သြဂုတ် ၅ ရက် ပြင်ပဈေးကွက်တွင် အမေရိကန် တစ်ဒေါ်လာလျှင် ၁၂၃၇ ကျပ်ဝန်းကျင်ရှိ

သြဂုတ် ၅ ရက် ပြင်ပဈေးကွက်တွင် အမေရိကန် တစ်ဒေါ်လာလျှင် ၁၂၃၇ ကျပ်ဝန်းကျင်ရှိ
Published 5 August 2015
အောင်မြတ်ကို

သြဂုတ် ၅ ရက် ပြင်ပဈေးကွက်တွင် အမေရိကန် တစ်ဒေါ်လာတန်ဖိုးမှာ ၁၂၃၇ ကျပ်ဝန်းကျင် ရှိနေကြောင်း ပြင်ပဈေးကွက် အသိုင်းအဝိုင်းထံမှ စုံစမ်းသိရသည်။သြဂုတ် ၅ ရက်တွင် ဗဟိုဘဏ်၏ ရည်ညွှန်းငွေလဲနှုန်းမှာ ၁၂၃၅ ကျပ် သတ်မှတ်ထားပြီး ပြင်ပငွေလဲနှုန်းတွင် တစ်ဒေါ်လာတန်ဖိုးမှာ ရောင်းဈေး ၁၂၃၇ ကျပ်ဝန်းကျင်၊ ဝယ်ဈေး ၁၂၃၂ ကျပ်ဝန်းကျင်တွင် ရှိနေသည်။ ပြင်ပဈေးကွက်တွင် စင်ကာပူ တစ်ဒေါ်လာလျှင် ရောင်းဈေး ၉၀၂ ကျပ်ဝန်းကျင်၊ ဝယ်ဈေး ကျပ် ၈၉၀ ဝန်းကျင်နှင့် ယူရိုတန်ဖိုးမှာ တစ်ယူရိုလျှင် ရောင်းဈေး ၁၃၅၅ ကျပ်ဝန်းကျင်၊ ဝယ်ဈေးကျပ် ၁၃၄၅ ဝန်းကျင်တွင် ရှိနေသည်။သြဂုတ် ၅ ရက်တွင် ဗဟိုဘဏ် ရည်ညွှန်းငွေလဲနှုန်းမှာ ၁၂၃၄ ကျပ် သတ်မှတ်ထားသော်လည်း ဇူလိုင်  ၃၀ ရက်နောက်ပိုင်း ဗဟိုဘဏ် သတ်မှတ်ဈေးအောက် ရောက်ရှိသွားသော ပြင်ပဒေါ်လာတန်ဖိုးသည် သြဂုတ် ၅ ရက်တွင် တစ်ဒေါ်လာလျှင် ၁၂၃၇ ကျပ်သို့ ပြန်လည်ရောက်ရှိလာခဲ့သည်။သြဂုတ် ပထမပတ်အတွင်း ပြင်ပဈေးကွက်တွင် ဖြစ်ပေါ်နေသော ဒေါ်လာတန်ဖိုးမှာ သြဂုတ် ၃ ရက်၌ ရောင်းဈေး ၁၂၃၂ ကျပ်ဝန်းကျင်၊ ဝယ်ဈေး ၁၂၂၆ ကျပ်ဝန်းကျင်နှင့် သြဂုတ် ၄ ရက်တွင် ရောင်းဈေး ၁၂၃၅ ကျပ် ဝန်းကျင်၊ ဝယ်ဈေး ကျပ် ၁၂၃၀ ဝန်းကျင်တွင် ရှိနေသည်။ပြည်တွင်းပုဂ္ဂလိက ဘဏ်များတွင် ဇူလိုင် ၂၁ ရက်မှ ၂၇ ရက်အထိ တစ်ဒေါ်လာတန်ဖိုး ရောင်းဈေး ကျပ် ၁၂၅၀၊ ဝယ်ဈေး ၁၂၄၈ ကျပ် ရှိနေခဲ့ပြီး ဇူလိုင် ၂၉ ရက်တွင် ရောင်းဈေးကျပ် ၁၂၄၂၊ ဝယ်ဈေး ၁၂၃၅ ကျပ်ဝန်းကျင် ရှိခဲ့သည်။ ဇူလိုင် ၃၀ ရက်တွင် ရောင်းဈေး ၁၂၃၇ ကျပ်၊ ဝယ်ဈေး ၁၂၂၈ ကျပ် ရခဲ့သော ဒေါ်လာတန်ဖိုးသည် သြဂုတ် ၃ ရက်၊ ၄ ရက်နှင့် ၅ ရက်များတွင် တစ်ဒေါ်လာလျှင် ရောင်းဈေး ၁၂၃၆ ကျပ်ဝန်းကျင်၊ ဝယ်ဈေး ၁၂၂၈ ကျပ်ဝန်းကျင် ရှိနေသည်။တရားဝင် ငွေလဲလှယ်ရေး လုပ်ငန်းများသည် ဗဟိုဘဏ် Reference Rate ၏ + ၀ ဒသမ ၈ ရာခိုင်နှုန်းနှင့် - ၀ ဒသမ ၈ ရာခိုင်နှုန်း ဘောင်အတွင်း၌ လည်းကောင်း၊ A.D လိုင်စင်ရ ဘဏ်များအကြား Interbank Market တွင် လက်ကားရောင်းဝယ်မှုများအတွက် ဗဟိုဘဏ် Reference Rate ၏ + ၀ ဒသမ ၃ ရာခိုင်နှုန်းနှင့် - ၀ ဒသမ ၃ ရာခိုင်နှုန်း ဘောင်အတွင်း၌ လည်းကောင်း ဆောင်ရွက်နေကြောင်း သိရသည်။

Most Read

Most Recent