အင်္ဂလန်အမှတ်ပေးပြိုင်ပွဲမှာ အောင်မြင်မှုအမြင့်မားဆုံးနှစ်သင်းဖြစ်တဲ့ မန်ယူနဲ့ လီဗာပူးလ်တို့ရဲ့ အင်္ဂလန်ဒါဘီက ပြိုင်ဆိုင်မှု ပြင်းထန်လေ့ရှိပါတယ်။ ပရီးမီးယားလိဂ် သမိုင်းတစ်လျှောက် အင်္ဂလန်ဒါဘီပွဲစဉ်တွေမှာ အနီကတ် ၁၆ ကတ်အထိဖြစ်ပေါ်ခဲ့ပြီး မာဆေးဆိုက်ဒ်ဒါဘီ(၂၀ ကတ်)ရဲ့နောက်မှာ အနီကတ်အများဆုံးပွဲစဉ်အဖြစ် ရပ်တည်နေပါတယ်။ ဒီပွဲကိုကိုင်တွယ်မယ့် အသက် ၃၀ အရွယ် လူငယ်ကွင်းလယ်ဒိုင် မိုက်ကယ်အိုလီဗာကလည်း ဒီရာသီမှာ ၄ ပွဲကိုင်တွယ်ပြီး အဝါကတ် ၂၀၊ အနီကတ် ၃ ကတ်အသုံးပြုကာ ကတ်သုံးအများဆုံးဒိုင်ဖြစ်နေတာကြောင့် စိုးရိမ်စရာဖြစ်နေပါတယ်။
အဲဗာတန် နှင့် ချယ်လ်ဆီး
(၁၂-၉-၂၀ စနေ ည ၆း၁၅)
ယမန်နှစ်ရလဒ် အဲဗာတန် ၃-၆ ချယ်လ်ဆီး
အဲဗာတန်က အိမ်ကွင်းနောက်ဆုံးခုနစ်ပွဲမှာ ချယ်လ်ဆီးကို လေးပွဲအထိနိုင်ပြီး နှစ်ပွဲပဲ ရှုံးခဲ့တယ်။ လက်ရှိ ချယ်လ်ဆီးခံစစ် စိတ်မချရပုံနဲ့တော့ ဂူဒီဆင်ပက်ခ်မှာ အဲဗာတန်ကို ပဲရွေးချယ်ထားရမယ်။
နောဝစ်ချ် နှင့် ဘုန်းမောက်
(၁၂-၉-၂၀၁၅ စနေ ည ၈း၃၀)
ယမန်နှစ်ရလဒ် နောဝစ်ချ် ၁-၁ ဘုန်းမောက်
ဘုန်းမောက်က ပရီးမီးယားလိဂ်အတွေ့ အကြုံမရှိပေမယ့် အဝင်အထွက်ရဲရဲနဲ့ ကစားပြီး တိုးတက်လာတယ်။ နောဝစ်ချ်ကတော့ ခြေအတက်အကျများပါတယ်။ ဘုန်းမောက် အဝေးကွင်းမှာ သရေရနိုင်ပါတယ်။
ခရစ္စတယ်ပဲလေ့စ် နှင့် မန်စီးတီး
(၁၂-၉-၁၅ စနေ ည ၈း၃၀)
ယမန်နှစ်ရလဒ် ပဲလေ့စ် ၂-၁ မန်စီးတီး
လေးပွဲဆက် ပေးဂိုးမရှိ၊ ရာနှုန်းပြည့်နိုင်ခဲ့တဲ့ မန်စီးတီးက ရပ်တန့်ရခက်တဲ့ ခြေစွမ်း မျိုးရနေတယ်။ ဒါပေမဲ့ ချယ်လ်ဆီးကို အနိုင်ကစားခဲ့တဲ့ ပဲလေ့စ်ကိုလည်း လျှော့တွက်လို့ မရဘူး။ ပဲလေ့စ် တစ်မှတ်မျှော်လင့်လို့ရတယ်။
ဝက်စ်ဘရွန်း နှင့် ဆောက်သမ်တန်
(၁၂-၉-၂၀၁၅ စနေ ည ၈း၃၀)
ယမန်နှစ်ရလဒ် ဝက်စ်ဘရွန်း ၁-၀ ဆောက်သမ်တန်
ဝက်စ်ဘရွန်းက အလယ်အလတ ်အသင်းချင်းတွေ့ရင် ခံစစ်က ပုံစံကောင်းရတတ်ပါတယ်။ ဆောက်သမ်တန်တိုက်စစ်ကလည်း ပုံမှန်ဂိုးသွင်းခြေမရှိလို့ ဂိုးနည်းတဲ့ သရေပွဲ ဖြစ်သွားနိုင်ပါတယ်။
အာဆင်နယ် နှင့် စတုတ်စီးတီး
(၁၂-၉-၂၀၁၅ စနေ ည ၈း၃၀)
ယမန်နှစ်ရလဒ် အာဆင်နယ် ၃-၀ စတုတ်စီးတီး
အာဆင်နယ်က ပရီးမီးယားလိဂ် အိမ်ကွင်းပွဲတွေမှာ စတုတ်စီးတီးနဲ့ ခုနစ်ပွဲကစား၊ ရာနှုန်းပြည့်နိုင်ခဲ့ပါတယ်။ လက်ရှိအချိန်မှာ အာဆင်နယ်တိုက်စစ်က ဂိုးရဖို့ရုန်းကန်နေရပေမယ့် စတုတ်စီးတီးခံစစ်က ပွဲတိုင်းဂိုးပေးနေရတာပါ။ အာဆင်နယ် အနိုင်ပါ။
ဝက်ဖို့ဒ် နှင့် ဆွမ်ဆီး
(၁၂-၉-၂၀၁၅ စနေ ည ၈း၃၀)
နောက်ဆုံးတွေ့ဆုံမှု ဝက်ဖို့ဒ် ၂-၃ ဆွမ်ဆီး
ဝက်ဖို့ဒ်ကစားပုံမညံ့ပေမယ့် အနိုင်ရလောက်အောင်လည်း မကောင်းဘူးဖြစ်နေတယ်။ ဆွမ်ဆီးကတော့ ဂိုမစ်၊ အာယူးတို့အားနဲ့ မန်ယူလိုအသင်းကိုတောင် အနိုင်ကစားပြခဲ့ပါတယ်။ ဝက်ဖို့ဒ် သရေခံကစားနိုင်ပေမယ့် အနိုင်ဆိုရင် ဆွမ်ဆီးပါ။
မန်ယူ နှင့် လီဗာပူးလ်
(၁၂-၉-၁၅ စနေ ည ၁၁း၀၀)
ယမန်နှစ်ရလဒ် မန်ယူ ၃-၀ လီဗာပူးလ်
အင်္ဂလန်ဒါဘီဆိုပေမယ့် အိုးလ်ထရက်ဖို့ဒ်မှာတော့ လီဗာပူးလ်က မန်ယူအတွက် ပြိုင်ဘက်ကောင်း မဟုတ်ပါဘူး။ ပြိုင်ပွဲစုံ အိမ်ကွင်းနောက်ဆုံး ရှစ်ပွဲမှာ မန်ယူ ခုနစ်ပွဲအထိ အနိုင်ရခဲ့ပါတယ်။ လီဗာပူးလ်အသင်းမှာ အားထားရတဲ့ ကော်တင်ဟိုလည်း ပွဲပယ်ခံထားရတယ်။ မန်ယူတိုက်စစ်က ဂိုးရဖို့ခက်နေပေမယ့် ကပ်နိုင်သွားဖို့များပါတယ်။
ဆန်းဒါးလန်း နှင့် စပါး
(၁၃-၉-၁၅ တနင်္ဂနွေ ည ရး၀၀)
ယမန်နှစ်ရလဒ် ဆန်းဒါးလန်း ၂-၂ စပါး
နှစ်သင်းစလုံး ဒီရာသီ နိုင်ပွဲမရသေးပါဘူး။ နောက်ပိုင်းနှစ်တွေမှာ ဆန်းဒါးလန်းက စပါးနဲ့တွေ့ရင် အမြဲရုန်းကန်ရပြီး ပရီးမီးယားလိဂ်နောက်ဆုံး ၁၀ ပွဲဆက် ဆန်းဒါးလန်းနိုင်ပွဲမရှိခဲ့ပါဘူး။ ဖိအားများနေတဲ့ စပါး ပုံမှန်ထက်အားထုတ်ပြီး နိုင်ပွဲယူသွားလိမ့်မယ်။
လက်စတာ နှင့် အက်စတွန်ဗီလာ
(၁၃-၉-၁၅ တနင်္ဂနွေ ည ၉း၃၀)
နောက်ဆုံးရလဒ် လက်စတာ ၁-၀ ဗီလာ
လက်စတာက ခံစစ်အားနည်းမှုကိုမပြင်နိုင်ရင် ပြန်ကျဆင်းသွားဖို့ရှိတယ်။ တိုက်စစ်က မာရက်ဇ်၊ ဗာဒီတို့ ကစားပုံကောင်းပေမယ့် ခံစစ်က ပွဲတိုင်းဂိုးပေးနေရတယ်။ တိုက်စစ်တက်လာတဲ့ ဗီလာ သရေရနိုင်ပါတယ်။
ဝက်စ်ဟမ်း နှင့် နယူးကာဆယ်
(၁၅-၉-၁၅ အင်္ဂါ နံနက် ၁း၃၀)
ယမန်နှစ်ရလဒ် ဝက်စ်ဟမ်း ၁-၀ နယူးကာဆယ်
ဝက်စ်ဟမ်းခြေစွမ်းက တွက်ရခက်ပါတယ်။ အာဆင်နယ်၊ လီဗာပူးလ်တို့ကို ဂိုးပြတ်နိုင်ပြီး လက်စတာ၊ ဘုန်းမောက်တို့ကို ရှုံးခဲ့တယ်။ ဒါပေမဲ့ နိုင်ပွဲမရသေးသလို၊ နောက်ဆုံးသုံးပွဲဆက် ဂိုးပေါက်ပျောက်နေတဲ့ နယူးကာဆယ်ကြောင့် ဝက်စ်ဟမ်းကိုပဲရွေးရမယ်။
အင်္ဂလန်ဒါဘီကို ဒီရာသီရဲ့ ကတ်သုံးအများဆုံးကွင်းလယ်ဒိုင် မိုက်ကယ်အိုလီဗာ ကိုင်တွယ်မယ့် ရက်သတ္တပတ်