင်ရာ ပတ်ဝန်းကျင်နှင့် လူမှု အကျိုးသက်ရောက်မှုဆိုင်ရာ လေ့လာ ဆန်းစစ်ချက်အရ သိရသည်။အဆိုပါ အချက်များအပြင် လေသေနတ် ပစ်ဖောက်ခြင်းကြောင့် ရေအောက်ဝန်းကျင်တွင် အသံမြင့်လာနိုင်ခြင်းနှင့် အဆင့်ဆင့် ဖြစ်ပေါ်လာသော အသံဖိအား အခြေအနေများကြောင့် ပင်လယ် နို့တိုက်သတ္တဝါများ၊ ပင်လယ်လိပ်၊ ငါးနှင့် ရေငုပ်သမားများ စသည့် အားနည်းသူများတွင် အကျိုးသက်ရောက်မှု ရှိနိုင်သည်။ထို့ပြင် ဓာတုပစ္စည်းများ သို့မဟုတ် လောင်စာများ မတော်တဆ ဖိတ်စဉ်ခြင်း ဥပမာ-ကမ်းဝေးတွင် ဆီဖြည့်တင်းခြင်းကြောင့် ဖြစ်ပေါ်လာနိုင်သော ရေထုညစ်ညမ်းမှု၊ ဇီဝမျိုးကွဲများနှင့် ငါးဖမ်းခြင်း တို့အတွက် ရေထုညစ်ညမ်းမှုနှင့် သက်ဆိုင်သာ အဓိက မဟုတ်သည့် သက်ရောက်မှုများ၊ အန္တရာယ်ရှိသော ဖြစ်နိုင်ခြေ ဖြစ်သည့် ဆိုက်စမစ် လေ့လာသော အသံဖမ်းစက်များ တပ်ဆင်ထားသည့် လိုင်းတန်းများနှင့်ပင်လယ်လိပ်များ ငြိခြင်း၊ ငါးဖမ်း လုပ်ငန်းများအတွက် ကာလတို အနှောင့်အယှက် ဖြစ်နိုင်ခြင်း၊ ပင်လယ်တွင်း အခြားအသုံးပြုသူများနှင့် ငါးဖမ်းသင်္ဘောများ တိုက်မိခြင်း၊ ဆိုက်စမစ် အသံဖမ်းစက် တပ်ထားသော လိုင်းတန်းများနှင့် ငါးဖမ်းကိရိယာများ ငြိခြင်း စသည့်ဖြစ်ရပ်များ ဖြစ်ပေါ်နိုင်မည် ဖြစ်ကြောင်း A-04၊ AD-02 လုပ်ကွက်ဆိုင်ရာ ပတ်ဝန်းကျင်နှင့် လူမှု အကျိုးသက်ရောက်မှုဆိုင်ရာ လေ့လာဆန်းစစ်ချက်အရ သိရသည်။အဆိုပါ ထိခိုက်မှုများကို ကျော်လွှားနိုင်ရန် ရေပေါ်တွင် ပေါ်နေသည့် ငလျင်စူးစမ်းပစ္စည်း အမြီးပေါ်တွင် ပင်လယ်လိပ် စောင့်ကြည့်ပစ္စည်း တပ်ဆင်၍ ငလျင်တိုင်းတာ ပစ္စည်းထဲသို့ ပင်လယ်လိပ်များ ဖမ်းမိနေခြင်းကို လျှော့ချနိုင်ခြင်း၊ အနိမ့်ဆုံး အသံဖြစ်နိုင်သော သင့်တော်သည့် လေသေနတ် အမျိုးအစားကို ရွေးချယ်ရန်၊ အများ လက်ခံထားသည့် လုပ်ငန်းနှင့် ပတ်သက်သည့် လမ်းစဉ်များကို အကောင်အထည် ဖော်ရန် ဥပမာအားဖြင့် ကမ်းဝေးတွင် လောင်စာဆီ ဖြည့်တင်းသော အစီအစဉ် အပါအဝင် အရေးပေါ် အခြေအနေများအတွက် အစီအစဉ်များကို ပြင်ဆင်၍ အကောင်အထည် ဖော်ဆောင်ထားရန် လိုအပ်မည်ဖြစ်ပြီး ဥပမာအားဖြင့် ရေယာဉ်ပေါ်တွင် တွေ့ကြုံရသော ဆီညစ်ညမ်းမှု အရေးပေါ် အခြေအနေ၊ Seismic ရေယာဉ်နှင့် စက်ပစ္စည်း အနီးတွင် အလွယ်တကူ ရွှေပြောင်းနိုင်သော ရေကြောင်းဆိုင်ရာ လုံခြုံစိတ်ချမှုဇုန် အကောင်အထည်ဖော်ခြင်း၊ အခြား ပင်လယ်ရေကြောင်း အသုံးပြုသူများ၊ ငါးဖမ်းသမားများနှင့် အဆက်အသွယ် ပြုရန် သင့်တော်သည့် အရေအတွက်ရှိသော နောက်လိုက် သင်္ဘောများ အသုံးပြုခြင်း စသည့် အချက်များအား လုပ်ဆောင်ခြင်းဖြင့် ထိခိုက်မှုများ လျှော့ချနိုင်မည် ဖြစ်ကြောင်း A-04 နှင့် AD-02 လုပ်ကွက်ဆိုင်ရာ အစီရင်ခံစာ နှစ်စောင်တွင် ဖော်ပြထားသည်။အကြံပြုထားသော ထိခိုက်မှု လျှော့ချရေး နည်းလမ်းများကို ကောင်းစွာ အကောင်အထည်ဖော် ဆောင်ရွက်ပါက လုပ်ကွက် နှစ်ခုအတွင်း ရှာဖွေလေ့လာရေး အစီအစဉ်များ ဆောင်ရွက်ခြင်းကြောင့် ဖြစ်လာနိုင်သည့် သဘာ၀ ဝန်းကျင်နှင့် လူမှုဆိုင်ရာ ထိခိုက်မှုများကို BG အုပ်စုမှ ပညာရှင်ဆန်စွာနှင့် လက်ခံနိုင်ဖွယ်ရာ ဆောင်ရွက်ပေးနိုင်မည်ဟု မျှော်လင့်ကြောင်းနှင့် ကနဦး ပတ်ဝန်းကျင် ဆန်းစစ်ခြင်းတွင် စီမံကိန်းကြောင့်ပတ်ဝန်းကျင်နှင့် လူများအပေါ်သို့ ထိခိုက်မှု ကြီးမားစွာ မရှိနိုင်ကြောင်း တွေ့ရှိရသည်ဟု A-04 နှင့် AD-02 လုပ်ကွက်ဆိုင်ရာ အစီရင်ခံစာ နှစ်စောင်တွင် ဖော်ပြထားသည်။
ဗြိတိန်အခြေစိုက် BG စွမ်းအင် ကုမ္ပဏီက ရခိုင်ကမ်းလွန်၌ ရေနံစူးစမ်းရှာဖွေမည့် A-04 နှင့် AD-02 လုပ်ကွက်များတွင် ဖြစ်ပေါ်လာနိုင်သည့် ထိခိုက်မှုများကို လက်ခံနိုင်ဖွယ်ရာ ဆောင်ရွက်ပေးရန် မျှော်လင့်ကြောင်း ERM အစီရင်ခံစာတွင် ဖော်ပြ










