ချယ်လ်ဆီးအသင်းနည်းပြ မော်ရင်ဟိုက မိမိအသင်းမှာ ပရီးမီးယားလိဂ် ချန်ပီယံဆု ဆွတ်ခူးနိုင်ရန် သေချာလုနီးပါး ဖြစ်သွားပြီဟု မန်ယူအသင်းကို အနိုင်ရရှိခဲ့သည့်ပွဲ အပြီး၌ ကြုံးဝါးပြောဆိုခဲ့သည်။ချယ်လ်ဆီးအသင်းသည် ယင်းပွဲ အနိုင်ရခဲ့သောကြောင့် ၇၆ မှတ်ရရှိထားပြီး ဒုတိယနေရာမှ အာဆင်နယ်နှင့် ၃၂ ပွဲစီ ကစားအပြီးတွင် ၁၀ မှတ် အသာရထားကြောင်း သိရသည်။ ထို့ကြောင့် ချယ်လ်ဆီးအသင်းမှာ လက်ကျန်ခြောက်ပွဲအနက် နှစ်ပွဲအနိုင်ရလျှင် ချန်ပီယံဆုရရှိရန် သေချာသွားမည်ဖြစ်သည်။ သို့သော် မော်ရင်ဟိုက သချာၤနည်းအရ ချန်ပီယံဖြစ်ရန် ရှစ်မှတ်လိုအပ်နေသေးကြောင်းလည်း သုံးသပ်ပြောကြားခဲ့သည်။ “ကျွန်တော့်အသင်းက ချန်ပီယံဖြစ်လုနီးပါး အခြေအနေ ရောက်နေပြီလို့ ခံစားမိပါတယ်။ ဒါပေမဲ့ ဘောလုံးမှာ သေချာလုနီးပါးဆိုတာ ဘာမှမရှိပါဘူး။ ကျွန်တော့်အသင်းအနေနဲ့ ချန်ပီယံဖြစ်ဖို့ ရှစ်မှတ် လိုအပ်ပါသေးတယ်။ ဒါက ရိုးရှင်းတဲ့ သချာၤနည်းအရ တွက်ချက်မှုပါပဲ။ ရာသီမကုန်ခင် လက်ကျန်ခြောက်ပွဲ ကစားဖို့ ကျန်နေသေးပြီး သုံးပွဲက အိမ်ကွင်းမှာ ကစားရမှာဖြစ်သလို သုံးပွဲက အဝေးကွင်းမှာပါ။ အသင်းတိုင်းက အမှတ်လိုနေတာကြောင့် ပွဲစဉ်တိုင်းက ခက်ခဲမှာပါ။ ဒါပေမဲ့ အသင်းရဲ့ အခြေအနေက ကောင်းပါတယ်” ဟု မော်ရင်ဟိုက ပြောကြားခဲ့သည်။မန်ယူအသင်းကို အနိုင်ရရှိပြီးနောက် အောင်ပွဲခံနေသည့် ချယ်လ်ဆီးကစားသမား (ပုံကြီး)နှင့် နည်းပြ မော်ရင်ဟို(ပုံသေး) (Photo:AFP)
ထို့ပြင် မော်ရင်ဟိုက မန်ယူအသင်းနှင့်ပွဲ၌ ဘောလုံးပိုင်ဆိုင်မှု ၂၉ ရာခိုင်နှုန်းသာ ရရှိခဲ့ခြင်းအတွက်လည်း ကာကွယ်ပြောကြားမှု ပြုလုပ်ခဲ့သည်။ “ဒီပွဲမှာ ကျွန်တော်လိုချင်တဲ့ ပုံစံအတိုင်း ကစားသမားတွေက အတိအကျ ကစားနိုင်ခဲ့ပါတယ်။ မလုပ်နိုင်ခဲ့တဲ့ အရာတစ်ခုကတော့ ဒုတိယဂိုး မသွင်းနိုင်ခဲ့တာပါပဲ။ ကျွန်တော့်အသင်းက သူတို့ကစားသမားတွေ လှုပ်ရှားခွင့်မရအောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။ သူတို့က ကျွန်တော်တို့ ကစားကွက်ထဲ ကျရောက်နေခဲ့တယ်ဆိုတာ ဘယ်သူမှ မသိကြပါဘူး။ ဘောလုံးဆိုတာ အရည်အသွေးချင်း ယှဉ်ပြိုင်တာဖြစ်သလို နည်းဗျူ ဟာကလည်း အရေးကြီးပါတယ်” ဟု ၎င်းကဆိုသည်။ ယင်းပွဲမှာ ချယ်လ်ဆီးအတွက် ပွဲချိန် မိနစ် ၉၀ အတွင်း ဘောလုံးပိုင်ဆိုင်မှု ရာခိုင်နှုန်း အနည်းဆုံးပွဲဖြစ်ခဲ့ကြောင်း သိရသည်။
ချန်ပီယံဖြစ်ရန် အလွန်နီးစပ်သွားပြီဟု ချယ်လ်ဆီးအသင်းနည်းပြ မော်ရင်ဟို ကြုံးဝါး
Most Read
Most Recent
4 hours ago
4 hours ago
4 hours ago
4 hours ago
4 hours ago
4 hours ago