ဟောင်ကောင်သူဌေးကြီးနှင့် ဒုတိယအုပ်ချုပ်ရေးမှူးဟောင်းတို့ကို အဂတိလိုက်စားမှုဖြင့် ထောင်ဒဏ်များ ချမှတ်

ဟောင်ကောင်သူဌေးကြီးနှင့် ဒုတိယအုပ်ချုပ်ရေးမှူးဟောင်းတို့ကို အဂတိလိုက်စားမှုဖြင့် ထောင်ဒဏ်များ ချမှတ်
Published 24 December 2014
Ref:AFP

ဟောင်ကောင်ကို တုန်လှုပ်စေခဲ့သော ခြစားမှုအတွက် ရုံးတင်စစ်ဆေးမှုပြီးနောက် ဟောင်ကောင်အိမ်ခြံမြေလုပ်ငန်း သူဌေးကြီး သောမတ်စ်ကွက်နှင့် ဟောင်ကောင် ဒုတိယအုပ်ချုပ်ရေးမှူးဟောင်း ရာဖေးဟွေတို့ကို ဒီဇင်ဘာ ၂၃ ရက်က ခြစားမှုဖြင့် ထောင်ဒဏ်များ အသီးသီးချမှတ်ခဲ့ကြောင်း သိရသည်။ယင်းခြစားမှုက ဟောင်ကောင်တွင် အစိုးရတာဝန်ရှိသူများနှင့် စီးပွားရေးလုပ်ငန်းကြီးများအကြား နွေးနွေးထွေးထွေး ဆက်ဆံမှုရှိနေခြင်းအတွက် ပြည်သူတို့၏ ဒေါသကို ပိုမိုနက်ရှိုင်းစေခဲ့သည်။ အသက် ၆၆ နှစ် အရွယ် ဟောင်ကောင် ဒုတိယအုပ်ချုပ်ရေးမှူးဟောင်းဟွေသည် အဂတိလိုက်စားမှုငါးမှုတွင် အပြစ်ရှိသဖြင့် ထောင်ဒဏ် ခုနစ်နှစ်ခွဲ ချမှတ်ခံခဲ့ရပြီး  ဟောင်ကောင်သမိုင်း၌ လာဘ်ယူမှုဖြင့် အပြစ်ရှိကြောင်း ဆုံးဖြတ်ခံခဲ့ရသည့် ရာထူးအမြင့်ဆုံးအရာရှိ ဖြစ်လာခဲ့သည်။ ဟောင်ကောင်၏ အကြီးဆုံးအိမ်ခြံမြေလုပ်ငန်းဆန်ဟောင်ကိုင်၏ တွဲဖက်ဥက္ကဠဖြစ်သူ အသက် ၆၃ နှစ်အရွယ် သောမတ်စ်ကွက်ကိုမူ အစိုးရရုံးတစ်ရုံးတွင် မလျော်ကန်သောလုပ်ရပ်တစ်ခုကို ပူးပေါင်းလုပ်ဆောင်မှုဖြင့် ထောင်ဒဏ်ငါးနှစ်ခွဲ ချမှတ်ခဲ့ကြောင်း သိရသည်။ ဟောင်ကောင်တွင် ဆင်းရဲချမ်းသာကွာဟမှု ကြီးမားလာခြင်းနှင့် လူမှုရေးမညီမျှမှုတို့သည် ဟောင်ကောင်ကို လအတန်ကြာ ရပ်ဆိုင်းသွားစေသည့် ဒီမိုကရေစီလိုလားသော ဆန္ဒပြမှုများ၏ နောက်ခံအကြောင်းရင်းတစ်ခု ဖြစ်ခဲ့သည်။                    

Most Read

Most Recent