၂၀၁၅ ခုနှစ် အမေရိကန်ခရီးသွားအော်ပရေတာအသင်း၏ စစ်တမ်းအရ လည်ပတ်ရန် အကောင်းဆုံးနိုင်ငံများထဲ၌ မြန်မာနိုင်ငံထိပ်ဆုံးမှရပ်တည်

၂၀၁၅ ခုနှစ် အမေရိကန်ခရီးသွားအော်ပရေတာအသင်း၏ စစ်တမ်းအရ လည်ပတ်ရန် အကောင်းဆုံးနိုင်ငံများထဲ၌ မြန်မာနိုင်ငံထိပ်ဆုံးမှရပ်တည်
Published 26 June 2015
မြတ်စုနိုင်

၂၀၁၅ ခုနှစ်တွင် အမေရိကန်နိုင်ငံရှိ ခရီးသွားအော်ပရေတာအသင်း၏ စစ်တမ်းကောက်ယူချက်အရ လည်ပတ်ရန်အကောင်းဆုံးနိုင်ငံများထဲတွင် မြန်မာနိုင်ငံမှာ ထိပ်ဆုံးကရပ်တည်နေကြောင်း Myanmar Tourism Federation မှသိရသည်။ထိုသို့ကောက်ယူရာတွင် မြန်မာနိုင်ငံသည် ၂၀၁၃ ခုနှစ်၊ ၂၀၁၄ ခုနှစ်တွင် နှစ်နှစ်ဆက်တိုက်လည်ပတ်ရန် အကောင်းဆုံးနိုင်ငံအဖြစ်ပါဝင်ပြီး ယခုနှစ်တွင်လည်း မြန်မာနိုင်ငံသည် ထိပ်ဆုံးမှရပ်တည်နေကြောင်း အဆိုပါ Federation မှသိရသည်။"အခုဆိုရင် အမေရိကန်ခရီးသွားအော်ပရေတာအသင်းရဲ့ စစ်တမ်းအရ မြန်မာနိုင်ငံကို ခရီးသွားတွေရဲ့စိတ်ဝင်စားမှုက နှစ်နှစ်ဆက်တိုက် ထိပ်ဆုံးမှာရပ်တည်ထားတာပါ။ အခု ၂၀၁၅ ခုနှစ်မှာလည်း  မြန်မာနိုင်ငံက ထိပ်ဆုံးမှာရပ်တည်နေတယ်လို့ သုံးသပ်ထားပါတယ်" ဟု အဆိုပါ Federation မှတာဝန်ရှိသူတစ်ဦးကဆိုသည်။အဆိုပါစစ်တမ်းကို အမေရိကန်နိုင်ငံတွင်ရှိသည့် ခရီးသွားအော်ပရေတာအသင်းမှ နိုင်ငံတစ်ဝန်းရှိ ခရီးသွားအော်ပရေတာများထံတွင် စစ်တမ်းကောက်ယူခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ခရီးသွားအော်ပရေတာအသင်းအနေဖြင့် အဆိုပါစစ်တမ်းကို ၂၀၁၃ ခုနှစ်နှင့် ၂၀၁၄ ခုနှစ်တွင် ကောက်ယူခဲ့ခြင်းဖြစ်ပြီး ခရီးသွားဧည့်သည်များ စိတ်ဝင်စားမှုအရှိဆုံး ခရီးစဉ်ဒေသများကို တစ်နှစ်တာကာလပတ်လုံး ကောက်ယူခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ထို့ပြင် ခရီးသွားဒေသများအား ဟိုတယ် /ခရီးဌာနမှ တိုးမြှင့်ဆောင်ရွက်ခဲ့ရာ လေးနှစ်တာကာလအတွင်း မြန်မာနိုင်ငံသို့ ကမ္ဘာလှည့်ခရီးသွားဝင်ရောက်မှုမှာ သိသာစွာတိုးတက်လာခဲ့ကြောင်းလည်း သိရသည်။"မြန်မာနိုင်ငံကိုဝင်တဲ့ နိုင်ငံခြားခရီးသွားတွေက နှစ်တိုင်းတိုးတက်နေပါတယ်။ အခုဆိုရင် အွန်လိုင်ဈေးကွက်ကလည်း ချဲ့ထွင်လာပြီဆိုတော့ အွန်လိုင်းကနေတစ်ဆင့် ဝင်ရောက်လာတဲ့ ခရီးသွားရာခိုင်နှုန်းကလည်း ရာခိုင်နှုန်း ၅၀ လောက်ကို တိုးတက်လာနေတယ်။ ပြီးတော့ မြန်မာနိုင်ငံမှာက သဘာဝသယံဇာတတွေလည်းရှိတယ်။ ခရီးသွားဒေသတွေကိုလည်း ချဲ့ထွင်လာတယ်ဆိုတော့ အခုလိုခရီးသွားကဏ္ဍ ပွင်လင်းတာတဲ့အချိန်မှာ ခရီးသွားဧည့်သည်ဝင်ရောက်မှုက အခုလိုမျိုးတိုးတက်လာတာပါ" ဟု Myanmar Tourism Fedeation မှ တာဝန်ရှိသူတစ်ဦးကဆိုသည်။ဟိုတယ်/ခရီးဌာနမှ ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်တွင် နိုင်ငံခြားခရီးသွားဧည့်သည် နှစ်သန်းကျော်ဝင်ရောက်ခဲ့ပြီး ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်တွင် နိုင်ငံခြားခရီးသွားဧည့်သည် သုံးသန်းကျော်ဝင်ရောက်ခဲ့ကာ၊ ယခုနှစ်အတွင်း နိုင်ငံခြားခရီးသွားဧည့်သည် ၄ ဒသမ ၅ သန်းဝင်ရောက်ရန် ခန့်မှန်းထားကြောင်း သိရသည်။                                      

Most Read

Most Recent