စင်ကာပူ ဆီးဂိမ်းစ်ပြိုင်ပွဲဝင်မည့် မြန်မာ ယူ-၂၃ အသင်းနှင့် ထိုင်း ယူ-၂၃ အသင်းတို့ မေ ၁၆ ရက်တွင် ထိုင်းနိုင်ငံ၌ ခြေစမ်းမည်

စင်ကာပူ ဆီးဂိမ်းစ်ပြိုင်ပွဲဝင်မည့် မြန်မာ ယူ-၂၃ အသင်းနှင့် ထိုင်း ယူ-၂၃ အသင်းတို့ မေ ၁၆ ရက်တွင် ထိုင်းနိုင်ငံ၌ ခြေစမ်းမည်
Published 10 May 2015

ဆီးဂိမ်းစ်ပြိုင်ပွဲဝင်မည့် မြန်မာ ယူ-၂၃ အသင်းနှင့် ထိုင်းအသင်းတို့သည် လာမည့် မေ ၁၆ ရက်တွင် ထိုင်းနိုင်ငံ ဘန်ကောက်မြို့၌ ခြေစမ်းကစားသွားမည်ဖြစ်ကြောင်း သိရသည်။ မြန်မာ ယူ-၂၃ အသင်းသည် ပြိုင်ပွဲအကြို ပြင်ဆင်မှုအဖြစ် ထိုင်းနိုင်ငံနှင့် ဗီယက်နမ်နိုင်ငံတို့တွင် ခြေစမ်းပွဲများ ယှဉ်ပြိုင်ကစားရန် မေ ၁၂ ရက်၌ ရန်ကုန်မြို့မှ ထွက်ခွာမည်ဖြစ်ကြောင်း သိရသည်။     မြန်မာ ယူ-၂၃ အသင်းသည် ထိုင်းနိုင်ငံတွင် လာမည့် မေ ၁၂ ရက်မှ ၁၈ ရက်အထိ လေ့ကျင့်မည်ဖြစ်ပြီး မေ ၁၄ ရက်၌ ထိုင်းကလပ်အသင်း တစ်သင်းနှင့် လည်းကောင်း၊ မေ ၁၆ ရက်တွင် ထိုင်း ယူ-၂၃ အသင်းနှင့် လည်းကောင်း ခြေစမ်းမည်ဖြစ်သည်။ မြန်မာ ယူ-၂၃ အသင်းသည် မေ ၁၉ ရက်တွင် ဗီယက်နမ်နိုင်ငံသို့ ထွက်ခွာမည်ဖြစ်သည်။ ဟိုချီမင်းမြို့တွင် ငါးရက်ကြာနေထိုင်၍ ခြေစမ်းပွဲနှစ်ပွဲ ကစားမည်ဖြစ်ပြီး မေ ၂၀ ရက်တွင် ဗီယက်နမ်ကလပ်အသင်း၊ မေ ၂၂ ရက်တွင် ဗီယက်နမ် ယူ-၂၃ အသင်းတို့နှင့် ခြေစမ်းကစားမည် ဖြစ်သည်။ မြန်မာ ယူ-၂၃ အသင်းသည် ထိုင်းခြေစမ်းခရီးစဉ် မသွားရောက်မီ နောက်ဆုံးခြေစမ်းပွဲအဖြစ် မေ ၁၁ ရက်(ယနေ့) ညနေပိုင်းတွင် ယူ-၂၀ ကမ္ဘာ့ဖလားပြိုင်ပွဲဝင်မည့် မြန်မာ ယူ-၂၀ အသင်းနှင့် ခြေစမ်းကစားမည် ဖြစ်သည်။ မြန်မာ ယူ-၂၃ အသင်းသည် ယခု ခြေစမ်းခရီးစဉ်ကို ပဏာမကစားသမား ၂၃ ဦးဖြင့် သွားရောက်မည်ဖြစ်ပြီး ဗီယက်နမ် ယူ-၂၃ အသင်းနှင့် ခြေစမ်းပွဲပြီးမှသာ အပြီးသတ် ၂၀ ဦးကို ရွေးချယ်သွားမည်ဖြစ်သည်။မြန်မာ ယူ-၂၃ အသင်းသည် နောက်ဆုံးကစားခဲ့သည့် ခြေစမ်းပွဲ၌ မကွေးအသင်းကို (၂-ဝ)ဂိုးဖြင့် အနိုင်ရရှိထားသည်။မြန်မာ ယူ-၂၃ အသင်း
အုပ်ချုပ်သူ  -  ဦးသန်းတိုးအောင်  နည်းပြချုပ်  -  ဦးကြည်လွင်လ/ထနည်းပြ  -  ဦးကျော်လွင်၊  ဦးမြင့်ကို  ဂိုးနည်းပြ -   ဦးအောင်သက်ဂိုး  -  ကျော်ဇင်ဖြိုး၊ ချမ်းငြိမ်း ကျော်၊ အောင်ဝေဖြိုး  နောက်  -  ရဲဝင်းအောင်၊ ကျော်ဇင်လွင်၊ သောင်လပ်ထန်၊ ကိုကိုဟိန်း၊  ဖြိုးကိုကိုသိန်း၊ စည်သူအောင်၊ ဟိန်းသီဟဇော်၊  သိန်းနိုင်ဦး  လယ်  -  နေလင်းထွန်း၊ ချစ်စုမိုး၊ လှိုင်းဘိုဘို၊ အောင်ရှိုး သာမောင်၊ ရဲကိုဦး၊ ဇွန်မိုးအောင်၊ သီဟဇော်၊ အောင်ကျော်နိုင်၊ ဝင်းဇင်ဦး  ရှေ့  -  ကောင်းဆက်နိုင်၊ ရှိုင်းသူရ၊ သန်းထက်အောင်