လက်ပံတောင်းတောင်ကြေးနီစီမံကိန်းတွင် ဒီဇင်ဘာ ၂၂ ရက်ကဖြစ်ပွားခဲ့သော ပဋိပက္ခအတွင်း ထိခိုက်ဒဏ်ရာရမှု၊ သေဆုံးမှုများဖြစ်ပေါ်ခဲ့ခြင်းအပေါ် ဝမ်းနည်းကြောင်း တရုတ်ကုမ္ပဏီများအနေဖြင့် ရင်းနှီးမြှုပ်နှံမှုပြုလုပ်ရာ နိုင်ငံ၏ဥပဒေများကိုလေးစားလိုက်နာရန်အားပေးကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနမှပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Hua Chunying က ဒီ ဇင်ဘာ ၂၄ ရက်တွင်ပြောကြားသည်။
"ဒီသေဆုံးမှုအတွက် ဝမ်းနည်းမိသလို စိုးရိမ်စိတ်လည်းဖြစ်မိတယ်။ တရုတ်ကုမ္ပဏီတွေအနေနဲ့ သက်ဆိုင်ရာဒေသက ဥပဒေတွေကိုလိုက်နာပါလို့ တိုက်တွန်းလိုပါတယ်" ဟု ၎င်းကပြောကြားခဲ့ခြင်းဖြစ်သည်။
လက်ပံတောင်းတောင်ကြေးနီစီမံကိန်းသည် မြေယာအဓမ္မသိမ်းယူမှုများနှင့် သဘာဝပတ်ဝန်းကျင်ပျက်စီးမှုများဖြစ်ပေါ်စေခြင်းကြောင့် ဒေသခံတောင်သူများက နှစ်နှစ်ကြာ ကန့်ကွက်ဆန္ဒပြမှုများပြုလုပ်လျက်ရှိသည်။
ဒီဇင်ဘာ ၂၂ ရက်တွင် စီမံကိန်းဧရိယာတိုးချဲ့ကာ ခြံစည်းရိုးခတ်ခြင်းကြောင့် ပဋိပက္ခဖြစ်ပွားခဲ့ပြီး အသက် ၅၀ နှစ်အရွယ်ရှိ အမျိုးသမီးတစ်ဦး သေနတ်ထိမှန်သေဆုံးခဲ့ပြီး ၄၀ ဦးခန့်ဒဏ်ရာရရှိခဲ့သည်။
လက်ပံတောင်းတောင်ကြေးနီစီမံကိန်းပဋိပက္ခတွင် ထိခိုက်သေဆုံးမှုဖြစ်ပေါ်ခြင်းကို ဝမ်းနည်းကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနပြောကြား