၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်၌ ရန်ကုန်ဆိပ်ကမ်းသို့ ကုန်သေတ္တာတင် သင်္ဘော ၅၀၀ ကျော်ဖြင့် ပို့ကုန် ကုန်သေတ္တာ သုံးသိန်းကျော်တင်ပို့

၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်၌ ရန်ကုန်ဆိပ်ကမ်းသို့ ကုန်သေတ္တာတင် သင်္ဘော ၅၀၀ ကျော်ဖြင့် ပို့ကုန် ကုန်သေတ္တာ သုံးသိန်းကျော်တင်ပို့
Published 20 April 2015
ရွှန်းလဲ့ဝင်း

၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်၌ ရန်ကုန် ဆိပ်ကမ်းသို့ ကုန်သေတ္တာတင် သင်္ဘောစင်းရေ ၅၀၀ ကျော်ဖြင့် ပို့ကုန်ကုန်သေတ္တာ အလုံးရေ ၃၀၀၀၀၀ ကျော် သယ်ဆောင်နိုင်ခဲ့ကြောင်း မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ ထုတ်ပြန်သော သတင်းအချက်လက်များအရ သိရသည်။
၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်၌ ရန်ကုန်ဆိပ်ကမ်းများသို့ ကုန်သေတ္တာတင်သင်္ဘောများ ဝင်ရောက်ဆိုက်ကပ်မှုမှာ ဧပြီလ၌ ကုန် သေတ္တာတင်သင်္ဘော ခေါက်ရေ ၅၅ နှင့် ကုန်သေတ္တာအလုံးရေ ၂၈၇၇၈ လုံး၊ မေလ၌ ကုန်သေတ္တာတင်သင်္ဘော ခေါက်ရေ ၅၀ နှင့် ကုန်သေတ္တာအလုံးရေ ၃၀၂၁၅ လုံး၊ ဇွန်လ၌ ကုန်သေတ္တာတင်သင်္ဘော ခေါက်ရေ ၅၂ နှင့် ကုန်သေတ္တာအလုံးရေ ၃၁၇၉၂ လုံး၊ ဇူလိုင်လ၌ ကုန်သေတ္တာတင်သင်္ဘော ခေါက် ရေ ၅၂ ခေါက်နှင့် ကုန်သေတ္တာအလုံးရေ ၂၈၉၉၁ လုံး၊ သြဂုတ်လ၌ ကုန်သေတ္တာတင် သင်္ဘော ခေါက်ရေ ၅၆ နှင့် ကုန်သေတ္တာအလုံး ရေ ၃၄၈၅၇ လုံး၊ စက်တင်ဘာလ၌ ကုန် သေတ္တာတင်သင်္ဘော ခေါက်ရေ ၄၇ ခေါက် နှင့် ကုန်သေတ္တာအလုံးရေ ၂၉၂၆၉ လုံး၊  အောက်တိုဘာလ၌ ကုန်သေတ္တာတင်သင်္ဘော ခေါက်ရေ ၅၄ ခေါက်နှင့် ကုန်သေတ္တာအလုံး ရေ ၂၇၅၅၇ လုံး၊ နိုဝင်ဘာလ၌ ကုန်သေတ္တာ တင်သင်္ဘော ခေါက်ရေ ၄၈ ခေါက်နှင့် ကုန် သေတ္တာအလုံးရေ ၂၈၀၇၁ လုံး၊ ဒီဇင်ဘာလ ၌ ကုန်သေတ္တာတင်သင်္ဘော ခေါက်ရေ ၅၆ ခေါက်နှင့် ကုန်သေတ္တာအလုံးရေ ၃၃၈၂၂ လုံး၊ ဇန်နဝါရီလ၌  ကုန်သေတ္တာတင်သင်္ဘော ခေါက်ရေ ၆၃ ခေါက်နှင့် ကုန်သေတ္တာအလုံး ရေ ၃၂၄၄၉ လုံးဖြင့်ပို့ကုန်များကို တင်ပို့ခဲ့ ခြင်းဖြစ်သည်။
အဆိုပါ ကုန်သေတ္တာတင် သင်္ဘောများမှ တင်ပို့ခဲ့သောကုန်ပစ္စည်းများမှာ ပဲ၊ ပြောင်း၊ နှမ်း၊ ဆန်၊ သစ်၊ သစ်တောထွက်ပစ္စည်း (အခြား)၊ အထည်၊ ရေထွက်၊ ရာဘာ၊ အထွေထွေကုန်ပစ္စည်းနှင့် ကုန်သေတ္တာအခွံတို့ဖြစ်သည်။