တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ အနေဖြင့် သက်ဆိုင်ရာ ဒေသများတွင် ၂၀၁၅ ရွေးကောက်ပွဲအား တရားမျှတ၍ လွတ်လွတ်လပ်လပ် ကျင်းပနိုင်ရေး ကူညီပေးရန် သမ္မတ တိုက်တွန်း

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ အနေဖြင့် သက်ဆိုင်ရာ ဒေသများတွင် ၂၀၁၅ ရွေးကောက်ပွဲအား တရားမျှတ၍ လွတ်လွတ်လပ်လပ် ကျင်းပနိုင်ရေး ကူညီပေးရန် သမ္မတ တိုက်တွန်း
Published 6 January 2015

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ အနေဖြင့် မိမိတို့ တည်ရှိနေသည့် သက်ဆိုင်ရာ ဒေသများတွင် တရားမျှတသည့် ရွေးကောက်ပွဲများ လွတ်လွတ်လပ်လပ် ကျင်းပနိုင်ရေး ဝိုင်းဝန်းကူညီပေးကြရန် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က တိုက်တွန်းပြောကြားသည်။သမ္မတနှင့် တိုင်းရင်းသားလက်နက်ကိုင် ၁၂ ဖွဲ့မှ ခေါင်းဆောင်များသည် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း ဗဟိုဌာန၌ ဇန်နဝါရီ ၅ ရက် နံနက်ပိုင်းက တွေ့ဆုံခဲ့ရာတွင် သမ္မတဦးသိန်းစိန်က ထိုသို့ ပြောကြားခြင်း ဖြစ်သည်။ဒီမိုကရေစီကို အသွင်ကူးပြောင်းရာတွင် ပြည်တွင်းငြိမ်းချမ်းရေးသည် အဓိက အခန်းကဏ္ဍမှ ပါဝင်နေပါကြောင်း၊ ပြည်တွင်းငြိမ်းချမ်းရေးကို အရယူနိုင်ရန်အတွက် တစ်ခုတည်းသော နည်းလမ်းသည် နိုင်ငံရေးဆွေးနွေးပွဲသာ ဖြစ်ပါကြောင်း၊ နိုင်ငံရေး သဘောတူညီချက်များကို ခိုင်ခိုင်မာမာ ရရှိမှသာ ထာဝရငြိမ်းချမ်းရေးကို အာမခံနိုင်မည် ဖြစ်ပါကြောင်း၊ နိုင်ငံရေး ဆွေးနွေးပွဲများ ပြုလုပ်နေသော်လည်း ပစ်ခတ်တိုက်ခိုက်မှုများကို ထိန်းသိမ်းမထားနိုင်လျှင် ဆွေးနွေးပွဲများကို နောက်ပြန်ဆွဲသလို ဖြစ်နိုင်ကြောင်း သမ္မတက ပြောကြားသည်။သို့ဖြစ်၍ ပစ်ခတ်တိုက်ခိုက်မှုများ အမြန်ဆုံး ရပ်စဲရန်နှင့် ပစ်ခတ်တိုက်ခိုက်မှုများ မဖြစ်ပွားစေရန်အတွက် စောင့်ကြပ်ထိန်းသိမ်းသွားမည့် အဖွဲ့များကို အမြန်ဆုံးဖွဲ့စည်း ဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ မည်သည့်အစိုးရ တာဝန်ယူသည်ဖြစ်စေ မိမိတို့ အစပျိုးခဲ့သည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို ဆက်လက်အကောင်အထည် ဖော်နိုင်ရန်အတွက် ခိုင်မာသည့် အုတ်မြစ်ကို ချပေးရန် လိုအပ်ကြောင်း ၎င်းက ပြောကြားသည်။
နိုင်ငံတကာကလည်း စိတ်ဝင်စားနေပြီး ရွေးကောက်ပွဲ၏ လွတ်လပ်တရားမျှတမှုသည် မိမိတို့နိုင်ငံ၏ ဂုဏ်သိက္ခာပင် ဖြစ်ပါကြောင်း၊ ၂၀၁၅ ရွေးကောက်ပွဲ အပြီးတွင် မည်သူတာဝန်ယူသည် ဖြစ်စေ မိမိတို့ စတင်ခဲ့သည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို ဆက်လက်ဆောင်ရွက်နိုင်ရန်အတွက် အခြေခံ အုတ်မြစ်များကို ခိုင်ခိုင်မာမာ ချမှတ်ခဲ့ရန် လိုအပ်ပါကြောင်း . . . . .

ထို့အတူ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးတွင် ဒုတိယ အရေးကြီးသည့် အချက်မှာ ၂၀၁၅ ခုနှစ်တွင် လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲကို အောင်အောင်မြင်မြင် ကျင်းပနိုင်ရေးပင် ဖြစ်ပါကြောင်း၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ အနေဖြင့် မိမိတို့ရှိနေသည့် ဒေသများတွင် တရားမျှတသည့် ရွေးကောက်ပွဲများကို လွတ်လွတ်လပ်လပ် ကျင်းပနိုင်အောင် ဝိုင်းဝန်းကူညီပေးရန်အတွက် တိုက်တွန်းလိုပါကြောင်း၊ အပစ်အခတ် ရပ်စဲပြီးပါက ဒေသခံပြည်သူများ၏ လိုအပ်ချက်များကို နိုင်ငံတော် ဘဏ္ဍာငွေဖြင့် အမြန်ဆုံး ဆောင်ရွက်ပေးသွားရမည် ဖြစ်ပါကြောင်း စသည်ဖြင့် သမ္မတက ပြောကြားသည်။အလားတူ နိုင်ငံတကာကလည်း စိတ်ဝင်စားနေပြီး ရွေးကောက်ပွဲ၏ လွတ်လပ်တရားမျှတမှုသည် မိမိတို့နိုင်ငံ၏ ဂုဏ်သိက္ခာပင် ဖြစ်ပါကြောင်း၊ ၂၀၁၅ ရွေးကောက်ပွဲ အပြီးတွင် မည်သူတာဝန်ယူသည် ဖြစ်စေ မိမိတို့ စတင်ခဲ့သည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို ဆက်လက်ဆောင်ရွက်နိုင်ရန်အတွက် အခြေခံ အုတ်မြစ်များကို ခိုင်ခိုင်မာမာ ချမှတ်ခဲ့ရန် လိုအပ်ပါကြောင်း၊ ထို့ကြောင့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးကို ဖေဖော်ဝါရီ ၁၂ ရက် ပြည်ထောင်စုနေ့တွင် လက်မှတ်ရေးထိုးပြီး နိုင်ငံရေး ဆွေးနွေးမှုများ အမြန်ဆုံး စတင်နိုင်ရန်အတွက် အားလုံးဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြရန် သမ္မတက တိုက်တွန်းပြောကြားသည်။၂၀၁၀ အထွေထွေရွေးကောက်ပွဲတွင် လုံခြုံရေး အခြေအနေအရ ရွေးကောက်ပွဲအား ပြည်သူ့လွှတ်တော် မဲဆန္ဒနယ် ၃၃၀ တွင် ၃၂၅ သာ ကျင်းပနိုင်ခဲ့ပြီး အမျိုးသားလွှတ်တော် မဲဆန္ဒနယ် ၁၆၈ တွင်မူ ရာနှုန်းပြည့် ကျင်းပနိုင်ခဲ့ကာ တိုင်းဒေသကြီးလွှတ်တော်နှင့် ပြည်နယ်လွှတ်တော် မဲဆန္ဒနယ် ၆၇၃ နယ်တွင် ၆၆၁ နယ်သာ ကျင်းပနိုင်ခဲ့သည်။ထို့အတူ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲတွင် လစ်လပ်မဲဆန္ဒနယ် ၄၈ နယ် ရှိသော်လည်း ကချင်ပြည်နယ်ရှိ မဲဆန္ဒနယ် သုံးခုမှာ လုံခြုံရေး အခြေအနေအရ ကျင်းပနိုင်ခြင်း မရှိသဖြင့် ၄၅ နေရာသာ ကျင်းပနိုင်ခဲ့သည်။

Most Read

Most Recent