ဘာသာသာသနာညှိုးနွမ်းစေမှု၊ တရားမဝင် သစ်စုပုံမှု အပါအဝင် ပုဒ်မသုံးခုဖြင့် ဖမ်းဆီးတရားစွဲဆို ခံထားရသည့် မိုးကုတ်မြို့ ရေပူကျောင်းဆရာတော်၏ ငါးကြိမ်မြောက်ရုံးချိန်းအား သြဂုတ် ၃ ရက် နံနက် ၁၀ နာရီကျော်က ပြင်ဦးလွင်ခရိုင် တရားရုံးတွင် စစ်ဆေးရာ တရားလိုပြ သက်သေများဖြစ်သည့် မိုးကုတ်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးဥက္ကာ၊ မိုးကုတ်မြို့နယ် သစ်တောဦးစီးမှူး ဦးအောင်လွင်နှင့် မြို့နယ်ရဲတပ်ဖွဲ့မှူး ဦးကျော်ဝင်းတို့အား ကျောက်မျက်ဥပဒေ ပုဒ်မ ၄၁ (က)(ခ) နှင့်ပတ်သက်၍ စစ်ဆေးခဲ့ကြောင်း သိရသည်။
မိုးကုတ်မြို့ ရေပူကျောင်းဆရာတော်အား ဘာသာသာသနာ ညိုးနွမ်းစေမှု၊ တရားမဝင် ကျောက်မျက်တူးဖော်မှု၊ သစ်စုပုံမှုတို့ဖြင့် ဖမ်းဆီးလူဝတ်လဲ ခံထားရခြင်းဖြစ်ကာ ဆရာတော်နှင့်အတူ အရပ်သားလေးဦးကိုပါ ကျောက်မျက်ဥပဒေဖြင့် တရားစွဲဆို ဖမ်းဆီးထားကြောင်း သိရသည်။
ရေပူကျောင်း ဆရာတော်အပါအဝင် အရပ်သားလေးဦးပါ အမှုအား ငါးကြိမ်မြောက် ရုံးချိန်းအဖြစ် သြဂုတ် ၃ ရက် နံနက် ၁၀ နာရီ ကျော်မှ ညနေ ၄ နာရီခန့်အထိ ပြင်ဦးလွင် ခရိုင်တရားရုံးတွင် စစ်ဆေးခဲ့ရာတွင် မိုးကုတ်မြို့ ဒေသခံများမှလည်း အဆိုပါရုံးချိန်းသို့ လာရောက်ခဲ့ကြပြီး တရားရုံးအတွင်း ရေပူဆရာတော်အား ဆွမ်းကပ်မှုများ ပြုလုပ်ခဲ့ကြသည်။ ထို့ပြင် မကြာသေးမီက ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၄၃၆ ပြင်ဆင်ရေးအတွက် လက်မှတ်ရေးထိုး ခဲ့ခြင်းကြေင့် ထောင်ဒဏ်ချမှတ် ခံရပြီးနောက် ပြန်လည်လွတ်မြောက်လာသည့် ဗိုလ်မှူးဟောင်း ဦးကျော်စွာဝင်းမှလည်း ရေပူကျောင်း ဆရာတော်အား သွားရောက်တွေ့ဆုံခဲ့သည်။
ဘာသာသာသနာ ညှိုးနွမ်းစေမှု၊ ကျောင်းအတွင်း သစ်စုပုံမှုအပါအဝင် ကျောက်မျက် ဥပဒေတို့ဖြင့် ဖမ်းဆီးတရားစွဲဆို ခံထားရသည့် ရေပူဆရာတော်၏ ငါးကြိမ်မြောက်ရုံးချိန်းတွင် တရားလိုပြသက်သေ သုံးဦးအား ကျောက်မျက်ဥပဒေနှင့် ပတ်သက်၍ နှစ်ဖက်ရှေ့နေများက မေးမြန်းမှုများ ပြုလုပ်ခဲ့ကြသည်။ ထို့ပြင် အမှု၌ ထည့်သွင်းစွဲဆိုထားသည့် ဘာသာသာသနာ ညှိုးနွမ်းစေမှု ပုဒ်မ ၂၉၅ (က)၊ သစ်တောဥပဒေ ပုဒ်မ ၄၁(က)(ခ) ပုဒ်မများဖြင့် မိုးကုတ်မြို့နယ် တရားရုံးတွင် စွဲဆိုထားခြင်းကြောင့် အဆိုပါ ပုဒ်မ နှစ်ခုအတွက် ရုံးပြောင်းလျှောက်ထား သွားမည်ဖြစ်ကြောင်း သိရသည်။
“မျိုးချစ်ပုဂ္ဂိုလ်ကြီးကြားအောင် ပြောချင်ပါတယ်။ ကိုယ့်ကျောင်းအတွင်းမှာ ကျောင်းလေးဆောက်လုပ်ဖို့ သစ်လေးစုပုံထားတာကို အပြစ်မရှိ အပြစ်ရှာ ဖမ်းဆီးတယ်။ တစ်နိုင်ငံလုံးမှာရှိနေတဲ့ သစ်တောတွေကို ပြုတ်အောင်ခုတ်နေတဲ့ သူ့အမျိုးတွေကို ဟန်ပြအနေနဲ့ လူကြားကောင်းအောင် ထောင်တစ်သက် တစ်ကျွန်းချပြီး ရှစ်ရက်တည်းနဲ့ လွှတ်ပေးလိုက်တယ်။ ဦးဇင်းအနေနဲ့ ကျောင်းဆောက်ဖို့အတွက် မပြေပလောက်တဲ့ သစ်ကလေးကို စုပုံထားတာလေးကိုကျတော့ မတရားဖမ်းဆီး ချုပ်နှောင်ခံနေရတယ်။ ဦးဇင်းအနေနဲ့ ထောင်ထဲမှာ အတူနေနေရတဲ့ သစ်နဲ့ပတ်သက်ပြီး ထောင်ဒဏ်တစ်သက်တစ်ကျွန်း ခုနစ်နှစ်စတဲ့ ပြစ်ဒဏ်ကျခံနေရသူတွေ ရှိပါတယ်။ သူတို့က ထောင်ထဲမှာ ထောင်စည်းကမ်းနဲ့အညီ နေပါတယ်။ အဲဒီသူတွေကိုတော့ ပစ်ထားပြီး သစ်ခိုးတရုတ်တွေကိုတော့ ဟန်ပြထောင်ချလိုက်ပြီး ရှစ်ရက်တည်းနဲ့ ပြန်လွှတ်ပေး လိုက်တာဟာ ဘယ်အမျိုးကို ချစ်နေတာလဲလို့ ဦးဇင်းမေးချင်ပါတယ်။ လာမယ့်ရွေးကောက်ပွဲမှာ ပြည်သူကို စေတနာ၊ မေတ္တာနဲ့ အုပ်ချုပ်မယ့် အစိုးရကို ရွေးချယ်ပေးကြပါလို့ ဦးဇင်း မေတ္တာရပ်ခံ ချင်ပါတယ်” ဟု ငါးကြိမ်မြောက်ရုံးချိန်း အပြီးတွင် ရေပူကျောင်း ဆရာတော်က မိန့်ကြားသည်။
ဘာသာသာသနာ ညိုးနွမ်းစေမှု၊ တရားမဝင် သစ်စုပုံမှု အပါအဝင် ပုဒ်မသုံးခုဖြင့် ဖမ်းဆီးတရားစွဲ ခံထားရသည့် မိုးကုတ်မြို့ ရေပူကျောင်းဆရာတော်၏ ငါးကြိမ်မြောက်ရုံးချိန်းတွင် ကျောက်မျက်ဥပဒေနှင့် ပတ်သက်၍ တရားလိုပြသက်သေ သုံးဦးအား စစ်ဆေး









