ပြည်တွင်းစက်ရုံမှ ထုတ်လုပ်သည့် ကမ္ဘာကျော် Carlsberg ဘီယာ ယခုနှစ် စက်တင်ဘာတွင် ဈေးကွက်အတွင်း စတင်ဖြန့်ချိမည်

ပြည်တွင်းစက်ရုံမှ ထုတ်လုပ်သည့် ကမ္ဘာကျော် Carlsberg ဘီယာ ယခုနှစ် စက်တင်ဘာတွင် ဈေးကွက်အတွင်း စတင်ဖြန့်ချိမည်
Published 1 July 2015
သန်းထိုက်အောင်

ပြည်တွင်းရှိ ဘီယာချက်စက်ရုံမှ ထုတ်လုပ်သည့် ကမ္ဘာကျော် Carlsberg ဘီယာများကို ယခုနှစ် စက်တင်ဘာတွင် ပြည်တွင်းဈေးကွက်အတွင်းသို့ စတင်ဖြန့်ချိတော့မည်ဖြစ်ကြောင်း Myanmar Carlsberg ကုမ္ပဏီ၏ Marketing Director Ms. Brigitte Weeke က ပြောကြားသည်။“ဒိန်းမတ်ကိုပို့ပြီး သုံးကြိမ်တိုင် စမ်းသပ်စစ်ဆေးပြီးတော့ အောင်မြင်မှ ထုတ်ခွင့်ရတာပါ။ အခု Carlsberg ဘီယာကို လာမယ့်စက်တင်ဘာမှာ မြန်မာပြည်တွင်း ဈေးကွက်ကို စတင်ဖြန့်ချိသွားပါမယ်။ Carlsberg က Premium Brand ဆိုတော့ ရိုးမတို့၊ တူးပို့တို့ထက် ဈေးနည်းနည်း ပိုပေးရဖို့ ရှိပါတယ်။ ပဲခူးမှာရှိတဲ့ စက်ရုံကနေ ထုတ်လုပ်တာပါ” ဟု ၎င်းက ဆိုသည်။    Myanmar Carlsberg ကုမ္ပဏီသည် မြန်မာနိုင်ငံ ဈေးကွက်အတွင်းသို့ Tuborg ဘီယာနှင့် ရိုးမဘီယာ အမည်တို့ဖြင့် ဘီယာတံဆိပ်များကို ထုတ်လုပ်ဖြန့်ချိထားကြောင်း သိရသည်။    Carlsberg ကုမ္ပဏီသည် မြန်မာနိုင်ငံမှ Myanmar Golden Star ကုမ္ပဏီနှင့် အကျိုး တူပူးပေါင်း၍ Myanmar Carlsberg ကုမ္ပဏီကို စတင်တည်ထောင်ခဲ့ခြင်းဖြစ်ပြီး နိုင်ငံတကာအဆင့်မီ ဘီယာချက်စက်ရုံကို ယခုနှစ် မေလအတွင်း၌ ပဲခူးမြို့ ညောင်အင်းရွာစက်မှုဇုန်၌ စတင်ဖွင့်လှစ်ကြောင်း သိရသည်။“ရင်းနှီးမြှုပ်နံှမှု အနေဖြင့် Myanmar Golden Star ကုမ္ပဏီက ၄၉ ရာခိုင်နှုန်းနဲ့ Carlsberg ၅၁ ရာခိုင်နှုန်းပါ။ ရင်းနှီးမြှုပ်နှံမှုကတော့ ဒေါ်လာ ၇၅ သန်း တန်ဖိုးရှိပါတယ်” ဟု Myanmar Carlsberg ကုမ္ပဏီ၏ Executive Director ဦးသန့်ဇင်ထွန်းက ပြောကြားသည်။     

Most Read

Most Recent