လိုင်ဇာဒေသ မုန်လိုင်ခက်တွင် ခဲယမ်းသိုလှောင်ရုံပေါက်ကွဲမှုကို အာဆီယံထုတ်ပြန်ချက်တွင် ဗုံးကြဲတိုက်ခိုက်မှုအဖြစ် မှားယွင်းဖော်ပြကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ထုတ်ပြန်

လိုင်ဇာဒေသ မုန်လိုင်ခက်တွင် ခဲယမ်းသိုလှောင်ရုံပေါက်ကွဲမှုကို အာဆီယံထုတ်ပြန်ချက်တွင် ဗုံးကြဲတိုက်ခိုက်မှုအဖြစ် မှားယွင်းဖော်ပြကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ထုတ်ပြန်
Published 19 October 2023

လိုင်ဇာဒေသ မုန်လိုင်ခက်တွင် ခဲယမ်းသိုလှောင်ရုံပေါက်ကွဲမှုကို အာဆီယံထုတ်ပြန်ချက်တွင် ဗုံးကြဲတိုက်ခိုက်မှုအဖြစ် မှားယွင်းဖော်ပြကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

ကချင်ပြည်နယ်ဖြစ်စဉ်နှင့်စပ်လျဉ်း၍ အောက်တိုဘာ ၁၈ ရက်တွင် အာဆီယံကြေညာချက် ထုတ်ပြန်ခဲ့ကြောင်း၊ အဆိုပါထုတ်ပြန်ချက်တွင် ကချင်ပြည်နယ်၊ လိုင်ဇာဒေသ၊ မုန်လိုင်ခက်တွင် လက်နက်ခဲယမ်းသိုလှောင်ရုံ ပေါက်ကွဲမှုဖြစ်စဉ်ကို ဘက်လိုက်ရေးသားထားသည့် ပြည်တွင်းပြည်ပမီဒီယာများကို ကိုးကား၍ ကချင်ပြည်နယ်ရှိ ဒုက္ခသည်စခန်းများကို ဗုံးကြဲတိုက်ခိုက်မှုအဖြစ် မှားယွင်းစွာ ဖော်ပြထားကြောင်း တွေ့ရှိရသည်ဟု နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

အဆိုပါဖြစ်စဉ်နှင့်စပ်လျဉ်းသည့် အချက်အလက်မှန်များကို အာဆီယံအဖွဲ့ဝင်နိုင်ငံများသို့ အောက်တိုဘာ ၁၁ ရက်ကပင် အကြောင်းကြားခဲ့ကြောင်း၊ သို့ရာတွင် အာဆီယံအလှည့်ကျဥက္ကဋ္ဌက ထုတ်ပြန်ချက်မူကြမ်းကို ပေးပို့ခဲ့ပြီး အာဆီယံအဖွဲ့ဝင်နိုင်ငံများထံ သဘောထားတောင်းခံခဲ့ကြောင်း၊ ဖြစ်စဉ်သည် KIA သင်တန်းကျောင်းအနီး ခဲယမ်းသိုလှောင်ရုံ ပေါက်ကွဲမှုကြောင့် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံက ထောက်ပြပြီး ကြေညာချက် မထုတ်ပြန်ရန် အကြောင်းကြားခဲ့သည်ဟု နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

သို့သော် အာဆီယံက ကြေညာချက်ကို မလိုအပ်ဘဲ ထုတ်ပြန်ခဲ့ကြောင်း၊ အာဆီယံထုတ်ပြန်ချက်ပါ အချက်အလက်များသည် ထင်ယောင်ထင်မှားဖြစ်စေသဖြင့် အခြေအမြစ်မရှိသည့်အတွက်ကန့်ကွက်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

အာဆီယံအဖွဲ့ဝင်နိုင်ငံများအနေဖြင့် အာဆီယံပဋိညာဉ်စာတမ်းပါ ပြဋ္ဌာန်းချက်များနှင့် အခြေခံမူများကို တိကျစွာလေးစားလိုက်နာနေကြောင်း၊ အထူးသဖြင့် အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံ၏ ပြည်တွင်းရေးကို အခြားတစ်နိုင်ငံက ဝင်ရောက်စွက်ဖက်ခြင်း မပြုရန် ထပ်လောင်းအသိပေးအပ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက အောက်တိုဘာ ၁၉ ရက်တွင် ထုတ်ပြန်သည်။

Most Read

Most Recent