သီလဝါအထူးစီးပွားရေးဇုန်ရှိ ကမ္ဘာ့အကြီးဆုံးစားသောက်ကုန် စည်သွတ်ဘူးခွံထုတ်လုပ်သည့် အမေရိကန်ကုမ္ပဏီ Ball ၏ ထုတ်လုပ်မှုလုပ်ငန်းများ ယခုနှစ်ကုန်ပိုင်း စတင်နိုင်မည်

သီလဝါအထူးစီးပွားရေးဇုန်ရှိ ကမ္ဘာ့အကြီးဆုံးစားသောက်ကုန် စည်သွတ်ဘူးခွံထုတ်လုပ်သည့် အမေရိကန်ကုမ္ပဏီ Ball ၏ ထုတ်လုပ်မှုလုပ်ငန်းများ ယခုနှစ်ကုန်ပိုင်း စတင်နိုင်မည်
Published 5 July 2015
နီလာ

 
သီလဝါအထူးစီးပွားရေးဇုန်တွင် လာရောက်ရင်းနှီးမြှုပ်နှံထားသည့် ကမ္ဘာ့အကြီးဆုံးစားသောက်ကုန် စည်သွတ်ဘူးခွံ ထုတ်လုပ်သည့် အမေရိကန်ကုမ္ပဏီ ြေူူ ၏ ထုတ် လုပ်မှုလုပ်ငန်းများ ယခုနှစ်ကုန်ပိုင်းအတွင်း စတင်နိုင်မည်ဖြစ်ကြောင်း သတင်းရသည်။
 
အမေရိကန်ကုမ္ပဏီ Ball အနေဖြင့်  လက်ရှိအချိန်တွင် ကုမ္ပဏီအတွက်လိုအပ်သော ဝန်ထမ်းများခန့်ထားခြင်း၊ ပြည်တွင်း ၌ စည်သွတ်ဘူးခွံများ ဖြန့်ချိရန်အတွက် လိုအပ်သော လုပ်ငန်းများ စတင် ပြင်ဆင်ဆောင်ရွက်နေပြီဖြစ်ကြောင်း သိရသည်။
 
"ကျွန်တော်တို့ ကုမ္ပဏီဟာ စတီးကိုအခြေခံပြီးထုတ်လုပ်ထားတဲ့ဘူးများ၊ အလူမီနီ ယမ်သတ္တုကိုအခြေခံပြီး သတ္တုဘူးထုပ်ပိုးမှု ကိုလည်း ဦးဆောင်ထုတ်လုပ်ပေးသူဖြစ်ပါတယ်" ဟု  Ball Corporation မှတာဝန်ရှိသူ တစ်ဦးက  ပြောကြားသည်။
 
မြန်မာနိုင်ငံနှင့် ဂျပန်နိုင်ငံတို့ ဖက်စပ် အကောင်အထည်ဖော်နေသည့် သီလဝါအ ထူးစီးပွားရေးဇုန်တွင် ကမ္ဘာ့အကြီးဆုံးစား သောက်ကုန်စည်သွတ်ဘူးခွံထုတ်လုပ်ဖြန့် ချိနေသည့် အမေရိကန်ကုမ္ပဏီ  Ball မှာ ပထမဦးဆုံး အမေရိကန်ရင်းနှီးမြှုပ်နှံမှုအဖြစ် စတင်ဝင်ရောက်လာခြင်းဖြစ်ကာ ၂၀၁၄ ခုနှစ် ဇွန် ၆ ရက်က ရန်ကုန်မြို့ရှိ Chatrium  ဟိုတယ်တွင်Ball Myanmar Announce-ment Ceremony June-6 2014 အခမ်းအ နားကို ကျင်းပခဲ့သည်။
"Ball Corporation အနေနဲ့  ပထမအဆင့်မှာ အမေရိကန်ဒေါ်လာသန်း ၄၀ ရင်း နှီးမြှုပ်နှံသွားမှာဖြစ်ပါတယ်။ နောက်များမှာ တော့ အမေရိကန်ဒေါ်လာသန်း ၁၀၀ လောက် အထိ ထပ်တိုးရင်းနှီးမြှုပ်နှံသွားဖို့ရှိပါတယ်။ ကျွန်တော်တို့က ဘူးခွံတွေပဲ ရောင်းတာဆိုတော့ အချိုယမကာလုပ်ငန်းလုပ်တဲ့သူတွေကို ဘူးခွံတွေ ရောင်းချသွားမှာပါ" ဟု Ball ကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက ၂၀၁၄ ခုနှစ် အတွင်းက ကျင်းပခဲ့သည့် အဆိုပါအခမ်း အနားတွင် ပြောကြားခဲ့သည်။
Ball Corporation သည် နှစ်ပေါင်း ၁၃၀ ကျော်တိုင် ဘဏ္ဍာရေးအရ  ရေရှည် တည်တံ့နေသည့်လုပ်ငန်းစုဖြစ်ပြီး ကမ္ဘာ့အကြီး မားဆုံးအဖျော်ယမကာလုပ်ငန်းများ၊ အရည် အသွေးမြင့်ထုပ်ပိုးနိုင်ရန်အတွက် အဓိက ဝန်ဆောင်မှုပေးနေသည့် ကုမ္ပဏီဖြစ်ကြောင်း သိရသည်။ 
 
Ball သည် စားသောက်ကုန် စည်သွတ် ဘူးခွံများ ထုတ်လုပ်သည့် ကမ္ဘာ့အကြီးဆုံး ကုမ္ပဏီဖြစ်ပြီး အမေရိကတိုက်၊ ဥရောပ တိုက်၊ အာရှတိုက်နှင့် တစ်ကမ္ဘာလုံးရှိ ဈေး ကွက်ထဲသို့ ထုတ်လုပ်ဖြန့်ချိပေးလျက်ရှိ ကြောင်း သိရသည်။ 
 
 
 
 

Most Read

Most Recent