၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲ အာရှဇုန် ဒုတိယအဆင့်ခြေစစ်ပွဲ အုပ်စုပွဲစဉ် (၃) အဖြစ် ကူဝိတ်အသင်းနှင့် မြန်မာအသင်းတို့ စက်တင်ဘာ ၃ ရက် (ယနေ့) မြန်မာစံတော်ချိန် ည ၁၁ နာရီခွဲတွင် ကာတာနိုင်ငံ ဒိုဟာမြို့၌ ယှဉ်ပြိုင်ကစားမည်ဖြစ်ကြောင်း သိရသည်။ ယင်းခြေစစ်ပွဲကို ကူဝိတ်နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပနိုင်ခြင်းမရှိသောကြောင့် ကြားကွင်းဖြစ်သည့် ကာတာနိုင်ငံသို့ ပြောင်းရွှေ့ကစားရခြင်းဖြစ်သည်။
မြန်မာအသင်းသည် ယင်းခြေစစ်ပွဲယှဉ်ပြိုင်ရန်အတွက် ပြီးခဲ့သည့် သြဂုတ် ၂၉ ရက် ကတည်းက ဒိုဟာမြို့တွင် လေ့ကျင့်နေခြင်းဖြစ်ပြီး ယူအေအီးလက်ရွေးစင်အသင်းနှင့် ခြေစမ်းပွဲအပြီးတွင် ယူအေအီးနိုင်ငံမှ သွားရောက်ခဲ့ခြင်းဖြစ်သည်။ မြန်မာအသင်းသည် ပြီးခဲ့သည့် သြဂုတ် ၂၄ ရက်မှ ၂၈ ရက်အထိ ယူအေအီးနိုင်ငံ အဘူဒါဘီမြို့၌ လေ့ကျင့်မှုများပြုလုပ်ခဲ့ပြီး သြဂုတ် ၂၈ ရက်တွင် ယူအေအီးလက်ရွေးစင်အသင်းနှင့် ခြေစမ်းပွဲ ယှဉ်ပြိုင်ကစားခဲ့ရာ (၁-ဝ) ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည်။ မြန်မာ့လက်ရွေးစင်အသင်းသည် ကမ္ဘာ့ဖလားခြေစစ်ပွဲတွင် နိုင်ပွဲမရရှိသေးဘဲ လာအိုအသင်းနှင့် နှစ်ဂိုးစီသရေကျကာ တောင်ကိုရီးယားအသင်းကို (၂-ဝ) ဂိုးဖြင့် ရှုံးနိမ့်ထားသည်။ ကူဝိတ်အသင်းမှာ ကမ္ဘာ့ဖလားခြေစစ်ပွဲ၌ ဒုတိယပွဲစဉ် ကစားရခြင်းဖြစ်ပြီး ပထမပွဲတွင် လက်ဘနွန်အသင်းကို အဝေးကွင်း၌ (၁-ဝ) ဂိုးဖြင့် အနိုင်ရရှိထားကြောင်း သိရသည်။
၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲ အာရှဇုန် ဒုတိယအဆင့်ခြေစစ်ပွဲ အုပ်စုပွဲစဉ် (၃) အဖြစ် ကူဝိတ်နှင့် မြန်မာအသင်းတို့ ယနေ့မြန်မာစံတော်ချိန် ည ၁၁ နာရီခွဲတွင် ယှဉ်ပြိုင်ကစားမည်