ချယ်လ်ဆီးနည်းပြ မော်ရင်ဟိုသည် ၂၀၁၆ ခုနှစ်အတွက် ထုတ်ဝေလိုက်သာ ဂင်းနစ်ကမ္ဘာ့စံချိန် မှတ်တမ်းစာအုပ်တွင် ၎င်း၏ နည်းပြဘဝ၌ စိုက်ထူခဲ့သည့် စံချိန်(၅)ခုဖြင့် ပါဝင်လာခဲ့ကြောင်း သိရှိရသည်။
ယင်းစံချိန်များမှာ
(၁) အိမ်ကွင်းရှုံးပွဲမရှိ မှတ်တမ်းကို အရှည်ကြာဆုံး ထိန်းသိမ်းနိုင်ခဲ့သည့် နည်းပြ (၉ နှစ်၊ ၁၅၁ ပွဲ)
(၂) ချန်ပီယံလိဂ်ဖလားကို အသင်းနှစ်သင်းအတွက် ရယူပေးနိုင်သည့်နည်းပြ (စုစုပေါင်း ၅ ဦးရှိပြီး တစ်ဦးအပါအဝင်ဖြစ်)
(၃) အသက်အငယ်ဆုံးဖြင့် ချန်ပီယံလိဂ် ပွဲ(၁၀၀) ပြည့်မြောက်ခဲ့သည့်နည်းပြ (၄၉ နှစ်၊ ၁၂ ရက်)
(၄) ပရီးမီးယားလိဂ်တွင် တစ်ရာသီအတွင်း အမှတ်အများဆုံး ရယူနိုင်ခဲ့သည့်နည်းပြ ( ၉၅ မှတ်၊ ၂၀၀၄-၀၅ ရာသီ)
(၅) ပရီးမီးယားလိဂ်တွင် အိမ်ကွင်းရှုံးပွဲမရှိ ပွဲအရေအတွက် အများဆုံးနည်းပြ (၇၇ ပွဲ) တို့ဖြစ်သည်။ ထို့ကြောင့် တစ်ဦးတည်း လွတ်လွတ်ကျွတ်ကျွတ် စံချိန်တင်နိုင်ခဲ့သည်မှာ (၄) မျိုး ရှိခဲ့ကြောင်းလည်း သိရှိရသည်။
အဆိုပါ ၂၀၁၆ ဂင်းနစ်စာအုပ်တွင် ဘောလုံးလောကမှ ကမ္ဘာ့စံချိန်မှတ်တမ်းများစွာ ပါဝင်လာခဲ့ခြင်းဖြစ်ပြီး ချယ်လ်ဆီးကစားသမားဟောင်း လမ်းပတ်မှာလည်း ပရီးမီးယားလိဂ်၌ ပြိုင်ဘက်အသင်းအများဆုံးကို ဂိုးသွင်းယူနိုင်သည့် ကစားသမားအဖြစ် (၃၉) သင်းဖြင့် ကမ္ဘာ့စံချိန်ရှင် ဖြစ်လာခဲ့သည်။ ထို့ပြင် ရီးယဲလ်တိုက်စစ်မှူး စီရော်နယ်လ်ဒိုမှာလည်း လာလီဂါတွင် ဟက်ထရစ်ဂိုး အများဆုံး သွင်းယူနိုင်သည့် ကစားသမားအဖြစ် (၂၇) ကြိမ်ဖြင့် ပါဝင်လာခဲ့ကြောင်း သိရှိရသည်။
၂၀၁၆ ခုနှစ်အတွက် ထုတ်ဝေသည့် ဂင်းနစ်ကမ္ဘာ့စံချိန် မှတ်တမ်းစာအုပ်တွင် မော်ရင်ဟို၏ စံချိန်(၅)ခု ပါဝင်လာ