လေကြောင်းမှ ရှာဖွေတွေ့ရှိသော အရာဝတ္ထုများသည် ပျောက်ဆုံးနေသော အဲအေးရှားလေယာဉ်မှ ဖြစ်ကြောင်း အင်ဒိုနီးရှား လေကြောင်းတာဝန်ရှိသူ ပြောကြား၊ လေယာဉ်ရှာဖွေရေးလုပ်ငန်းစဉ်တွင် ပင်လယ်တွင်းရှာဖွေမှု၌ လူသေအလောင်းတစ်ခုတွေ့ရှိကြောင်း အင်ဒိုနီးရှား ကယ်ဆယ်ရေးအဖွဲ့ ပြောကြာ

လေကြောင်းမှ ရှာဖွေတွေ့ရှိသော အရာဝတ္ထုများသည် ပျောက်ဆုံးနေသော အဲအေးရှားလေယာဉ်မှ ဖြစ်ကြောင်း အင်ဒိုနီးရှား လေကြောင်းတာဝန်ရှိသူ ပြောကြား၊ လေယာဉ်ရှာဖွေရေးလုပ်ငန်းစဉ်တွင် ပင်လယ်တွင်းရှာဖွေမှု၌ လူသေအလောင်းတစ်ခုတွေ့ရှိကြောင်း အင်ဒိုနီးရှား ကယ်ဆယ်ရေးအဖွဲ့ ပြောကြာ
Published 30 December 2014

ပျောက်ဆုံးနေသော အဲအေးရှားလေယာဉ်ကို ဝေဟင်မှ ရှာဖွေမှု လုပ်ငန်းစဉ်တွင် အရေးပေါ်လျှော၊ လေယာဉ်တံခါးနှင့် ဆင်တူသော အရာဝတ္ထုများကို ပင်လယ်တွင်း၌ တွေ့ရှိခဲ့ကြောင်း အင်ဒိုနီးရှား တာဝန်ရှိသူများက ဒီဇင်ဘာ ၃၀ ရက်တွင် ပြောကြားခဲ့သည်။ အသက်ကယ်ဖောင်၊ အသက်ကယ်အင်္ကျီတို့နှင့် ဆင်တူသော အရာဝတ္ထုများနှင့် လိမ္မော်ရောင် ပြွန်ချောင်းအရှည်များကို တွေ့ခဲ့ရကြောင်း လေယာဉ်ပျောက် ရှာဖွေနေသော လေယာဉ်ခရီးစဉ်တွင် လိုက်ပါသွားသော အေအက်ဖ်ပီ ဓာတ်ပုံဆရာက ရိုက်ကူးခဲ့သည်။“အရာဝတ္ထုကြီး ၁၀ ခုလောက် ကျွန်တော်တို့ တွေ့ခဲ့ပါတယ်။ ဓာတ်ပုံနဲ့ မရိုက်ကူးနိုင်တဲ့ အဖြူရောင် အရာဝတ္ထုလေးတွေလည်း ထပ်တွေ့ခဲ့ပါတယ်” ဟု အင်ဒိုနီးရှားလေတပ်မှ အာဂူဝီပူထရန်တိုက ပြောကြားခဲ့သည်။“တွေ့တဲ့နေရာက လေယာဉ်ကို ရေဒါက နောက်ဆုံးဖမ်းမိတဲ့ နေရာနဲ့ ခြောက်မိုင်လောက်မှာပါ” ဟု ၎င်းက ပြောကြားခဲ့သည်။

လေယာဉ်တံခါး၊ အရေးပေါ်လျှောနှင့်တူသည့် အရာဝတ္ထုများ၊ သေတ္တာပုံသဏ္ဍာန် စတုရန်းပုံ အရာဝတ္ထု တစ်ခုတို့ကို ရိုက်ကူးထားသည့် ဓာတ်ပုံ ၁၀ ပုံကို ပူထရန်တိုက ပြောကြားခဲ့သည်။လေကြောင်းမှ ရှာဖွေတွေ့ရှိခဲ့သည့် အပျက်အစီး အပိုင်းအစများသည် အဲအေးရှ လေယာဉ်ခရီစဉ် QZ8501 မှဖြစ်ကြောင်း အင်ဒိုနီးရှား လေကြောင်းညွှန်ကြားရေးမှူး ဂျိုကိုမာဂျက်မိုဂျိုက အေအက်ဖ်ပီကို ပြောကြားခဲ့သည်။“အခုလောလောဆယ်တော့ ဒီအပျက်အစီးတွေဟာ အဲအေးရှ လေယာဉ်ကဆိုတာကို အတည်ပြုနိုင်ပါတယ်။ သယ်ယူပို့ဆောင်ရေးဝန်ကြီးက ပန်ကာလန်ဘန်ကို သွားပါတော့မယ်” ဟု ၎င်းက ပြောကြားခဲ့သည်။“ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းက စောင့်ကြည့်မှုတွေအရ ခရီးသည် လေယာဉ်တံခါး၊ ကုန်တင်လေယာဉ် တံခါးလိုမျိုး အရာဝတ္ထုတွေကို တွေ့ထားပါတယ်။ ပန်ကာလန်ဘန် အနောက်တောင်ဘက် မိုင် ၁၀၀ အကွာလောက်က ပင်လယ်ထဲမှာပါ” ဟု ဂျိုကိုမာဂျက်မိုဂျိုက ပြောကြားခဲ့သည်။ ပန်ကာလန်ဘန်မြို့သည် ဘော်နီယိုကျွန်း၊ ကာလီမန်တန်ရှိ မြို့ဖြစ်သည်။

Most Read

Most Recent