IFFHS မှ ထုတ်ပြန်သည့် လက်ရွေးစင်နှင့် ဒေသတွင်း အဖွဲ့ချုပ်လက်အောက်ရှိ ကလပ်ပြိုင်ပွဲများတွင် ၂၀၁၄ ဂိုးသွင်းအများဆုံး စာရင်း၌ ကျော်ကိုကို အဆင့် ၇ ၌ ရပ်တည်

IFFHS မှ ထုတ်ပြန်သည့် လက်ရွေးစင်နှင့် ဒေသတွင်း အဖွဲ့ချုပ်လက်အောက်ရှိ ကလပ်ပြိုင်ပွဲများတွင် ၂၀၁၄ ဂိုးသွင်းအများဆုံး စာရင်း၌ ကျော်ကိုကို အဆင့် ၇ ၌ ရပ်တည်
Published 20 January 2015

နိုင်ငံတကာ ဘောလုံးသမိုင်းနှင့် စာရင်းအင်းပြုစုရေးအဖွဲ့(IFFHS) မှ ထုတ်ပြန်သည့် ၂ဝ၁၄ ခုနှစ်၏ လက်ရွေးစင်နှင့် ဒေသတွင်း အဖွဲ့ချုပ်လက်အောက်ရှိ ကလပ်အသင်း ပြိုင်ပွဲများတွင် ဂိုးသွင်းအများဆုံး စာရင်း၌ မြန်မာ့လက်ရွေးစင် တိုက်စစ်မှူး ကျော်ကိုကိုမှာ အဆင့် ၇ နေရာ၌ ရပ်တည်နိုင်ခဲ့ကြောင်း သိရသည်။IFFHS သည် ၂ဝ၁၄ ခုနှစ်အတွင်း ယှဉ်ပြိုင်ကစားခဲ့သည့် လက်ရွေးစင်အဆင့် နိုင်ငံတကာ ပြိုင်ပွဲများ၊ ကလပ်အသင်း ပြိုင်ပွဲများ (ပြည်တွင်းလိဂ် ပြိုင်ပွဲများ မပါဝင်)တွင် ဂိုးအများဆုံး သွင်းယူနိုင်သူ ၅၂ ဦးကို ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး ကျော်ကိုကိုမှာ နာမည်ကျော် ဘောလုံးသမားများဖြစ်သည့် ဂါရတ်ဘေးလ်၊ ဗန်ပါစီ၊ ဂျိမ်းစ်ရိုဒရီဂွက်ဇ်၊ ဂေါ့ဇီ၊ ရော်ဘင်၊ ရွန်နီ၊ ဝဲလ်ဘက်၊ ဆွာရက်ဇ်၊ အလက်ဆစ်ဆန်းချက်ဇ်တို့ကို ကျော်ဖြတ်ပြီး ရပ်တည်နိုင်ခဲ့ခြင်း ဖြစ်သည်။ မြန်မာနေရှင်နယ်လိဂ်တွင် လာရောက်ကစားနေသည့် ဘရာဇီးလ်တိုက်စစ်မှူး ဆီဇာမှာမူ လက်ရွေးစင်သွင်းဂိုး မရှိသော်လည်း AFC Cup တွင် ခုနစ်ဂိုး သွင်းယူနိုင်ခဲ့သောကြောင့် အဆင့် ၅၂ နေရာတွင် ရပ်တည်နိုင်ခဲ့သည်။ ကျော်ကိုကိုမှာ လက်ရွေးစင်သွင်းဂိုး ခြောက်ဂိုးနှင့် AFC Cup တွင် ရန်ကုန်အသင်းအတွက် ခြောက်ဂိုး သွင်းယူနိုင်ခဲ့ခြင်း ဖြစ်သည်။ IFFHS မှ စာရင်းပြုစုရာတွင် UEFA လက်အောက်ရှိ ပြိုင်ပွဲများတွင် ချန်ပီယံလိဂ်၊ ယူရိုပါလိဂ်နှင့် ဥရောပ စူပါဖလားပြိုင်ပွဲ၊ AFC လက်အောက်ရှိ ပြိုင်ပွဲများတွင် အာရှချန်ပီယံလိဂ်နှင့် AFC Cup ပြိုင်ပွဲတို့ ပါဝင်ကြောင်း သိရသည်။

Most Read

Most Recent