ပရီးမီးယားလိဂ် (၃)ပွဲဆက် ဂိုးသွင်းနိုင်သည့် တတိယမြောက် ဆွီဒင်ကစားသမားအဖြစ် အီဆက်ခ် မှတ်တမ်းဝင်

ပရီးမီးယားလိဂ် (၃)ပွဲဆက် ဂိုးသွင်းနိုင်သည့် တတိယမြောက် ဆွီဒင်ကစားသမားအဖြစ် အီဆက်ခ် မှတ်တမ်းဝင်
Photo: Eurofoot
Photo: Eurofoot
Published 9 October 2023

နယူးကာဆယ်အသင်း၏ တိုက်စစ်မှူး အီဆက်ခ်သည် ပရီးမီးယားလိဂ် (၃)ပွဲဆက် ဂိုးသွင်းနိုင်သည့် တတိယမြောက် ဆွီဒင်ကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်း သိရသည်။

အီဆက်ခ်(၂၄ နှစ်)သည် ပရီးမီးယားလိဂ်နောက်ဆုံး(၃)ပွဲဆက် ဂိုးသွင်းနိုင်ခဲ့ခြင်းဖြစ်ပြီး ရှက်ဖီးယူနိုက်တက်နှင့်ပွဲတွင် တစ်ဂိုး၊ ဘန်လေနှင့်ပွဲတွင် တစ်ဂိုး၊ ယခုတစ်ပတ် ဝက်စ်ဟမ်းနှင့်ပွဲတွင် နှစ်ဂိုး သွင်းယူခဲ့ခြင်းဖြစ်သည်။

အီဆက်ခ်မတိုင်မီ ပရီးမီးယားလိဂ်(၃)ပွဲဆက် ဂိုးသွင်းနိုင်ခဲ့သည့် ဆွီဒင်ကစားသမားနှစ်ဦးမှာ ယွန်းဘတ်နှင့် အီဘရာဟီမိုဗစ်တို့ဖြစ်ကြောင်း သိရသည်။

အီဆက်ခ်သည် ယခုရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် (၆)ဂိုးသွင်းယူကာ ဒုတိယဂိုးသွင်းအများဆုံးကစားသမားအဖြစ် ဆွန်ဟောင်မင်နှင့်အတူ ပူးတွဲရပ်တည်နေကြောင်း သိရသည်။

Most Read

Most Recent