Twitter တွင် အာဆင်နယ်အသင်း ပရိသတ်ငါးသန်း ပြည့်မြောက် ၊ ဘာလိုတယ်လီနှင့် ဝေါ်ဇနီယာကီတို့ ၂၀၁၄ ၏ ပြောဆိုမှု (Tweet) အများဆုံးဖြစ်ခဲ့

Twitter တွင် အာဆင်နယ်အသင်း ပရိသတ်ငါးသန်း ပြည့်မြောက် ၊ ဘာလိုတယ်လီနှင့် ဝေါ်ဇနီယာကီတို့ ၂၀၁၄ ၏ ပြောဆိုမှု (Tweet) အများဆုံးဖြစ်ခဲ့
Published 24 December 2014

အာဆင်နယ်အသင်းသည် လူမှုရေးဝက်ဘ်ဆိုက်ဖြစ်သည့် Twitter စာမျက်နှာတွင် ပရိသတ်(Follower) ငါးသန်းပြည့်မြောက်သည့် ပထမဆုံး ပရီးမီးယားလိဂ်ကလပ် ဖြစ်လာခဲ့သည်။ အာဆင်နယ်ကစားသမားများဖြစ်သည့် ဒီဘူချီကာဇိုလာ၊ ရမ်ဆေး၊ ဝေါလ်ကော့၊ ဝဲလ်ရှိုင်းယားတို့မှ ယင်းအထိမ်းအမှတ်အဖြစ် သန်းပြည့်ကိန်းဂဏန်းတစ်ခုစီပါသည့် ကတ်ပြားများကိုင်ဆောင်ထားသည့်ပုံကို အာဆင်နယ်အသင်း၏ Twitter စာမျက်နှာတွင် တင်ရှိခဲ့ကြောင်း သိရသည်။ယင်းစာရင်းကို ဒီဇင်ဘာ ၂၂ ရက်က ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး လန်ဒန်မြောက်ပိုင်းကလပ် အာဆင်နယ်အသင်းမှာ Twitter တွင် ကမ္ဘာ့ပရိသတ်အများဆုံး ဘောလုံးအသင်းများတွင်မူ တတိယနေရာ၌ ရပ်တည်လျက်ရှိသည်။ ထိပ်ဆုံး ငါးသင်းစာရင်းတွင် ရီးယဲလ်မက်ဒရစ်က ပရိသတ် ၁၃ ဒသမ ၇ သန်း ဖြင့် အဆင့် ၁၊ ဘာစီလိုနာက ၁၃ ဒသမ ၄ သန်းဖြင့် အဆင့် ၂၊  ချယ်လ်ဆီးက ၄ ဒဿမ ၈၅ သန်းဖြင့် အဆင့် ၄၊ ဂါလာတာ စာရေးက ၄ ဒသမ ၅ သန်းဖြင့် အဆင့် ၅ နေရာများတွင် အသီးသီးရပ်တည်လျက် ရှိသည်။ အာဆင်နယ်အသင်းမှာ Twitter တွင် လန်ဒန်မြို့ခံ ပြိုင်ဘက်ချယ်လ်ဆီးထက် ပရိသတ်အရေအတွက် ဝ ဒသမ ၆ သန်း ပိုများခဲ့ပြီး မန်ယူအသင်းမှာ အဆင့် ၆ နေရာ နှင့် လီဗာပူးလ်အသင်းမှာ အဆင့် ၈ နေရာများတွင် ရှိနေကြောင်းသိရသည်။ အာဆင် နယ်အသင်း၏ မီဒီယာပိုင်းတာဝန်ရှိသူ တစ်ဦးဖြစ်သူ မန်နေဂျင်းအယ်ဒီတာ ရစ်ချတ်ကလက်ခ်က ကမ္ဘာတစ်ဝန်းတွင် အသင်းပရိသတ် ပိုမိုများပြားလာသည့်အတွက် ဝမ်းမြောက်မိကြောင်း ပြောကြားခဲ့သည်။၂ဝ၁၄ ခုနှစ်အတွင်း အားကစားသမားများထဲတွင် လီဗာပူးလ်နှင့် အီတလီတိုက်စစ်မှူး ဘာလိုတယ်လီ၊ ဒိန်းမတ်တင်းနစ်မယ် ဝေါ်ဇနီယာကီတို့က ပြောဆိုမှု (Tweet) အများဆုံးအမျိုးသား၊ အမျိုးသမီးများအဖြစ် ထိပ်ဆုံးတွင်ရှိနေကြောင်း စစ်တမ်းများက ဖော်ပြခဲ့ကြသည်။ဘာလိုတယ်လီအနေဖြင့် ယခုနှစ်အတွင်း ဂျူးများအား လူမျိုးရေးခွဲခြားသောသဘော သက်ရောက်သည့် ဓာတ်ပုံ၊ ပြိုင်ဘက်မန်ယူအကြောင်း သုံးသပ်မှု၊ ၂ဝ၁၄ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ကော်စတာရီကာကို အနိုင်ကစားနိုင်ခဲ့လျှင် ဗြိတိန်ဘုရင်မ အဲလိဇဘက်ထံမှ အနမ်းတစ်စုံ ရယူလိုကြောင်း စသည့်အကြောင်းအရာများမှာ လူစိတ်ဝင်စားဆုံးဖြစ်ခဲ့ပြီး ဝေါ်ဇနီယာကီမှာလည်း ချစ်သူ မက်အီရွိုင်းနှင့် လမ်းခွဲခဲ့မှုမှာ စိတ်ဝင်စားမှုအရှိဆုံး အကြောင်းအရာဖြစ်ခဲ့ကြောင်း သိရသည်။

Most Read

Most Recent