မြန်မာ ယူ-၂၃ အသင်းနည်းပြချုပ် ဦး ကြည်လွင်က ဗီယက်နမ်အသင်းကို အနိုင်ယူ ပြီး ဆီးဂိမ်းစ်ဗိုလ်လုပွဲသို့ တက်ရောက်နိုင်ခဲ့ ခြင်းမှာ ပရိသတ်များ၏ တစ်ခဲနက်အားပေး မှုနှင့် ကစားသမားများ၏ ကြိုးစားအားထုတ် မှုကြောင့်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
မြန်မာ ယူ-၂၃ အသင်းသည် ဆီးဂိမ်းစ် ပြိုင်ပွဲ ဆီမီးပွဲစဉ်တွင် ဗီယက်နမ်အသင်းကို (၂-၁)ဂိုးဖြင့် အနိုင်ရရှိပြီး ဗိုလ်လုပွဲသို့ တက် ရောက်နိုင်ခဲ့ခြင်းဖြစ်သည်။ နည်းပြချုပ် ဦး ကြည်လွင်က "ဗီယက်နမ်အသင်းနဲ့ယှဉ်ရင် ကျွန်တော်တို့အသင်းက အတွေ့အကြုံအများကြီး နည်းပါတယ်။ ကျွန်တော်တို့မှာ သူတို့ ထက်သာတာက ကြိုးစားမှုနဲ့ စိတ်ဓာတ်ပဲ ရှိပါတယ်။ ဒီပွဲမှာ အနိုင်ရခဲ့တာကလည်း ကစားသမားတွေရဲ့ ကြိုးစားမှုကြောင့်ပါ။ နောက်တစ်ခုက ပရိသတ်တွေရဲ့ အားပေးမှုကြောင့်ပါ။ စင်ကာပူမှာရှိတဲ့ ပရိသတ်တွေက ကွင်းထဲမှာ လာရောက်အားပေးတယ်။ မြန်မာနိုင်ငံက ပရိသတ်တွေက တီဗွီကနေ အားပေးတယ်။ ရည်ရွယ်ချက်ကတော့ အသင်းအနိုင်ရဖို့ အတွက်ပါ ။ အားပေးတဲ့အတွက်လည်း အရမ်းကို ကျေးဇူးတင်ပါတယ်။ ဗိုလ်လုပွဲတက်ရောက် နိုင်ခဲ့တာဟာ ကစားသမားတွေရဲ့ ကြိုးစားမှုနဲ့ ပရိသတ်တွေရဲ့ တစ်ခဲနက် အားပေးမှုကြောင့်ပါ။ ဗိုလ်လုပွဲမှာ ဘယ်အသင်းနဲ့ပဲ တွေ့တွေ့ အနိုင်ရအောင် ယှဉ်ပြိုင်သွားမှာ ပါ"ဟု ပြောကြားခဲ့သည်။
မြန်မာ ယူ-၂၃ အသင်းသည် ဆီးဂိမ်းစ်ပြိုင်ပွဲတွင် ၂၀၀၇ ပြိုင်ပွဲနောက်ပိုင်း ဗိုလ်လုပွဲသို့ ပြန်လည် တက်ရောက်နိုင်ခြင်းဖြစ်ပြီး ရှစ်နှစ်ကြာမြင့်ခဲ့ကြောင်း သိရသည်။
မြန်မာ ယူ-၂၃ အသင်းသည် ပြီးခဲ့သည့် ဆီးဂိမ်းစ်ပြိုင်ပွဲများ၌ နိုင်ငံခြားသားနည်းပြများနှင့်သာ ယှဉ်ပြိုင်ခဲ့သော်လည်း ယခုပြိုင်ပွဲမှသာ ပြည်တွင်းနည်းပြဖြင့် ယှဉ်ပြိုင်ခဲ့ခြင်းဖြစ်သည်။ မြန်မာ ယူ-၂၃ အသင်းသည် အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့သည့် ဆီးဂိမ်းစ်ပြိုင်ပွဲ တွင် အောင်မြင်မှုမရရှိခဲ့ဘဲ အုပ်စုအဆင့်မှ ထွက်ခဲ့ရသည်။
မြန်မာအသင်း ဆီးဂိမ်းစ်ဗိုလ်လုပွဲသို့ တက်ရောက်နိုင်ခဲ့ခြင်းမှာ ပရိသတ်များ၏ အားပေးမှုနှင့် ကစားသမားများ၏ စိတ်ဓာတ်ပိုင်းက အဓိကကျခဲ့ဟု နည်းပြချုပ် ဦးကြည်လွင် ပြောကြား