မြန်မာနိုင်ငံ ငွေကြေးဈေးကွက်မှာ မျှော်မှန်းသည်ထက် ကောင်းမွန်ပြီး ရုံးခွဲဖွင့်လှစ်ပြီး သုံးလအတွင်း မစ်ဆူဘီရှီ ရန်ကုန်ဘဏ်ခွဲသို့ ဘဏ်နှင့် လာရောက်ဆက်သွယ်လုပ်ကိုင်သူ ၈၀ ကျော်ရှိကာ ဘဏ်စာရင်း ၁၀၀ ကျော် ဖွင့်လှစ်နိုင်ခဲ့ကြောင်း BTMU ၏ CEO ပြောကြား

မြန်မာနိုင်ငံ ငွေကြေးဈေးကွက်မှာ မျှော်မှန်းသည်ထက် ကောင်းမွန်ပြီး ရုံးခွဲဖွင့်လှစ်ပြီး သုံးလအတွင်း မစ်ဆူဘီရှီ ရန်ကုန်ဘဏ်ခွဲသို့ ဘဏ်နှင့် လာရောက်ဆက်သွယ်လုပ်ကိုင်သူ ၈၀ ကျော်ရှိကာ ဘဏ်စာရင်း ၁၀၀ ကျော် ဖွင့်လှစ်နိုင်ခဲ့ကြောင်း BTMU ၏ CEO ပြောကြား
Published 1 August 2015
ဇော်ဝေ

မြန်မာနိုင်ငံတွင် ရုံးခွဲဖွင့်လှစ်ပြီး သုံးလအတွင်း မစ်ဆူဘီရှီ ရန်ကုန်ဘဏ်ခွဲသို့ ဘဏ်နှင့် လာရောက်ဆက်သွယ်လုပ်ကိုင်သူ ၈၀ ကျော်ရှိပြီး ဘဏ်စာရင်း ၁၀၀ ကျော် ဖွင့်လှစ်နိုင်ခဲ့ကြောင်း Bank of Tokyo Mitsubishi (BTMU) ၏ Chief Executive Officer Mr. Go Watanabe က ဇူလိုင် ၃၁ ရက်တွင် ပြောကြားသည်။ရန်ကုန်မြို့ ဆူးလေရှန်ဂရီလာဟိုတယ်တွင် Nikkei Asian Review မှ ပြုလုပ်သည့် မြန်မာနိုင်ငံ အလားအလာ Myanmar: A Land of Huge Potential ခေါင်းစဉ်ဖြင့် ဆွေးနွေးပွဲတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။“မြန်မာနိုင်ငံမှာ ရုံးခွဲဖွင့်လှစ်ပြီး သုံးလအတွင်း ဘဏ်စာရင်းလာရောက် ဖွင့်လှစ်သူ ၈၀ ကျော်ရှိပြီး စုစုပေါင်း ဘဏ်စာရင်းဟာ ၁၀၀ ကျော် ရရှိပြီး ဖြစ်ပါတယ်။ ဒါဟာ အင်မတန် အံ့သြစရာကောင်းတဲ့ ရလဒ်ပါ” ဟု Mr.Watanabe က ပြောကြားသည်။Bank of Tokyo Mitsubishi (BTMU) ၏ ရန်ကုန်ရုံးခွဲကို ဧပြီ ၂၂ ရက်က ရန်ကုန်မြို့ ဗိုလ်တထောင်မြို့နယ်ရှိ Union Financial Center တွင် ဖွင့်လှစ်ခဲ့ပြီး မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ ပြည်တွင်းတွင် လုပ်ငန်းလုပ်ကိုင်ခွင့်ပြုခဲ့သည့် ဘဏ်ကိုးခုတွင် ရုံးခွဲပထမဆုံး ဖွင့်လှစ်သည့် ဘဏ်ဖြစ်ကြောင်း သိရသည်။မြန်မာနိုင်ငံတွင် ဘဏ်လုပ်ငန်း လုပ်ကိုင်ခွင့်ရ ဂျပန်နိုင်ငံဘဏ် Bank of Tokyo Mitsubishi က ဒေါ်လာသန်း ၁၀၀ စတင်ရင်းနှီးမြှုပ်နှံမည်ဖြစ်ပြီး ပြည်တွင်းမိတ်ဖက်ဘဏ်အဖြစ် CB ဘဏ်နှင့် တွဲဖက်လုပ်ကိုင်မည်ဖြစ်ကြောင်း Mr. Go Watanabe က ဖွင့်ပွဲတွင် ပြောကြားခဲ့ပြီး တစ်နှစ်အတွင်း ဘဏ်စာရင်း ၁၅၀ ဝန်းကျင် လာရောက်ဖွင့်လှစ်ရန် မျှော်မှန်းထားပြီး အပ်ငွေသန်း ၁၀၀ ရရှိရန် မျှော်မှန်းထားကြောင်း ပြောကြားသည်။ယခုရလဒ်သည် မျှော်မှန်းသည်ထက် ကောင်းမွန်ခဲ့ကြောင်း၊ သို့သော်လည်း ဘဏ်သို့လာရောက်သူများက ကျပ်ငွေ၊ ဒေါ်လာများဖြင့် ချေးငွေထုတ်ချေးမှု၊ နိုင်ငံခြားငွေ လဲလှယ်မှုတို့ကိုသာ ဆောင်ရွက်နိုင်သေးကြောင်း၊ derivatives market နှင့် bond market များ ဝန်ဆောင်မှုပေးစေလိုကြောင်း ဘဏ်နှင့် ဆက်သွယ်ဆောင်ရွက်သူများက တောင်းဆိုမှုများ ရှိသော်လည်း နိုင်ငံခြားဘဏ်တစ်ခု အနေဖြင့် စောင့်ဆိုင်းရမည့် အခြေအနေများ ရှိနေကြောင်း ၎င်းက ဆိုသည်။BTMU ဘဏ်သည် ၁၉၁၉ ခုနှစ် နှောင်းပိုင်းတွင် စတည်တည်ထောင်ခဲ့သည့် Mitsubishi UFJ Financial Group ၏ အဓိက လုပ်ငန်းဌာနခွဲ တစ်ခုဖြစ်ပြီး နိုင်ငံပေါင်း ၄၀ ကျော်တွင် ဘဏ်ခွဲပေါင်း ၇၅ ခုရှိပြီး ဂျပန်နိုင်ငံတွင်လည်း ဘဏ်ခွဲပေါင်း ၇၇၀ ခန့်ဖြင့် ကူးသန်းရောင်းဝယ်ရေးနှင့် အခြားငွေကြေးဝန်ဆောင်မှုများကို ဆောင်ရွက်ပေးနေသည့် ဘဏ်တစ်ခုဖြစ်ကြောင်းလည်း သိရသည်။ BTMU ၏ မိခင်ကုမ္ပဏီ MUFG သည် ကမ္ဘာ့ထိပ်တန်းငွေကြေး လုပ်ငန်းစုဖြစ်ပြီး ၂၀၁၄ ခုနှစ် မတ်လအထိ စုစုပေါင်းပိုင်ဆိုင်မှု တန်ဖိုးဒေါ်လာ ၂ ဒသမ ထရီလျံရှိကြောင်းလည်း သိရသည်။           

Most Read

Most Recent