ဂိမ်းကစား နေကြသူများသို့

ဂိမ်းကစား နေကြသူများသို့
Published 6 January 2015
ဦးငွေသိန်း (ကုမ္ပဏီလမ်းညွှန်)

တစ်ရက်မှာ ကျိုက္ကဆံ အားကစားကွင်းအတွင်း လမ်းလျှောက်စဉ် မိတ်ဆွေတစ်ယောက်နဲ့ တွေ့ပြီး သူက စာရေးသူကို ကလေးတွေ ဂိမ်းကစားတာတွေနဲ့ အချိန်တွေ အလဟဿ ဖြုန်းတီးနေကြတာနဲ့ ပတ်သက်ပြီး ဆောင်းပါးရေးပေးပါလို့ အကူအညီ တောင်းလာတယ်။ စာရေးသူက သူပြောတဲ့ ကလေးတွေ ဂိမ်းကစားနေကြတာအပြင် အခြား စာရေးသူ ဆက်စပ်မိတဲ့ လူကြီးတွေ ဂိမ်းကစားတာတွေကိုပါ ရေးဖို့ စိတ်ကူးဖြစ်လာတယ်။အလျဉ်းသင့်သလို စာရေးသူရဲ့ ဆောင်းပါးတွေမှာ ထည့်ရေးဖြစ်တာက နည်းပညာတွေ တိုးတက်လာတာက တစ်ဖက်မှာ အကောင်းဘက်ကို ဖြစ်စေသလို အခြားတစ်ဖက်မှာ မကောင်းတဲ့ ဘက်ကိုလည်း ဖြစ်စေတယ်ဆိုတာ ဖြစ်တယ်။ ဘာပဲလုပ်လုပ် စာရေးသူကတော့ ဉာဏ်နဲ့ချင့်ချိန်ပြီး အကျိုးရှိတာတွေ လုပ်ဆောင်ကြဖို့ကိုသာ ရေးညွှန်းလေ့ ရှိပါတယ်။ပထမ ရေးလိုတာက စာရေးသူရဲ့ မိတ်ဆွေပြောတဲ့ ကလေးငယ်တွေ အချိန်ဖြုန်းတီးနေကြတဲ့ အင်တာနက်ဂိမ်းတွေ ဖြစ်ပါတယ်။ စာရေးသူမှာ ရေးဖို့စိတ်ကူး ရှိပြီးဖြစ်လို့ ရေးဖို့ တွန်းအားပေးသလို ဖြစ်သွားတယ်။ စာရေးသူကတော့ အင်တာနက်ကို လွန်ခဲ့တဲ့ ဆယ်နှစ်ကျော် ကာလကတည်းက အင်တာနက် စာကြည့်တိုက်လို သဘောထားပြီး မိမိ သိလိုတာတွေကို အင်တာနက်ကနေ ထုတ်ယူဖတ်ရှု ခဲ့တယ်။ အင်တာနက်မှာ ဘာတွေ ရှာချင်သလဲ ရှာလို့ရပါတယ်။ စာရေးသူ သိချင်တာကို အင်တာနက်ကနေ ရှာထုတ်ပြီး Memory Stick မှာ ကူးယူတယ်။ ပြီးရင် အိမ်က ပရင်တာနဲ့ ထုတ်တယ်။ ပြီးရင် စာအုပ်ချုပ်ပြီး ဖတ်တယ်။ စာရေးသူရဲ့ စာကြည့် စာရေးစားပွဲ ပတ်လည်မှာ အင်တာနက်ကနေ ထုတ်ယူထားတဲ့ စာအုပ်တွေနဲ့ ဝိုင်းနေတယ်။လွန်ခဲ့တဲ့ လေးနှစ်ကျော်လောက်ကစပြီး အင်တာနက်ဆိုင်တွေမှာ အကျိုးရှိရှိ အသုံးချတာထက် အင်တာနက်ဂိမ်း ကစားတဲ့ ကလေးတွေ အများဆုံး တွေ့လာနေရတယ်။ ငါးနှစ်အရွယ် ကလေးငယ်ကအစ အသက်ကြီးပိုင်းအထိ အင်တာနက်ဂိမ်းတွေ ကစားနေကြတယ်။ အမှန်က အင်တာနက်ဂိမ်း ကစားကြတာတွေက ဘာအကျိုးကျေးဇူးမှ ရစေတာ မဟုတ်ဘဲ အချိန်ကုန်သွားတာပဲ အဖတ်တင်စေတာ ဖြစ်တယ်။ အင်တာနက်ကို အကျိုးရှိစွာ အသုံးချနိုင်ဖို့က အင်္ဂလိပ်စာကောင်းဖို့ လိုအပ်တယ်။ ဒီကနေ့ လူငယ်တွေက အင်္ဂလိပ်စာညံ့ကြတော့ အလွယ်ဖြစ်တဲ့ ဂိမ်းဘက် ပါသွားတယ်။ စာရေးသူ အမြဲပြောလေ့ ရေးလေ့ရှိတာက လူတိုင်း ၂၄ နာရီဆိုတဲ့ အချိန်ကို ညီတူညီမျှ ပိုင်ဆိုင်ကြတယ်။ အဲ့ဒီအချိန်ကို တန်ဖိုးရှိစွာ အသုံးချတတ်သူက ရှေ့တန်းနေရာကို ထိုက်ထိုက်တန်တန် မှန်မှန်ကန်ကန် ရောက်ရှိစေတာ ဖြစ်တယ်။ဂိမ်းကစားတာက အင်တာနက်ဆိုင်တွေမှာသာ မကဘဲ မိုဘိုင်းဖုန်းတွေကနေလည်း ကစားလို့ ရနေတယ်။ အင်တာနက်ဆိုင်မှာတော့ လောင်းကြေးတွေနဲ့ ကစားနေကြတာ ဖြစ်တယ်။ အပြန်အလှန် ပြောဆိုနေကြတာကလည်း မကြားဝံ့မနာသာ စကားတွေ ဖြစ်တယ်။ အင်တာနက်ပိုင်ရှင်ကလည်း သူ့စီးပွားရေးအတွက် တစ်နာရီကို ကျပ် ၃၀၀ ရနေတော့ ကွန်ပျူတာတစ်လုံးကို ၁၀ နာရီ သုံးတယ်ထား။ ကွန်ပျူတာ ၁၀ လုံးဆိုရင် တစ်ရက်ဝင်ငွေက ကျပ် ၃၀၀၀၀ ဖြစ်တယ်။ ဂိမ်းကစားသွားတာနဲ့ပဲ အလုပ်ဖြစ်သွားတဲ့ သဘော ဖြစ်တယ်။ လူတွေက အလွယ်တကူ ရတဲ့ငွေကို တန်ဖိုးထားရကောင်းမှန်း မသိကြတော့ လွယ်လွယ်ပဲ သုံးပစ်လိုက်ကြတာ ဖြစ်တယ်။ အသိပညာနဲ့ရင်းပြီး သမ္မာအာဇီဝနဲ့ ရှာဖွေလို့ရတဲ့ ငွေက အင်မတန် တန်ဖိုးများတယ်ဆိုတာ သိကြဖို့ လိုအပ်တယ်။အကယ်၍သာ ဒီကနေ့ လူငယ်တွေက ဂိမ်းတွေကိုသာ နေ့စဉ်နဲ့အမျှ ကစားနေကြပြီး မိမိတို့ တစ်ဦးချင်းစီရဲ့ တန်ဖိုးရှိတဲ့ အချိန်တွေကို ကုန်လွန်စေမယ်ဆိုရင် အနာဂတ်မှာ နိုင်ငံအကျိုးပြုနိုင်မယ့် မျိုးဆက်သစ်တွေ ရှားပါးသွားမှာ ဖြစ်တယ်။ ဒါတွေကို စာရေးသူ မိမိတို့ကိုယ်တိုင် တစ်ဦးချင်းက အသိစိတ်ဓာတ် ခိုင်မာစွာနဲ့ အချိန်ကို တန်ဖိုးရှိစွာ အသုံးချကြရမှာ ဖြစ်တယ်။
ကွေးလွယ်ညွတ်လွယ် ဖြစ်စေမှု (Flexibility) က လူတစ်ဦးချင်း အဖွဲ့အစည်း တစ်ခုချင်းနဲ့ နိုင်ငံတစ်နိုင်ငံချင်းမှာ ရှိကြရမှာ ဖြစ်တယ်။ သူမသာ ကိုယ်မသာ၊ သူမနာ ကိုယ်မနာဆိုတဲ့ စကားလို တစ်ဖက်သက် သာစေလိုမှု တစ်ဖက်နာစေလိုမှု စိတ်ဓာတ်မထားကြဘဲ အပြန်အလှန် စေ့စပ်ညှိနှိုင်းပြီး . . . . .

နောက်ဆက်ပြီး ရေးသားချင်တဲ့ ဂိမ်းအကြောင်းက နိုင်ငံရေးဂိမ်း ကစားနေကြတာ ဖြစ်တယ်။ ဘာဖြစ်လို့ နိုင်ငံရေးကို ဂိမ်းတစ်ခုအနေနဲ့ ကစားနေကြတာလဲ။ မိမိနိုင်ငံ၊ မိမိလူမျိုးတွေကို မသနားကြဘူးလား။ လတ်တလောမှာ လူပြောများနေ ခေတ်စားနေတဲ့ ဘယ်နှပွင့်ဆိုင်ပဲ ဖြစ်ပါစေ စစ်မှန်တဲ့ စိတ်ရင်းစေတနာ မှန်ကန်စွာနဲ့ တူညီတဲ့ ဦးတည်ချက် တစ်ခုတည်းဖြစ်တဲ့ မိမိနိုင်ငံ တိုးတက်ရေး၊ မိမိနိုင်ငံသားတွေ ဆင်းရဲတွင်း နက်နေကြတာကနေ လွတ်ကင်းပြီး ဘဝအရည်အသွေး တိုးတက်မြင့်မားလာစေရေးဆိုတဲ့ ဦးတည်ချက်ထားပြီး စားပွဲဝိုင်းထိုင်ကြရင် စာရေးသူတို့နိုင်ငံက အမြန်ဆုံး တိုးတက်ကောင်းမွန် လာစေမှာ ဖြစ်တယ်။ကွေးလွယ်ညွတ်လွယ် ဖြစ်စေမှု (Flexibility) က လူတစ်ဦးချင်း အဖွဲ့အစည်း တစ်ခုချင်းနဲ့ နိုင်ငံတစ်နိုင်ငံချင်းမှာ ရှိကြရမှာ ဖြစ်တယ်။ သူမသာ ကိုယ်မသာ၊ သူမနာ ကိုယ်မနာဆိုတဲ့ စကားလို တစ်ဖက်သက် သာစေလိုမှု တစ်ဖက်နာစေလိုမှု စိတ်ဓာတ်မထားကြဘဲ အပြန်အလှန် စေ့စပ်ညှိနှိုင်းပြီး အဖြေတစ်ခုကိုသာ ထုတ်ကြရမှာ ဖြစ်တယ်။ အဲ့ဒီ အဖြေကတော့ မိမိနိုင်ငံကို ဘက်ပေါင်းစုံ တိုးတက်ရေး မိမိနိုင်ငံသားတွေ ဆင်းရဲတွင်း နက်နေကြတာကနေ ကင်းပရေးတို့ ဖြစ်ပါတယ်။Sean Covey ရဲ့ habits of the highly effective people မှာ ဆိုထားတဲ့အတိုင်း Win-Win approach လို့ခေါ်တဲ့ နှစ်ဖက်အကျိုးရှိ အောင်မြင်နိုင်စေရေး နှစ်ဖက်ကြည့် အမြင်နဲ့ ရုပ်လုံးဖော်ကြရမှာ ဖြစ်တယ်။ စာရေးသူတို့နိုင်ငံက ၁၉၈၅ ခုနှစ်နောက်ပိုင်းကနေ စတင်ပြီး ဖက်ဒရယ်စနစ်ကို ကျင့်သုံးဖို့ ပင်လုံစာချုပ်မှာ ပါရှိပြီး ဖြစ်ပေမယ့် အခုပြောတဲ့ နည်းလမ်းနဲ့ ညှိနှိုင်းမှု မရှိခဲ့တာကြောင့် စာရေးသူတို့နိုင်ငံက ကမ္ဘာ့အလယ်မှာ ဘက်ပေါင်းစုံ ကျဆင်းသွားခဲ့ရတယ်။ ဒါတွေကို အမှန်အတိုင်း သိမြင်ကြပြီး မိမိတို့ လုပ်ဆောင်ချက်တွေနဲ့ ကောင်းမွန်လာစေရမယ်ဆိုတဲ့ အပြုသဘောဆောင် အတွေး (Optimistic Thinking) ထားရှိ ရုပ်လုံးပုံဖော်ကြရမှာ ဖြစ်တယ်။ တစ်ဦးက တစ်ဖက်သတ် အနိုင်ယူလိုစိတ်နဲ့ တစ်ဖက်လူကို ရှုံးစေလိုမယ် ဆိုရင်တော့ စာရေးသူ ရေးသားခဲ့ဖူးတဲ့ Zero- Sum Game လို့ခေါ်တဲ့ အပေါင်းသုည ဖြစ်စေမယ့် ကိန်းကိုသာ ရောက်ရှိသွားစေမှာ ဖြစ်တယ်။ အပေါင်းသုည သဘောတရားကို ထပ်ပြီး ရေးပြရရင် + ၁ နဲ့ - ၁ ပေါင်းလိုက်တဲ့အခါ သုညရသွားသလို တစ်ဦးက အနိုင်ရပြီး တစ်ဦးက ရှုံးသွားရင် ပေါင်းလိုက်တဲ့အခါ ဘယ်သူမှ အကျိုးမရှိ ဖြစ်သွားသလိုပါပဲ။ ဒါကြောင့် ပေါင်းစည်းလုပ်ဆောင်မှုကနေ အောင်မြင်မှု သရဖူတွေ ဆောင်းနိုင်စေမှာ ဖြစ်တယ်။ စဉ်းစားကြည့်လိုက်ရင် အဖြေက ရှင်းရှင်းလေးပါ။ စာရေးသူတို့နိုင်ငံမှာ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေ အချင်းချင်း ပေါင်းစည်းပြီး မိမိနိုင်ငံ တိုးတက်ရေး၊ မိမိနိုင်ငံသားတွေ ဘဝအရည်အသွေး မြင့်မားရေးကိုသာ မှန်ကန်တဲ့ ဦးတည်ချက်ထားရှိ လုပ်ဆောင်နိုင်ရင် စာရေးသူတို့နိုင်ငံ ဘယ်လောက်တိုးတက်နေမလဲ စဉ်းစားတွေးမျှော် ကြည့်ကြဖို့ ဖြစ်တယ်။ ပေါင်းစည်းခြင်းသည် အင်အားဆိုတာ ဖြစ်တာကြောင့် အားလုံးကောင်းစေဖို့ ပေါင်းစည်းလုပ်ဆောင်ကြဖို့ ဖြစ်တယ်။နောက်တစ်ခုဂိမ်းက ငွေကြေးဆိုင်ရာ ဂိမ်းတွေ မကစားကြဖို့ ဖြစ်တယ်။ မကြာသေးမီက ငွေကြေးဈေးကွက်ကို ကစားလိုက်တာ တစ်ဒေါ်လာရဲ့ ငွေကြေးလဲလှယ်နှုန်းက အဆမတန် မြင့်သွားတာကြောင့် ကုန်ဈေးနှုန်းတွေ တက်လာတယ်။ ဒီအထဲ မြန်မာနိုင်ငံက ထွက်ကုန်တစ်ခုဖြစ်တဲ့ ဆန်ဈေးအပါအဝင် စားကုန်တွေပါ ဈေးတွေတက်ကုန်တယ်။ ပြီးခဲ့တဲ့လက ပေါ်ဆန်းတစ်အိတ်ကို ကျပ် ၃၁၀၀၀။ အခုအခါ ကျပ် ၄၁၀၀၀ အထိ ဖြစ်လာတယ်။ ဒါတွေက ငွေကြေးကစားကွက်ကို အတ္တများသူတွေရဲ့ လုပ်ရပ်ကို နိုင်ငံသားတွေ ခံကြရတာ ဖြစ်တယ်။အစိုးရအနေနဲ့ ဝယ်လိုအားနဲ့ ရောင်းလိုအား Supply နဲ့ Demand ကို သမာသမတ်ဖြစ်အောင် ကြိုးစားလုပ်ဆောင်ပေးဖို့ လိုအပ်တယ်။ တစ်လက်စတည်းနဲ့ နိုင်ငံသား တစ်ဦးချင်းရဲ့ အောက်ဆုံးအဆင့် ဝင်ငွေကို တစ်ရက် ကျပ် ၈၀၀၀ နဲ့ တစ်လကို ကျပ် ၂၀၀၀၀၀ ကျပ်နဲ့ ကျပ် ၃၀၀၀၀၀ လောက်ရပါမှ လက်ရှိကုန်ဈေးနှုန်းနဲ့ ရပ်တည်နိုင်ကြမှာ ဖြစ်တယ်။ ဝင်ငွေများများ ရသူတွေက သုံးလို့မကုန်အောင် ရနေကြ၊ မရသူတွေက ဗိုက်မှောက်နေရမလို ဖြစ်နေတယ်။ ဒါတွေကို အုပ်ချုပ်သူ အစိုးရပိုင်းကနေ အဖြစ်မှန် သနစ်မှန် မြင်အောင်ကြည့်ပြီး အကောင်းဆုံးဖြစ်အောင် လုပ်ဆောင်ပေးကြဖို့ လိုအပ်တယ်။မကြာမီက စာရေးသူတို့နိုင်ငံမှာ ကျင်းပပြုလုပ်သွားခဲ့တဲ့ အရှေ့တောင်အာရှ ဆီးဂိမ်းကတော့ နိုင်ငံပေါင်း ၆၅ နိုင်ငံနဲ့ ပေါင်းစည်းပြီး ကစားတဲ့ပွဲဖြစ်လို့ ကောင်းတဲ့ဂိမ်းအဖြစ် သတ်မှတ်နိုင်ပါတယ်။ ဒါကြောင့် ကောင်းတဲ့ဂိမ်းတွေသာ ကစားကြပြီး မကောင်းတဲ့ဂိမ်းတွေကို ရှောင်ရှားကြဖို့ တိုက်တွန်းလိုက်ကြောင်းပါ။

Most Read

Most Recent