၂၀၁၅ ဘဏ္ဍာနှစ်အတွင်း အခွန်ရငွေသည် ယခင်နှစ်ထက် ၁၈ ဘီလျံ ပိုရရန် ရှိသော်လည်း အစိုးရ၏ တည်ဆောက်ရေး လုပ်ငန်းများအတွက် ဘီလျံ ၂၆၀၀၀ အထိ တောင်းခံမှုကြောင့် ဝန်ထမ်းများ လစာတိုးပေးနိုင်ခြေ မရှိဟု လွှတ်တော်ကိုယ်စားလှယ်တစ်ဦး သုံးသပ်

၂၀၁၅ ဘဏ္ဍာနှစ်အတွင်း အခွန်ရငွေသည် ယခင်နှစ်ထက် ၁၈ ဘီလျံ ပိုရရန် ရှိသော်လည်း အစိုးရ၏ တည်ဆောက်ရေး လုပ်ငန်းများအတွက် ဘီလျံ ၂၆၀၀၀ အထိ တောင်းခံမှုကြောင့် ဝန်ထမ်းများ လစာတိုးပေးနိုင်ခြေ မရှိဟု လွှတ်တော်ကိုယ်စားလှယ်တစ်ဦး သုံးသပ်
Published 25 January 2015
ဝေယံဖြိုးဦး၊ မျိုးမင်းထက်

၂၀၁၅ ဘဏ္ဍာနှစ်အတွင်း အခွန်ရငွေသည် ယခင်နှစ်ထက် ၁၈ ဘီလျံ ပိုရရန် ရှိသော်လည်း အစိုးရ၏ တည်ဆောက်ရေးလုပ်ငန်းများအတွက် ဘီလျံ ၂၆၀၀၀ အထိ တောင်းခံမှုကြောင့် ဝန်ထမ်းများအား လစာတိုးပေးနိုင်ခြေ မရှိဟု သာပေါင်းမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းသန်းက သုံးသပ်ပြောကြားသည်။ဦးဝင်းသန်းက “ကျွန်တော်တို့အားလုံး လက်ထဲမှာ ပြီးခဲ့တဲ့ရက်က ရောက်ရှိနေတဲ့ ၂၀၁၅-၂၀၁၆ ရဲ့ နိုင်ငံတော် အခွန်ရငွေပေါင်းဟာ လျာထားနိုင်တာဟာ ဘီလျံ ၆၀၂၅ ကျော် ဖြစ်ပါတယ်။ ယမန်နှစ်က ပြုပြင်ပြီး စာရင်းအရ ၆၀၀၇ ဘီလျံကျော်ကျော် ဖြစ်တဲ့အတွက် ပိုရမယ်လို့ ခန့်မှန်းတဲ့ အခွန်ရငွေဟာ ၁၈ ဘီလျံသာ ဖြစ်ပါတယ်။ လက်ရှိ ကျွန်တော်တို့ သိထားတဲ့ ဝန်ထမ်းဦးရေ ၁ ဒသမ ၄ သန်းနဲ့ဆိုရင် တစ်ယောက်ကို ကျပ်တစ်သောင်းစီပဲ တိုးမြှင့်ပေးမယ် ဆိုရင်တောင် တစ်လတည်းနဲ့ ၁၄ ဘီလျံ ကုန်သွားမှာ ဖြစ်ပါတယ်။ ဆိုလိုတာကတော့ ဝန်ထမ်းတွေကို လစာတိုးပေးနိုင်ခြေ မရှိဘူးဆိုတဲ့ အဖြေထွက်နေပါတယ်။ ထို့အတူ နိုင်ငံပိုင် ရင်းနှီးမြှုပ်နှံမှုများကို ပြီးခဲ့တဲ့ လွှတ်တော်မှာ ကျွန်တော်ကိုယ်တိုင် အရေးကြီးအဆိုနဲ့ တင်ခဲ့တာမှာ လျှော့သင့်လျှော့ထိုက်တဲ့ စီမံကိန်းတွေလျှော့ဖို့ တင်ခဲ့တာ လွှတ်တော်မှာ အတည်ပြုခဲ့ပါတယ်။ သို့ရာတွင် ယခုတက်လာတဲ့ နိုင်ငံပိုင် ရင်းနှီးမြှုပ်နှံမှုစီမံကိန်း လျာထားချက်မှာ စက်မှုဝန်ကြီးဌာနအတွက် စက်မှုကဏ္ဍအတွက် ၂၅၈ ဘီလျံကျော် ဆက်လက်နှီးမြှုပ်နှံဖို့ လျာထားဆဲ ဖြစ်ပါတယ်။ တည်ဆောက်ရေး လုပ်ငန်းအတွက် ၂၆၉၉၀ ဘီလျံ လျာထားဆဲ ဖြစ်ပါတယ်။ ၂ ဒသမ ၆၉ ထရီလီယံ ဖြစ်ပါတယ်။ ဒါဟာ လက်ရှိအားဖြင့် လူမှုရေးကဏ္ဍ၊ ကျန်းမာရေး၊ ပညာရေး၊ စီမံခန့်ခွဲရေး လုပ်ငန်းသုံးခုပေါင်းရဲ့ အဆ ၈၀၀၀ ကျော် တည်ဆောက်ရေးမှာ သုံးပြီးတော့ ဒီလုပ်ငန်းသုံးခုစလုံးရဲ့ ၇၈ ရာခိုင်နှုန်းလောက်ကို စက်မှုမှာ သုံးမယ်ဆိုတဲ့သဘော ဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ တိုးလာနိုင်ခြေ မရှိဘူးလို့ ကျွန်တော်ယူဆလို့ ရပါတယ်” ဟု သုံးသပ်ပြောကြားသည်။ထို့ပြင် လွှတ်တော်ကိုယ်စားလှယ်များ၏ ချီးမြင့်ငွေကို ငွေကျပ် ၃ သိန်းမှ ငွေကျပ် ၁၀ သိန်းသို့ တိုးမြှင့်ရန် ဆောင်ရွက်ခြင်းသည် ဥပဒေအရ လည်းကောင်း ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၂၁ အရ လည်းကောင်း ကိုက်ညီမှု ရှိ၊ မရှိကို စဉ်းစားမည်ဆိုပါက ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးသို့ အပို့ခံရနိုင်သည့် အနေအထားရှိကြောင်း ဦးဝင်းသန်းက သုံးသပ်ပြောကြားသည်။
ယမန်နှစ်က ပြုပြင်ပြီး စာရင်းအရ ၆၀၀၇ ဘီလျံကျော်ကျော် ဖြစ်တဲ့အတွက် ပိုရမယ်လို့ ခန့်မှန်းတဲ့ အခွန်ရငွေဟာ ၁၈ ဘီလျံသာ ဖြစ်ပါတယ်။ လက်ရှိ ကျွန်တော်တို့ သိထားတဲ့ ဝန်ထမ်းဦးရေ ၁ ဒသမ ၄ သန်းနဲ့ဆိုရင် တစ်ယောက်ကို ကျပ်တစ်သောင်းစီပဲ တိုးမြှင့်ပေးမယ် ဆိုရင်တောင် တစ်လတည်းနဲ့ ၁၄ ဘီလျံ ကုန်သွားမှာ ဖြစ်ပါတယ် . . . . .

နိုင်ငံတော်တစ်ရပ်လုံး အခွန်ရငွေ (ပြည်ထောင်စုနှင့် တိုင်းဒေသကြီး ပြည်နယ်များမှ ကောက်ခံသည့် အခွန်ရငွေ စုစုပေါင်း) မှာ ၂၀၁၁-၂၀၁၂ ခုနှစ် ရှေ့ပြေးအမှန်စာရင်းအရ ကျပ်ဘီလျံ ၁၇၁၉ ဒသမ ၆၇၂၊ ၂၀၁၂-၂၀၁၃ ရှေ့ပြေးအမှန်စာရင်းအရ ကျပ်ဘီလျံ ၃၄၂၆ ဒသမ ၉၅၆၊ ၂၀၁၃-၂၀၁၄ ရှေ့ပြေးအမှန်စာရင်းအရ ကျပ်ဘီလျံ ၄၅၂၀ ဒသမ ၇၅၀၊ ၂၀၁၄-၂၀၁၅ ခုနှစ် ပြုပြင်ပြီး ခန့်မှန်းခြေငွေစာရင်းအရ ကျပ်ဘီလျံ ၆၀၀၇ ဒသမ ၀၀၉ ဖြစ်ကြောင်းနှင့် ၂၀၁၅-၂၀၁၆ မူလခန့်မှန်းခြေ စာရင်းအရ နိုင်ငံတော်၏ စုစုပေါင်း အခွန်ရငွေ လျာထားချက် ကျပ်ဘီလျံ ၆၀၂၅ ဒသမ ၄၂၃ ဖြစ်ကြောင်း ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်က လွှတ်တော်သို့ တင်ပြထားသည်။ဝန်ထမ်းများ လစာတိုးပေးရန်အတွက် နိုင်ငံတော်ဘဏ္ဍာငွေ လေလွင့်ပြုန်းတီးမှုများ ဖြစ်ပေါ်နေသည့် အစိုးရ၏ စီမံကိန်းများအား စိစစ်၍ ရပ်ဆိုင်းခြင်း၊ ဖျက်သိမ်းခြင်းများကို ဆောင်ရွက်မည်ဟု ပြည်ထောင်စုလွှတ်တော် စီမံကိန်းနှင့် ဘဏ္ဍာရေးပူးပေါင်းမှုကော်မတီ အဖွဲ့ဝင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းသန်းက ပြောကြားထားသည်။ဝန်ထမ်းများ လစာစရိတ် တိုးပေးနိုင်ရန် ဘဏ္ဍာရေး ကျောထောက်နောက်ခံရှိရန် လိုကြောင်း၊ ထိုသို့ ဘဏ္ဍာရေး ကျောထောက်နောက်ခံ ရှိရန်အတွက် နိုင်ငံတော်၏ အခွန်အကောက်နှင့် စီးပွားရေးဆိုင်ရာ ဝင်ငွေအရပ်ရပ် တောင့်တင်းခြင်းနှင့် နိုင်ငံတော်၏ ဘဏ္ဍာငွေကို လေလွင့်ပြုန်းတီးစေနိုင်သည့် စီမံကိန်းများကို စိစစ်၍ ရပ်ဆိုင်းခြင်း၊ ဖျက်သိမ်းခြင်းများ ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း ဦးဝင်းသန်းက ဆိုသည်။လက်ရှိတွင် နေ့စားဝန်ထမ်းသည် တစ်နေ့ ၃၀၀၀ ကျပ် (စနေ၊ တနင်္ဂနွေမပါ)၊ ရုံးအကူအဆင့်သည် တစ်လ ၇၅၀၀၀ ကျပ်နှင့် စရိတ်ချီးမြှင့်ငွေကျပ် ၃၀၀၀၀ ရရှိလျက်ရှိကြောင်း၊ ညွှန်ကြားရေးမှူးချုပ်၏ အခြေခံလစာမှာ ကျပ် ၁၈၀၀၀၀ ဖြစ်ကြောင်းနှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်၏ အခြေခံလစာမှာ ကျပ် ၁၅၀၀၀၀ ဖြစ်ကြောင်း သိရသည်။

Most Read

Most Recent