မြန်မာ့အလုပ်အကိုင် အခွင့်အလမ်း အကောင်းဆုံးကဏ္ဍများတွင် ဆက်သွယ်ရေး၊ ငွေကြေးနှင့် ဘဏ်လုပ်ငန်း၊ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းများ ပါဝင်ပြီး အလုပ်အကိုင်ခန့်ထားမှု ၂၃ ရာခိုင်နှုန်း နှစ်စဉ် တိုးတက်လာနိုင်ကြောင်း UKTI အစီရင်ခံစာ၌ ဖော်ပြ

မြန်မာ့အလုပ်အကိုင် အခွင့်အလမ်း အကောင်းဆုံးကဏ္ဍများတွင် ဆက်သွယ်ရေး၊ ငွေကြေးနှင့် ဘဏ်လုပ်ငန်း၊ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းများ ပါဝင်ပြီး အလုပ်အကိုင်ခန့်ထားမှု ၂၃ ရာခိုင်နှုန်း နှစ်စဉ် တိုးတက်လာနိုင်ကြောင်း UKTI အစီရင်ခံစာ၌ ဖော်ပြ
Published 25 June 2015
ဇော်ဝေ

မြန်မာနိုင်ငံ အလုပ်အကိုင်အခွင့်အလမ်း အကောင်းဆုံးကဏ္ဍများတွင် သတင်းအချက်အလက် ဆက်သွယ်ရေး၊ ငွေကြေးနှင့် ဘဏ်လုပ်ငန်း၊ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းများပါဝင်ပြီး အလုပ်အကိုင်ခန့်ထားမှု နှစ်စဉ် ၂၃ ရာခိုင်နှုန်း တိုးတက်လာနိုင်ကြောင်း UKTI မှ ထုတ်ပြန်သည့် Burma's Skill Sector အမည်ရှိ အစီရင်ခံစာက ဖော်ပြသည်။
ဆက်သွယ်ရေးကဏ္ဍအနေဖြင့် တစ်နှစ် လျှင် ၂၃ ရာခိုင်နှုန်းဖြင့် ၂၀၃၀ ပြည့်နှစ် အရောက်တွင် အလုပ်အကိုင်ပေါင်း ၀ ဒသမ ၂ သန်းဝန်းကျင်၊ ငွေကြေးနှင့် ဘဏ်လုပ်ငန်း ကဏ္ဍအနေဖြင့် ၀ ဒသမ ၄ သန်းဝန်းကျင်၊ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း ကဏ္ဍနေဖြင့်လည်း တစ်နှစ်တိုးတက်မှုနှုန်း ၁၇ ရာခိုင်နှုန်းဖြင့် အလုပ်အကိုင်ပေါင်း ၂ ဒသမ ၃ သန်း အထိဖန်တီးပေးနိုင်မည် ဖြစ်ကြောင်း အစီရင်ခံစာတွင် ရေးသားချက်အရ သိရသည်။
အလုပ်အကိုင်အများဆုံး ခန့်ထားသည့် ကဏ္ဍအနေဖြင့် စိုက်ပျိုးရေးကဏ္ဍသည် လူဦးရေတစ်ဝက်အထိ ဆက်လက်ရှိနေမည်ဖြစ်ပြီး စက်မှုကုန်ထုတ် ကဏ္ဍသည် စိုက်ပျိုးရေးကဏ္ဍပြီးနောက် အလုပ်အကိုင် ဖန်တီးနိုင်မှုတွင် ဒုတိယမြောက်အများဆုံးအဖြစ် လက်ရှိ ၁ ဒသမ ၈ သန်းဝန်း ကျင်မှ ၇ ဒသမ ၆ သန်း ဝန်းကျင်အထိ တိုးတက်လာနိုင်ပြီး ၂၀၃၀ ပြည့်နှစ်တွင် ဟိုတယ်နှင့်ခရီးသွားကဏ္ဍ၊ စက်မှုကုန်ထုတ်ကဏ္ဍများမှ လုပ်သားပေါင်း ၉ ဒသမ ၉ သန်းအထိခ န့်ထားနိုင်မည်ဖြစ် ကြောင်းလည်း အစီရင်ခံစာတွင် ဖော်ပြမှုအရ သိရသည်။
အခြားအလားအလာကောင်းသည့် လုပ်ငန်းများအနေဖြင့် ဆောက်လုပ်ရေး ကဏ္ဍ တွင် တစ်နှစ် ခုနစ်ရာခိုင်နှုန်းဖြင့် ၂၀၃၀ ပြည့် နှစ်အရောက်တွင် အလုပ်အကိုင် ၂ ဒသမ ၃ သန်းနှင့် စွမ်းအင်ကဏ္ဍတွင် တစ်နှစ် ငါး ရာခိုင်နှုန်းဖြင့် အလုပ်အကိုင်ပေါင်း ၀ ဒသမ ၃ သန်းကို ဖန်တီးနိုင်ရန်ရှိကြောင်းလည်း အစီရင်ခံစာတွင် ခန့်မှန်းထားသည်။
အာဆီယံဒေသတွင် မြန်မာနိုင်ငံအနေဖြင့် ကုန်ထုတ်လုပ်မှုကဏ္ဍအတွက် အကောင်းဆုံးနေရာတွင်ရှိနေပြီး ဥပမာအားဖြင့် Coca Cola အနေဖြင့် လက်ရှိ အလုပ်အကိုင်ပေါင်း ၂၅၀၀ ဝန်းကျင် ဖန်တီးပေးနေရာမှ ၂၀၃၀ ပြည့်နှစ်အရောက်တွင် အလုပ်အကိုင်ပေါင်း ၂၀၅၀၀ အထိ ဖန်တီးနိုင်ဖွယ် ရှိကြောင်းလည်း သိရသည်။
တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ကြည့်မည်ဆိုပါက မြန်မာနိုင်ငံအနေဖြင့် အလုပ်သမား၏ ထုတ်လုပ်မှုစွမ်းရည် (Productivity) တိုးတက်ရန်လို အပ်နေကြောင်း၊ မြန်မာနိုင်ငံ၏ လက်ရှိအလုပ် လုပ်နေသူများ၏ ပျမ်းမျှ အသက်သည် ၂၇ နှစ်ဖြစ်သော်လည်း ၂၀၃၅ ခုနှစ် အရောက်တွင် ၃၆ ဒသမ ၈ နှစ်အထိဖြစ်လာမည် ဖြစ်ကြောင်းလည်း ကြီးပွားချမ်းသာမှု ဖြစ်မလာခင် အသက်အရွယ်ကြီးမြင့်မည် အခြေအနေများ ရှိနေကြောင်းလည်း အစီရင်ခံစာတွင် ဖော်ပြချက်အရ သိရသည်။ 

Most Read

Most Recent