၁၉၉၂-၉၃ ရာသီမှ စတင်ခဲ့သည့် ပရီးမီးယားလိဂ်ပြိုင်ပွဲ သမိုင်းတွင် အမှတ်ပေး ချန်ပီယံဆုကို ၁၃ ကြိမ်အထိ ရရှိခဲ့သော မန်ယူအသင်း၏ ၂၃ နှစ်တာအတွင်း အကောင်းဆုံးနှင့် အဆိုးရွားဆုံး ခေါ်ယူမှု ၁၀ ဦးစီကို ဗြိတိန်နာမည်ကြီး သတင်းစာ Daily Mail မှ ဖော်ထုတ်ရေးသားခဲ့သည်။မန်ယူအသင်း၏ အကောင်းဆုံးခေါ်ယူမှု ၁၀ ဦးစာရင်းတွင် ကန်တိုနာ (ပေါင် ၁.၂ သန်း/၁၉၉၂-လိဒ်စ်မှ)၊ စီရော်နယ်လ်ဒို (ပေါင် ၁၂သန်း/၂၀၀၃-စပို့တင်းလစ္စဘွန်းမှ)၊ ဗန်ဒါးဆား (ပေါင် ၂ သန်း/၂၀၀၅-ဖူလ်ဟမ်မှ)၊ ရွိုင်ကင်း (ပေါင် ၃ ဒသမ ၇၅ သန်း/၁၉၉၃- နော်တင်ဟမ်မှ)၊ ဒွိုက်ယော့ခ် (ပေါင် ၁၂ ဒသမ ၆သန်း/၁၉၉၈-အက်စတွန်ဗီလာမှ)၊ ဆိုးလ်ရှား (ပေါင် ၁ ဒသမ ၆ သန်း/၁၉၉၆-မိုလ်ဒီ)၊ ဗီဒစ် (ပေါင် ၇ သန်း/၂၀၀၆-စပါးတပ်မော်စကိုမှ)၊ ရွန်နီ (ပေါင် ၂၅ ဒသမ ၆ သန်း/၂၀၀၄-အဲဗာတန်မှ)၊ ဒီဂီယာ (ပေါင် ၁၂ ဒသမ ၈ သန်း/၂၀၁၁-အက်သလက်တီကိုမှ)၊ ကားလို့စ်ကွီရော့ဇ် (၂၀၀၂၊ ၂၀၀၄)တို့ ရွေးချယ်ခံရပြီး အဆိုးရွားဆုံး စာရင်းတွင်မူ တိုင်ဘီ (ပေါင် ၄ ဒသမ ၅သန်း/၁၉၉၉- ဗီစင်ဇာမှ)၊ ဘယ်လီယွန် (ပေါင် ၃ သန်း/၂၀၀၃ -ဆန်းဒါးလန်းမှ)၊ ဒေါင်ဖန်ဇူး (ပေါင် ၃ ဒသမ ၅ သန်း/၂၀၀၄-ဒါလီယန်ရှီဒီမှ)၊ ဖယ်လ်ကာအို (ပေါင် ၆ သန်း အငှား/၂၀၁၄-မိုနာကိုမှ)၊ ဘီဘီ (ပေါင် ၇ ဒသမ ၄ သန်း/-ဂွီမာရေ့စ်မှ)၊ ဗာရွန် (ပေါင် ၂၈ သန်း/၂၀၀၁-လာဇီယိုမှ)၊ ကလီဘာဆင် (ပေါင် ၆ ဒသမ ၅ သန်း/၂၀၀၃-ပါရာနန်ဆီမှ)၊ ဂျမ်ဘာဂျမ်ဘာ (ပေါင် ၃ ဒသမ ၅ သန်း/၂၀၀၃ -နန့်စ်မှ)၊ ပရူနီယာ (အငှား/၁၉၉၅-ဘော်ဒိုးမှ)၊ ဖော်လန် (ပေါင် ၆ ဒသမ ၉ သန်း/၂၀၀၂- အင်ဒီပန်ဒီယန်တေမှ)တို့ ပါဝင်ခဲ့ကြသည်။ယခု ထုတ်ပြန်ခဲ့သည့် စာရင်းတွင် ဖာဂူဆန်၏ လက်ထက်တွင် အများစုဖြစ်ခဲ့ပြီး ဖာဂူဆန်နောက်ပိုင်း ခေါ်ယူမှုများထဲမှ ဖယ်လ်ကာအိုတစ်ဦးသာ ပါဝင်ခဲ့သည်။ ထို့ပြင် လက်ထောက်နည်းပြဟောင်း ကားလို့စ်ကွီရော့ဇ်မှာလည်း အကောင်းဆုံး ခေါ်ယူမှုစာရင်းတွင် ထူးထူးခြားခြား ရွေးချယ်ခံခဲ့ရသည်။
ပရီးမီးယားလိဂ် သမိုင်းတစ်လျှောက် မန်ယူအသင်း၏ အကောင်းဆုံးနှင့် အဆိုးရွားဆုံး ခေါ်ယူမှု ၁၀ ဦးစာရင်းကို Daily Mail ထုတ်ပြန်









