အဆိုတော်ဖြူဖြူကျော်သိန်းနှင့် မိသားစုဝင်များ၏ မဲစာရင်းမှာ မူရင်းအိမ်ထောင်စုစာရင်းရှိသည့် စမ်းချောင်း (တောင်)ရပ်ကွက် မဲဆန္ဒနယ်မြေတွင်ပါဝင်ခြင်းမရှိကြောင်း ဖြူဖြူကျော်သိန်း၏ Facebook Account တွင် ဇွန် ၂၅ရက် ညပိုင်းက ဖော်ပြထားသည်။
ဖြူဖြူကျော်သိန်းက ၎င်းနှင့် မိသားစုဝင်များ၏မဲစာရင်းကို မူလအိမ်ထောင်စုစာရင်းရှိရာ မဲဆန္ဒနယ်မြေဖြစ်သည့် စမ်းချောင်း(တောင်)ရပ်ကွက်တွင် သွားရောက်ကြည့်ရှုရာ ၎င်းင်းနှင့်မိခင်၊ ဖခင်တို့၏ အမည် များမပါဝင်ကြောင်း၊ ဧည့်စာရင်းဖြင့် နေထိုင်လျက်ရှိသည့် ကြည့်မြင်တိုင်မြို့နယ်လည်း မပါဝင်သည့်အတွက် စမ်းချောင်းမြို့နယ်တွင် ပုံစံ (၃) ဖြည့်စွက်၍ ပြန်လည်လျှောက် ထားထားကြောင်း သိရသည်။
"နိုင်ငံသားတစ်ယောက်အနေနဲ့ နိုင်ငံအရေးကို စိတ် ဝင်စားတယ်။ ဒါကြောင့် မဲစာရင်းကို မူလအိမ်ထောင်စု စာရင်းရှိတဲ့ စမ်းချောင်းမှာသွားစစ်ဆေးကြည့်တဲ့အခါ ဖြူဖြူ တို့တစ်မိသားလုံးစာရင်းမပါလာဘူး။ ဧည့်စာရင်းနဲ့နေတဲ့ ကြည့်မြင်တိုင်မှာ သွားကြည့်တော့လည်းမပါဘူး။ အဲဒါနဲ့ ဇွန် ၂၆ ရက်မနက်မှာပဲ စမ်းချောင်းတောင်ရပ်ကွက်မှာ ပုံစံ (၃) နဲ့ပြန်လျှောက်ခဲ့ပါတယ်။ စာရင်းပြန်ထွက်ရင် အသိပေးကြေညာမယ်လို့လည်းပြောလိုက်ပါတယ်။ ဒီလိုမဲစာရင်းသွားရောက်စစ်ဆေးဖြစ်တာကို ဖြူဖြူ့ Account မှာ တင်ဖြစ်တာက ဖြူဖြူလည်း ပြည်သူထဲက ပြည်သူတစ်ယောက်ပါ။ နိုင်ငံရဲ့အနာဂတ်ကိုစိတ်ပါဝင်စားတယ်။ အသည်းကြားကမဲတစ်ပြားအတွက် တာဝန်ကျေချင်တယ်။ ရုတ်တရက်ကြီး အပြောင်းအလဲမဖြစ်ခဲ့ရင်တောင် ကိုယ့်သားသမီးလက်ထက်မှာ ပြောင်းလဲနိုင်ဖို့ အခုကတည်းက ဖြူဖြူတို့ တာဝန်ကျေဖို့လိုတယ်။ အသက်ရှင်နေသရွေ့မျှော် လင့်ချက်ဆိုတာ ရှိနေမှာပဲလေ။ ဒါတွေကို ဖြူ့ပရိသတ် တွေကို သိစေချင်လို့ပါ" ဟု အဆိုတော်ဖြူဖြူကျော်သိန်းက ရှင်းပြခဲ့သည်။
ဖြူဖြူကျော်သိန်းနှင့် မိသားစုဝင်များ၏ မဲစာရင်းမှာ မူရင်းအိမ်ထောင်စုစာရင်းရှိရာ မဲဆန္ဒနယ်မြေ၌ ပါဝင်ခြင်းမရှိကြောင်း Facebook Account တွင် ဖော်ပြထား









