တေးသံရှင် လွှမ်းပိုင်နှင့် တွေ့ဆုံခြင်း

တေးသံရှင် လွှမ်းပိုင်နှင့် တွေ့ဆုံခြင်း
Published 16 June 2015
သဲသီရိကျော်

ယနေ့ အင်တာဗျူးကဏ္ဍတွင် တွေ့ဆုံမေးမြန်းဖြစ်သူကတော့ လူငယ် Hip Hop  တေးသံရှင် လွှမ်းပိုင် ဖြစ်ပါတယ်။ တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေပြီးချိန်မှာ Hip Hop ဂီတရဲ့ Underground နယ်ပယ်မှာ ၈၉ ဆိုတဲ့အဖွဲ့နဲ့အတူ စတင်ကျင်လည်ခဲ့ပြီး ၂၀၀၉ ခုနှစ်မှာတော့ တေးသံရှင် ရဲလေးရဲ့ တတိယကာရန်တေးစီးရီးမှာ “နှုတ်မဆက်ချင်ဘူး”တေးသီချင်း ပါဝင်သီဆိုဖြစ်ရင်း ပရိသတ်တွေရဲ့အားပေးမှုနဲ့အတူ ဂီတလောကရဲ့ Main Stream ပေါ်ကို ရောက်ရှိလာခဲ့တဲ့ လွှမ်းပိုင်က အခုချိန်မှာတော့ အတွဲတေးစီးရီးများစွာနဲ့ ဖျော်ဖြေပွဲများစွာမှာ ပါဝင်လာနိုင်ခဲ့သလို ဂီတဆုများလည်း ရရှိခဲ့ပါတယ်။ အခုဆိုရင် ဇာတ်ကားတွေမှာပါ ပါဝင်သရုပ်ဆောင်လာပြီဖြစ်တဲ့ လွှမ်းပိုင်နဲ့ လက်ရှိ အနုပညာရေးရာအဖြာဖြာတို့ကို  တွေ့ဆုံမေးမြန်းဖြစ်ခဲ့ပါတယ်။
 
မေး - အဆိုတော်တစ်ယောက်အဖြစ်ကနေ သရုပ်ဆောင်တစ်ယောက်အဖြစ်ပါ ဇာတ်ကားတွေမှာ ပါဝင်သရုပ်ဆောင်လာဖြစ်ခဲ့ပုံက စပြီးပြောပြပေးပါ။
 
ဖြေ - မနှစ်လောက်ကတည်းက ကိုဘိုစန်းတို့ Bo Bo Entertainment ကနေ ကျွန်တော်တို့ ဂီတလူငယ်တွေနဲ့ ရုပ်ရှင်ကားတစ်ကား ရိုက်ဖို့ ကမ်းလှမ်းခဲ့ပါတယ်။ အခု Bo Bo Entertainment ကနေ ရုပ်ရှင်ထုတ်လုပ်ရေး လုပ်ငန်းလုပ်တဲ့အခါကျတော့ ကျွန်တော့်မှာလည်း ကိုယ်ရိုက်ချင်တဲ့ ဇာတ်လမ်းမျိုးလေးတွေ စဉ်းစားထားတာရှိတော့ သူတို့ကို ပြောပြတယ်။ အားလုံးအဆင်ပြေတဲ့အတွက် ဇာတ်ကားတွေမှာ သရုပ်ဆောင်တစ်ယောက်အဖြစ် ပါဝင်ရိုက်ကူးဖြစ်လာခဲ့ပါတယ်။လောလောဆယ်တော့ Bo Bo Entertainment နဲ့ပဲ ဇာတ်ကားတွေ ရိုက်ဖြစ်နေပါတယ်။
 
မေး - ပထမဆုံး သရုပ်ဆောင် ခင်ဝင့်ဝါနဲ့ သရုပ်ဆောင်ခဲ့တဲ့ “ဂျာကင်အဟောင်းလေး”ဆိုတဲ့ ဇာတ်လမ်းကိုရော ဘယ်လိုစဉ်းစားဖြစ်ခဲ့တာလဲ။
 
ဖြေ - ကျွန်တော်က အရင်ထဲက သရုပ်ဆောင်တွေထဲမှာဆိုရင် ကိုသားကြီး(ဒွေး) ကို အရမ်းခရေဇီ ဖြစ်တယ်။ သူ့ဇာတ်ကားတွေထဲမှာ တက္ကသိုလ်နောက်ခံနဲ့ ကျောင်းသားဇာတ်လမ်းလေးတွေဆိုရင် တော်တော်လေး သဘောကျတယ်။ နောက်ပိုင်းမှာ အဲဒီလိုဇာတ်ကားမျိုးတွေ ရိုက်ရင်ကောင်းမယ်လို့ စဉ်းစားမိတယ်။ အခုနောက်ပိုင်းမှာ လူငယ်ကျောင်းသားဇာတ်လမ်းမျိုးလေးတွေ ရိုက်တာနည်းနေတယ်ဆိုတော့ ကျွန်တော်ကိုယ်တိုင်လည်း ကျောင်းသားတစ်ယောက် ပုံစံမျိုးနဲ့ လူငယ်ဇာတ်လမ်းလေးလည်း ရိုက်ချင်လို့ ဒီ “ဂျာကင်အဟောင်းလေး”ဆိုတဲ့ ဇာတ်လမ်းကို ကိုယ်စဉ်းစားထားတဲ့အတိုင်း ဒါရိုက်တာကိုပြောပြညှိနှိုင်းပြီး ရိုက်ကူးဖြစ်ခဲ့တာပေါ့။
 
မေး - အခု ဒုတိယမြောက်ဇာတ်ကားအနေနဲ့ ထိုင်းမင်းသမီး ကရဗီနဲ့ ရိုက်ထားတဲ့ ၆၇ ပလာဇာ ဇာတ်ကားလေးကလည်း နည်းနည်းဆန်းတယ်နော်။
 
ဖြေ - ဟုတ်။ အဲဒီဇာတ်ကားက ဆေးသမားကောင်လေးနဲ့ တက်တူးဆရာမလေးတို့ ဇာတ်လမ်းပေါ့။သရဲဇာတ်ကားလေးပါ။ ထူးထူးခြားခြားအနေနဲ့ ဒီဇာတ်ကားထဲမှာ ကျွန်တော်က ထိုင်းဘာသာစကားနဲ့ပြောရတာပေါ့။ဒီဇာတ်ကားကို ရိုက်ကူးပေးတဲ့ ဒါရိုက်တာကို သည်ခေတ်နေကလည်း လူငယ်တစ်ယောက်ဖြစ်တဲ့အပြင် သူကလည်း ဇာတ်ကားတွေရိုက်ရင် အဲဒီလို ထူးထူးဆန်းဆန်းလေးတွေ ရိုက်ကူးပေးတတ်တဲ့အတွက် ဇာတ်ကားရိုက်ကူးတဲ့ နေရမှာတော့ အားလုံးအဆင်ပြေခဲ့တယ်။
 
မေး - ထိုင်းဘာသာစကားနဲ့ ပြောရတာဆိုတော့ သရုပ်ဆောင်အသစ်တစ်ယောက်အနေနဲ့ အခက်အခဲတွေ ရှိခဲ့မလား။
 
ဖြေ - ဇာတ်ဝင်ခန်းတွေမှာ ကျွန်တော် ပြောရမယ့် ဒိုင်ယာလော့တွေကို သေချာကြိုတင်လေ့ကျင့်ထားပေမယ့် သူတို့ ထိုင်းဘာသာစကား အသံထွက်တဲ့နေရာ ဥပမာ ဒေါသဖြစ်တဲ့ အခန်းတွေဆိုရင် ပြောတဲ့ အသံအနေအထားတွေမှာ လိုအပ်ချက်တွေတော့ ရှိနိုင်ပါတယ်။
 
မေး - လက်ရှိ အနုပညာလှုပ်ရှားမှုအနေနဲ့ရော ဘာတွေလုပ်ဖြစ်နေလဲ။
 
ဖြေ - ဟိုတစ်လောကမှ ၆၇ ပလာဇာဇာတ်ကားရိုက်ကူးပြီးသွားတာပါ။ အခု ကျွန်တော့်ရဲ့ “ဂီတစာဆိုလွှမ်းပိုင်”တးစီးရီး MTV ထွက်ရှိဖို့နဲ့ နောက်ထပ် စီးရီးအတွက် သီချင်းတွေလည်း ရေးဖြစ်နေပါတယ်။
 
 

Most Read

Most Recent