မြန်မာ ယူ-၂၀ အသင်း အီရန်ယူ-၂၂ အသင်းကို ရှုံးနိမ့်

မြန်မာ ယူ-၂၀ အသင်း အီရန်ယူ-၂၂ အသင်းကို ရှုံးနိမ့်
Published 26 January 2015

တူရကီနိုင်ငံ၌ လေ့ကျင့်မှုများ ပြုလုပ်လျက်ရှိသည့် မြန်မာ ယူ-၂၀ အသင်းသည် ဇန်နဝါရီ ၂၅ ရက်က အီရန် ယူ-၂၂ အသင်းနှင့် ခြေစမ်းကစားခဲ့ရာ ၃-၁ ဂိုးဖြင့် ရှုံးနိမ့်ခဲ့ကြောင်းသိရသည်။မြန်မာယူ-၂၀ အသင်းသည် အမာခံကစားသမား အစုံအလင်ဖြင့် ပွဲထွက်ကစားခဲ့သော်လည်းအီရန် ယူ-၂၂ အသင်းကို ရှုံးနိမ့်ခဲ့ရခြင်းဖြစ်သည်။အီရန် ယူ-၂၂ အသင်းသည် ၂၀၁၆ အိုလံပစ်ပြိုင်ပွဲ ဝင်ခွင့်ရရှိရန် ရည်မှန်းချက်ထား ပြင်ဆင်နေသည့် အသင်းဖြစ်ပြီး တူရကီနိုင်ငံတွင် ပြီးခဲ့သည့် ဒီဇင်ဘာလကတည်းက လာရောက်လေ့ကျင့်နေသည့် အသင်းဖြစ်ကြောင်း သိရသည်။အီရန်အသင်းက ၇၊ ၁၉ မိနစ်များတွင် သွင်းယူသော ဂိုးများဖြင့် ပထမပိုင်း နှစ်ဂိုးပြတ် အနိုင်ရနေခဲ့ပြီး ၈၃ မိနစ်တွင် မောင်မောင်စိုးက မြန်မာအသင်းအတွက် ချေပဂိုးတစ်ဂိုး သွင်းယူပေးခဲ့သည်။ မြန်မာအသင်း ခြေပဂိုးထပ်မံ ရရှိရန် ကြိုးပမ်းခဲ့သော်လည်း ၈၉ မိနစ်တွင် အီရန်အသင်းက တတိယဂိုး သွင်းယူခဲ့သောကြောင့် မြန်မာအသင်း ပွဲအပြီးတွင် ၃-၁ ဂိုးဖြင့် ရှုံးနိမ့်ခဲ့ရခြင်းဖြစ်သည်။

Most Read

Most Recent