JICA နှင့် ပူးပေါင်းလုပ်ကိုင်မည့် ပုဂံဒေသ ခရီးသွားဖွံ့ဖြိုးတိုးတက်ရေးအတွက် ရှေ့ပြေးစီးမံကိန်းများ ထုတ်ပြန်

JICA နှင့် ပူးပေါင်းလုပ်ကိုင်မည့် ပုဂံဒေသ ခရီးသွားဖွံ့ဖြိုးတိုးတက်ရေးအတွက် ရှေ့ပြေးစီးမံကိန်းများ ထုတ်ပြန်
Published 24 June 2015
အောင်ရဲကို

ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (JICA) နှင့် ပူးပေါင်းလုပ်ကိုင်မည့် ပုဂံဒေသ ခရီးသွားဖွံ့ဖြိုးတိုးတက်ရေးအတွက် ရှေ့ပြေးစီမံကိန်းများကို ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်း ဝန်ကြီးဌာနမှ ထုတ်ပြန်ခဲ့သည်။“ပုဂံဒေသဆိုင်ရာ ခရီးသွားဖွံ့ဖြိုးတိုးတက်ရေး” အမည်ဖြင့် ထုတ်ပြန်ခဲ့သော စာရင်းအရ ဦးစားပေးရွေးချယ်ထားသည့် ရှေ့ပြေးစီမံကိန်း ၁၆ ခု ပါဝင်နေကြောင်း သိရသည်။ရှေ့ပြေးစီမံကိန်းများ အရပုဂံဒေသ၏ အမွေအနှစ်ကို ထိန်းသိမ်းခြင်း၊ မြှင့်တင်ခြင်းတို့ကို အဓိက လုပ်ဆောင်မည်ဖြစ်ကြောင်း သိရသည်။လူမှုအဖွဲ့အစည်း အခြေခံခရီးသွားလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ ခရီးသွားလုပ်ငန်းဆိုင်ရာ သတင်းအချက်အလက်များ ဖြန့်ဝေခြင်း၊ ခရီးသွားလုပ်ငန်း မြှင့်တင်ရေး ပစ္စည်းများ ထုတ်လုပ်ခြင်း၊ ခရီးသွားပြပွဲများ ကျင်းပခြင်းနှင့် မီဒီယာ အစီအစဉ်ဖြင့် ခရီးသွားလုပ်ငန်း မြှင့်တင်ခြင်းတို့ ပါဝင်သည်။ပုဂံရှေးဟောင်းအမွေအနှစ် ဒေသများတွင် ခရီးလှည့်လည်ရေးဆိုင်ရာ ပို့ဆောင်ရေး စီမံခန့်ခွဲမှုစနစ်ကို မြှင့်တင်ခြင်းနှင့် ရှေဟောင်းအထိမ်းအမှတ်ဇုန်များတွင် မြေယာအခင်းအကျင်းများကို ရှုချင်စဖွယ် ပြင်ဆင်ခြင်းတို့ကို ထည့်သွင်းထားသည်။ရှေးဟောင်းအဆောက်အအုံများ၊ ရှေးဟောင်းမြို့များနှင့် ရိုးရာယဉ်ကျေးမှုပေါများသည့် ပုဂံဒေသမှာ ပြည်ပခရီးသွားများ စိတ်ဝင်စားမှုအရှိဆုံး နေရာဖြစ်ပြီး တစ်နှစ်လျှင် နှစ်သိန်းနှင့်အထက် လာရောက်ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနမှ သိရသည်။ယင်းကြောင့် အစိုးရအနေဖြင့် JICA နှင့် ၂၀၁၄ ခုနှစ် နိုဝင်ဘာလမှ စတင်ကာ ပုဂံဒေသ ခရီးသွားဖွံ့ဖြိုးရေးအတွက် သုံးနှစ်တာ စီမံကိန်းတစ်ရပ်ကို စတင်လုပ်ကိုင်ခဲ့သည်။ယင်းအပြင် လက်ရှိတွင် ပုဂံဒေသအား Green City ပုံစံ ဆောင်ရွက်နိုင်ရန် စီစဉ်နေကြောင်း ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။Green City  ပုံစံတွင် စီမံကိန်းရေးဆွဲ အကောင်အထည်ဖော်ခြင်းနှင့် သဘာဝကို အခြေခံသည့် ခရီးသွားလုပ်ငန်း မြှင့်တင်ခြင်းအတွက်လည်း Green Myanmar Booklet ကို အင်္ဂလိပ်၊ ဂျပန်၊ ကိုရီးယား၊ မြန်မာဘာသာများဖြင့် ထုတ်ဝေရန် စီစဉ်နေကြောင်း သိရသည်။ပုဂံဒေသ ရှေးဟောင်းယဉ်ကျေးမှု နယ်မြေအတွင်းရှိ အဆောက်အအုံများ ထိခိုက်မပျက်စီးအောင် လုပ်ကိုင်ရန် လူလိုက်ပါသော မီးပုံးပျံများ ပျံသန်းမှု ဂရုပြု ဆောင်ရွက်ရန် ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်း ဝန်ကြီးဌာနမှ သတိပေးထားသည်။ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်း ဝန်ကြီးဌာနမှ မကြာမီက ရေးဆွဲပြီးစီးခဲ့သည့် မြန်မာခရီးသွား ပင်မစီမံကိန်းတွင်လည်း ပုဂံဒေသမှာ အရေးကြီးသည့် အစိတ်အပိုင်းတစ်ခုအဖြစ် ပါဝင်ကြောင်း သိရသည်။

Most Read

Most Recent