လမ်းဘယ်မမြင်သော လူငယ်များ

လမ်းဘယ်မမြင်သော လူငယ်များ
Published 10 September 2015
မြတ်သစ်

နေ့စဉ်နှင့်အမျှ ရာပေါင်းများစွာသော ဒုက္ခသည်များ မြစ်ပြင်ကို ဖြတ်ကူးလျက်ရှိသည်။ ဒုက္ခသည်တွေက ဆီးရီးယားမှ ဖြစ်ကြသည်။ ခါးသီးသော ရန်ဘက်နိုင်ငံ အီသီယိုးပီးယားသို့ အသက်စွန့်ပြီး ဝင်လာနေကြခြင်း ဖြစ်သည်။
တကယ်တော့ အီရစ်ထရီးယားသည် စစ်ဘေးဒဏ်သင့်နေသော ဇုန်မဟုတ်။ အာဖရိက၏ ဦးချိုနိုင်ငံများဖြစ်ကြသည့် ဆိုမာလီယာ၊ အီသီယိုးပီးယား၊ အီရစ်ထရီးယား၊ ဒီဂျီအိုတီနှင့် ဆိုမာလီယာတို့သည် ပြည်တွင်းမငြိမ်သက်မှုများနှင့် ရင်ဆိုင်နေကြရသည်။ အီရစ်ထရီးယားသည် ဆိုမာလီယာနိုင်ငံကဲ့သို့ အခြေအနေဆိုးရွားနေခြင်းမရှိ။ သို့သော် အာဖရိက ဦးချိုဟုခေါ်သည့်နိုင်ငံမှ ဒုက္ခသည်များသည် အင်မတန်ကြမ်းတမ်းသောခရီးကို ဖြတ်သန်းပြီး ဥရောပတိုက်သို့ ဦးတည်နေကြသည်။ ဆီးရီးယားနှင့် အာဖဂန်နစ္စတန်နိုင်ငံများနည်းတူ အာဖရိကမှ ဒုက္ခသည်တွေသည် လူမှောင်ခိုကူးသမား၏ လူမဆန်စွာနှိပ်စက်မှုတွေကို ခံရင်းနှင့်ပင် သေမင်းတမန် ပင်လယ်ရေပြင်ကို ဖြတ်ကျော်လျက်ရှိကြသည်။
ဒုက္ခသည်တွေသည် အာဏာရှင်အုပ်စိုးမှုကို မခံရပ်နိုင်သဖြင့် အသက်ကိုပင်မငဲ့ကွက်ပဲ ထွက်ပြေးလာကြခြင်းဖြစ်သည်။ ပင်လယ်ကို အသက်မသေဘဲ ဖြတ်ကျော်နိုင်ခဲ့ပေမယ့် ဤနေရာတွင် သူတို့၏ခရီးစဉ်က မဆုံးသေး။ သူတို့တစ်တွေ ဘဝအမောကို မဖြေနိုင်ကြသေး။ အန္တရာယ်ခရီးကြမ်းကိုတော့ ကျော်လွန်နိုင်ခဲ့ပြီ။ သူတို့ထပ်မံကြုံတွေရဦးမည့် အန္တရာယ်ကတော့ လူသားတစ်ယောက်အနေဖြင့် မဖြစ်မနေရရှိမည့် လွတ်လပ်ခွင့်၊ ပိုမိုကောင်းမွန်သော ဘဝတစ်ခု ပိုင်ဆိုင်ခွင့်ဖြစ်သည်။
တစ်နေ့လျှင် လူ ၁၀၀ ခန့်သည် အီရစ်ထရီးယားနှင့် အီသီယိုးပီးယားကို မျဉ်းသားထားသကဲ့သို့ရှိသော မြစ်ပြင်ကို ဖြတ်ကျော်လျက်ရှိ၏။ မြစ်ပြင်ကိုဖြတ်ကျော်ပြီး အီသီယိုးပီးယားသို့ ဝင်ရောက်လာသူဦးရေသည် ယမန်နှစ်ကထက် များလာကြောင်း အီသီယိုးပီးယား ဒုက္ခသည်များကူညီရေးအဖွဲ့မှ ဆာလေထက် ကလီမာရီယမ်က ပြောကြားသည်။
ယခုနှစ်မှာ လူပိုများလာကြောင်း၊ တစ်နေ့ လူ ၂၀၀ မှ ၃၀၀ ထိရှိလာကြောင်း၊ မိုးရာသီကာလဖြစ်သည့်တိုင် မြစ်ကိုဖြတ်ကူးနေမှု များနေကြောင်းနှင့် အီရစ်ထရီးယား နိုင်ငံအရပ် ဒေသအသီးသီးမှလူများ ပါဝင်ကြောင်းဖြင့် ဆာလေက ပြောကြားသည်။
ကုလသမဂ္ဂဒုက္ခသည်များကယ်ဆယ်ရေးအဖွဲ့က အီရစ်ထရီးယားအစိုးရ၏ လူ့အခွင့်အရေးချိုးဖောက်မှုများကို ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့သည်။ ကုလသမဂ္ဂက ဇွန်လတွင် ထုတ်ပြန်ထားသည့် အစီရင်ခံစာတွင် အီရစ်ထရီးယားအစိုးရသည် အတိုက်အခံများကို ဖမ်းဆီးထောင်ချခြင်း၊ နှိပ်စက်ညှဉ်းပမ်းခြင်းနှင့် သတ်ဖြတ်ခြင်းများကို စနစ်တကျလုပ်ဆောင်နေကြောင်း ဖော်ပြထားသည်။
၂၀၁၄ ခုနှစ်က ကုလသမဂ္ဂ လက်အောက်ခံအဖွဲ့အစည်းဖြစ်သော ဒုက္ခသည်များကယ်ဆယ်ရေးအဖွဲ့မှ မှတ်ပုံတင်ထားသည့် စာရင်းများအရ အီသီယိုးပီးယားနိုင်ငံသို့ ထွက်ပြေးလာသည့် ဆီးရီးယားနိုင်ငံသားပေါင်း ၃၃,၀၀၀ ရှိနေသည်။ ဤကိန်းဂဏန်းသည် ရပ်တန့်မနေဘဲ ထပ်မံတိုးမြင့်မည့် အနေအထားတွင် ရှိနေသည်။
ဒုက္ခသည်စခန်းတွင် အီသီယိုးပီးယားနိုင်ငံမှ လူငယ်လူရွယ် ၄၀၀ ခန့်ရောက် ရှိနေကြသည်။ အီသီယိုးပီးယားအစိုးရက ဒုက္ခသည်များကို တစ်နေ့ ထမင်းသုံးနပ်ကျွေးသည်။ ထောက်ပံ့ငွေလည်း ပေးထားသည်။
အီရစ်ထရီးယားဘက်ခြမ်းတွင် နိုင်ငံမှ ထွက်ပြေးရန် ကြိုးပမ်းသူတွေကတော့ ညအမှောင်ထုကို စောင့်မျှော်နေကြသည်။ အသက် ၂၀ အရွယ်ရှိ တက်ဖူသည် ထွက်ပြေးဖို့ ကြံစည်နေသည်မှာ တစ်ပတ်ခန့်ကတည်းကဖြစ်၏။ ၁၉၈၈ ခုနှစ်မှ ၂၀၀၀ ပြည့်နှစ်အထိ အီရစ်ထရီးယားနှင့် အီသီယိုးပီးယား နှစ်နိုင်ငံ ၁၂ နှစ် ကြာ နယ်စပ်စစ်ပွဲဖြစ်ပွားခဲ့သည်။ စစ်ဒဏ်ကြောင့် အီရစ်ထရီးယားနိုင်ငံသည် ထိခိုက်မှု တွေများစွာ ဖြစ်ပေါ်ခဲ့သည်။
ယနေ့အချိန်မှာတော့ အီရစ်ထရီးယား လူငယ်လူရွယ်တစ်ဦးဖြစ်သော တက်ဖူသည် အီသီယိုးပီးယားဘက်ခြမ်းသို့ ထွက်ပြေးခဲ့၏။ သူ အီသီယိုးပီးယားဘက် ကမ်းရောက်ရှိသည် နှင့် လုပ်စရာတွေဆက်လုပ်ရပေဦးမည်။ အီသီယိုးပီးယားသည် ခရီးတစ်ထောက်နားသည့် အရပ်ဖြစ်၏။ သူ့အနေဖြင့် ဂျာမနီနိုင်ငံသို့ ခရီးဆက်ဖို့ စိတ်ကူးထားသည်။ ဂျာမနီမှာ သူ့အစ်ကိုဝမ်းကွဲရှိနေမည်ဟု ယုံကြည်ထားသည်။ တကယ်တမ်းကျတော့ သူ့အစ်ကိုဝမ်းကွဲထံမှ ဘာသတင်းမှမရ။ ဂျာမနီသွားရေး အဆင်မပြေလျှင် အစ္စရေးနိုင်ငံရှိ ဆွေမျိုးသားခြင်းများထံသွားဖို့ တက်ဖူးက စိတ်ကူးထား၏။
“ဒီနှစ် အီရစ်ထရီးယားမှာ မိုးခေါင်တယ်။ ဒီတော့ လယ်မထွန်နိုင်ဖူး။ မိုးကောင်းရင်တောင်မှ အီရစ်ထရီးယားမှာ မနေချင်ဘူး။ ငြိမ်းချမ်းမှုလုံးဝမရှိဘူး။ စိတ်ငြိမ်းချမ်းမှု ဘယ်လိုမှမရှိဘူး” ဟု တက်ဖူးကရင်ဖွင့်သည်။
၁၉၉၁ ခုနှစ်က အီသီယိုးပီးယားမှ ခွဲထွက်ခဲ့သော အီရစ်ထရီးယားသည် နှစ်ပေါင်း ၃၀ နီးပါးမျှ လွတ်လပ်ရေးတိုက်ပွဲ ဆင်နွှဲခဲ့ကြရသည်။ အီရစ်ထရီးယားအစိုးရက နိုင်ငံသားများကို စစ်မှုမထမ်းမနေရပြဋ္ဌာန်းမှုကြောင့် တစ်လလျှင် ယောက်ျား ၅၀၀၀ ခန့် ထွက်ပြေးနေကြသည်။
အီသီယိုးပီးယားဘက် ကမ်းရောက်နေသော တက်ဖူကတော့ လုံခြုံမှုရသွားပေမယ့် စိန်ခေါ်မှုများစွာနှင့် ရင်ဆိုင်ရဦးမည်လို့ တွက်ဆပြီးသား။ သူ ဆက်လက်လုပ်ဆောင်ရမည့် အလုပ်က ဆူဒန်နိုင်ငံသို့ ထွက်ခွာရေးဖြစ်သည်။
တက်ဖူးနည်းတူ မည်သည့်ဒေသတွင် ရှိနေမှန်းမသိရသော ဆွေမျိုးသားချင်းများကို ဆက်သွယ်နိုင်ရန် မျှော်လင့်နေကြသူတွေ ရှိနေကြသည်။  အီသီယိုးပီးယားဘက်ကမ်းမှာ သူတို့တစ်တွေ အခြေချနိုင်ကြပြီ။ လွတ်လပ်မှုမရှိသော ဟီရီတရီးယားနိုင်ငံမှ လွတ်မြောက်မှုသည် မည်သည့်လွတ်လပ်မှုနှင့်မတူကြောင်း၊ မိမိတို့ကို ကျေးကျွန်များလို အစိုးရက ဆက်ဆံကြောင်း၊ စစ်မှုမထမ်းမနေရ ဥပဒေအရ ၁၈ နှစ်ကြာ စစ်မှုထမ်းခဲ့ သူတစ်ဦးက ပြောကြားသည်။
အစိုးရကတော့ စစ်မှုထမ်းသူများကို အခွင့်အလမ်းကောင်းတွေ ရရှိစေမည်ဟု မက်လုံးပေးပေမယ့် လစာကအင်မတန်မှ နည်းသည်။ မိသားစုတစ်စုကိုပင် မထောက်ပံ့နိုင်။ အီသီယိုးပီးယားနိုင်ငံသို့ ရောက်လာကြသော ဒုက္ခသည်အချို့မှာ စစ်ဝတ်စုံနှင့်ဖြစ်သည်။
စစ်မှုထမ်းသက်တမ်းမှာ တစ်နှစ်နှင့် သုံးလဟု သတ်မှတ်ထားသော်လည်း တပ်ထဲရောက်လျှင် ဘယ်လိုမှပြန်ထွက်၍ မရတော့ကြောင်း အသက် ၂၁ နှစ်အရွယ်ရှိ ဒင်နီယယ် က ဆိုသည်။ သူက ဟီရီတရီးယားစစ်တပ်မှ ထွက်ပြေးလာသူဖြစ်သည်။ သူ့ခန္ဓာကိုယ်မှာ စစ်ဝတ်စုံ ဝတ်ထားသည်။ သူနှင့်အတူ အခြားစစ်သားသုံးဦးလည်း လိုက်ပါလာသည်။
ဒင်နီယယ်ကတော့ အမေရိကန်ပြည်ထောင်စုသွားဖို့ စိတ်ကူးထားပေမယ့် အမေရိကန်နိုင်ငံ မည်သည့်အရပ်ဒေသမှာရှိသည်ကို သူမသိ။ သူ့အိပ်မက်က အမေရိကန်ဖြစ်သည်။ လက်တွေ့မှာတော့ သူအီသီယိုးပီးယားနိုင်ငံမှာ ဖြစ်သည်။ သူ့ညီတစ်ယောက်က ဆူဒန်မှာရှိသည်။ ဆူဒန်ရှိ ညီကသူ့ကို အမေရိကန်ပြည်ထောင်စုသို့ ပိုဆောင်းပေးနိုင်လိမ့်မည်ဟု ဒင်နီယယ် ယုံကြည်ထားသည်။

Most Read

Most Recent