ဥက္ကဋ္ဌနှင့် အလုပ်အမှုဆောင်များ ပြန်လည်ရွေးချယ်မည့် မွန်အမျိုးသားပါတီ၏ ပထမအကြိမ်ညီလာခံ မော်လမြိုင်မြို့၌ သုံးရက်ကြာ ပြုလုပ်မည်

ဥက္ကဋ္ဌနှင့် အလုပ်အမှုဆောင်များ ပြန်လည်ရွေးချယ်မည့် မွန်အမျိုးသားပါတီ၏ ပထမအကြိမ်ညီလာခံ မော်လမြိုင်မြို့၌ သုံးရက်ကြာ ပြုလုပ်မည်
Published 27 January 2015

ဥက္ကဋ္ဌနှင့် အလုပ်အမှုဆောင်များ ပြန်လည်ရွေးချယ်မည့် မွန်အမျိုးသားပါတီ (MNP) ၏ ပထမအကြိမ် ညီလာခံကို ဇန်နဝါရီ ၂၈ ရက်မှ ၃ဝ ရက်အထိ မွန်ပြည်နယ် မော်လမြိုင်မြို့၌ ပြုလုပ်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။မွန်အမျိုးသားပါတီသည် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီမှ ဥက္ကဋ္ဌ အပါအဝင် ပါတီဝင် အများအပြား လာရောက်ပေါင်းစည်းသောကြောင့် ယခင် မွန်ဒီမိုကရေစီကို အမည်ပြောင်းလဲခဲ့ကာ ပါတီသစ်အဖြစ် ပြန်လည်ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။“ပါတီတည်ဆောက်ရေး လုပ်ငန်းတွေ၊ ၂ဝ၁၅ ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ လျာထားချက်တွေ အပါအဝင် ဥက္ကဋ္ဌ၊ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်တွေ ပြန်လည်ရွေးချယ်သွားမှာ ဖြစ်ပါတယ်” ဟု မွန်အမျိုးသားပါတီမှ  ဗဟိုအလုပ်အမှုဆောင် ဦးနိုင်စံလှိုင်က ပြောကြားသည်။၂ဝ၁၄ ခုနှစ် မတ်လတွင် အမည်ပြောင်းလဲခွင့် ကျခဲ့ပြီးနောက်ပိုင်းတွင် ဥက္ကဋ္ဌ၏နေရာအား ယခင် မွန်ဒီမိုကရေစီပါတီဥက္ကဋ္ဌနှင့် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီဥက္ကဋ္ဌတို့က ပူးတွဲတာဝန်ယူခဲ့ကာ ၄၂ ဦးပါ ယာယီဗဟိုအလုပ်အမှုဆောင် ကော်မတီကိုလည်း ဖွဲ့စည်းထားခဲ့သည်။မွန်အမျိုးသားပါတီသည် အမည်မပြောင်းလဲခင်က မွန်ဒီမိုကရေစီပါတီ အနေဖြင့် ၁၉၉ဝ ပြည့်နှစ်ရွေးကောက်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်နှင့် မဟာမိတ်ပြုထားသော ပါတီတစ်ခုဖြစ်ကာ ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို လက်မခံဘဲ ၂ဝ၁ဝ ရွေးကောက်ပွဲ၌ ဝင်ရောက်ယှဉ်ပြိုင်မှု မပြုလုပ်ခဲ့သော ပါတီတစ်ခုဖြစ်သည်။မွန်အမျိုးသားပါတီသည် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့ (UNA) အဖွဲ့ဝင် ပါတီတစ်ခုလည်း ဖြစ်သည်။

Most Read

Most Recent