စားအုန်းဆီ တင်သွင်းသည့် ကုမ္ပဏီအချို့ ဗဟိုဘဏ်ငွေလဲနှုန်းဖြင့် ဒေါ်လာဝယ်ယူရာတွင် သတ်မှတ်လိုင်စင် ကာလထက် ကျော်လွန်သည့် လိုင်စင်များနှင့် မမှန်မကန် ဝယ်ယူမှုများ ရှိနေသည့်အတွက် အရေးယူမည်

စားအုန်းဆီ တင်သွင်းသည့် ကုမ္ပဏီအချို့ ဗဟိုဘဏ်ငွေလဲနှုန်းဖြင့် ဒေါ်လာဝယ်ယူရာတွင် သတ်မှတ်လိုင်စင် ကာလထက် ကျော်လွန်သည့် လိုင်စင်များနှင့် မမှန်မကန် ဝယ်ယူမှုများ ရှိနေသည့်အတွက် အရေးယူမည်
Published 10 August 2015
ချမ်းမြေ့သူ

စားအုန်းဆီတင်သွင်းသည့် ကုမ္ပဏီအချို့သည် ဗဟိုဘဏ်ငွေလဲနှုန်းဖြင့် ဒေါ်လာဝယ်ယူရာတွင် သတ်မှတ်လိုင်စင် ကာလထက် ကျော်လွန်သည့် ယခင်ကာလလိုင်စင်များ နှင့် မမှန်မကန်ဝယ်ယူမှုများ ရှိနေသည့်အ တွက် အရေးယူမှုပြုလုပ်မည်ဖြစ်ကြောင်း စီး ပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်က သြဂုတ် ၇ ရက်တွင်ပြုလုပ်သည့် ကုန်သွယ်မှု ဖွံ့ ဖြိုးတိုးတက်ရေးနှင့် ပြည်ထောင်စု ကုန်ဈေး နှုန်းတည်ငြိမ်ရေးကော်မတီ၏ ကုန်စည်စီး ဆင်းမှုမှန်ကန်ရေး၊ ကုန်စည်ထုတ်လုပ်မှု၊ ကုန်သွယ်မှုဖွံ့ဖြိုး တိုးတက်ရေးနှင့် စားသုံးသူအ ကာအကွယ်ပေးရေးဆိုင်ရာ အစည်းအဝေးတွင် ပြောကြားသည်။
၂၀၁၅ ခုနှစ် ဇွန်လအတွင်းက ဖြစ်ပေါ် ခဲ့သည့် ဒေါ်လာငွေလဲနှုန်းများမြင့်တက်နေ ချိန်တွင် နိုင်ငံတော်အနေဖြင့် စားအုန်းဆီ နှင့် စက်သုံးဆီတင်သွင်းသည့်ကုမ္ပဏီမျာကို ဗဟိုဘဏ်၏ သတ်မှတ်ငွေလဲနှုန်းအတိုင်း ရောင်းချပေးကာ ဈေးကွက်အတွင်း၌ ထိုက်သင့်သည့်ဈေးနှုန်းဖြင့် ပြန်လည်ဖြန့်ဖြူးရောင်း ချနိုင်ရန် ပြုလုပ်ခဲ့သော်လည်း ဆီတင်သွင်း သည့် အချို့ကုမ္ပဏီများသည် နိုင်ငံတော်က သတ်မှတ်သည့် လိုင်စင်ကာလထက်ကျော် လွန်ပြီး မသက်ဆိုင်သည့် ယခင်ကာလလိုင် စင်များနှင့်ပါ ဗဟိုဘဏ်ငွေလဲနှုန်းဖြင့် ဒေါ်လာဝယ်ယူပြီး မမှန်မကန်ဆောင်ရွက်မှုများ ရှိသည့်အတွက် သက်ဆိုင်ရာဌာနများက အရေးယူ ဆောင်ရွက်မည်ဖြစ်ကြောင်း ကုန် သွယ်မှုဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်ထောင်စု ကုန်ဈေးနှုန်း တည်ငြိမ်ရေး ကော်မတီဥက္ကဋ္ဌ၊ စီးပွား/ကူးသန်း ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်က ပြောကြားထားခြင်းဖြစ်သည်။
အဆိုပါကိစ္စနှင့် ပတ်သက်၍ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏ အမြဲတမ်း အတွင်းဝန် ဦးတိုးအောင်မြင့်အား မေးမြန်းရာ “ဒေါ်လာဈေးတွေ မြင့်တက်နေတဲ့ အချိန်တုန်းက ဗဟိုဘဏ် သတ်မှတ်နှုန်းအတိုင်း ရောင်းချပေးတာ စက်သုံးဆီနဲ့ စားအုန်းဆီတင်သွင်းတဲ့ လုပ်ငန်းရှင်တွေကိုပေါ့။ အခုဖြစ်တဲ့ လိုင်စင်ကိစ္စမှာ တွေ့ရှိထားတာကတော့ စားအုန်းဆီပေါ့။ အရင်တုန်းက သွင်းထားတာတွေအတွက် ယူသွားတာရှိရင် ဒီငွေနဲ့အစားထိုး ပြန်သွင်းပေးဖို့နဲ့ ဘယ်လိုလုပ်ရမယ် ဆိုတာတွေကို ဘဏ္ဍာရေးနဲ့ဆိုင် တဲ့ကိစ္စဖြစ်နေတော့ ဗဟိုဘဏ်နဲ့ ညှိပြီးလုပ် မှာပါ” ဟု ပြန်လည်ဖြေကြားသည်။
မြန်မာနိုင်ငံတော် ဗဟိုဘဏ်အနေဖြင့် စက်သုံးဆီနှင့် စားသုံးဆီလုပ်ငန်းရှင်များအပြင် အခြားသွင်းကုန် လုပ်ငန်းရှင်များ လိုအပ်သည့် ဒေါ်လာများကို ဗဟိုဘဏ်သတ်မှတ်နှုန်းဖြင့် ပုဂ္ဂလိကဘဏ်များမှတစ်ဆင့် ရောင်းချပေးနေကြောင်း သိရသည်။
ယင်းကဲ့သို့ မမှန်မကန် ဒေါ်လာဝယ်ယူမှုများအတွက် သက်ဆိုင်ရာဌာများနှင့် ချိတ်ဆက်ကာ သွင်းကုန်လုပ်ငန်း ကဏ္ဍအလိုက် ဆက်လက်စစ်ဆေးမှုများ ပြုလုပ်သွားမည်ဖြစ်ပြီး စစ်ဆေးတွေ့ရှိပါက ထိရောက်စွာ အရေးယူ ဆောင်ရွက်နိုင်ရန် ပြုလုပ်မည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။
ယခုဘဏ္ဍာနှစ်ဖြစ်သည့် ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ် ဧပြီ ၁ ရက်မှ ဇူလိုင် ၃၁ ရက်အထိ ပြည်ပမှ ရင်းနှီးမြှုပ်နှံမှု ကုန်ပစ္စည်းအုပ်စု၊ လုပ်ငန်းသုံး ကုန်ကြမ်းပစ္စည်း အုပ်စုနှင့် လူသုံးကုန်ပစ္စည်းအုပ်စု တင်သွင်းရန်အတွက် ဒေါ်လာ ၅၄၉၂ သန်းကျော် အသုံးပြုထားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ သိရသည်။                           

Most Read

Most Recent