ဝုလ်ဖ်ဘတ် - ဖရန့်ဖတ် (မြန်မာစံတော်ချိန် စက်တင်ဘာလ ၃၀ ရက် ည ၈:၀၀ နာရီ)
ဝုလ်ဖ်ဘတ်အသင်း ဒီရာသီ အိမ်ကွင်း(၂)ပွဲစလုံး အနိုင်ကစားထားတယ်။ ဖရန့်ဖတ်ကတော့ သရေရလဒ်တွေပဲ ဆက်တိုက်ကြုံနေရပြီး ဝုလ်ဖ်ဘတ်ကွင်း နောက်ဆုံး(၂)ရာသီမှာလည်း သရေကျခဲ့တယ်။ ဖရန့်ဖတ်ကို ပိုကြိုက်တယ်။
မိန့်ဇ် - လေဗာကူဆင် (မြန်မာစံတော်ချိန် စက်တင်ဘာလ ၃၀ ရက် ည ၈:၀၀ နာရီ)
လတ်တလောအနေအထားမှာ လေဗာကူဆင်အသင်းကို ရပ်တန့်ရခက်နေတယ်။ မိန့်ဇ်ရဲ့အခြေအနေကတော့ အတော်လေးဆိုးနေတယ်။ အဝေးကွင်းဖြစ်ပေမဲ့ လေဗာကူဆင် ဂိုးပြတ်၊ မပြတ်ပဲ ကြည့်ရမယ့်ပွဲပါ။
ကိုလုံး - စတုဂတ် (မြန်မာစံတော်ချိန် စက်တင်ဘာလ ၃၀ ရက် ည ၈:၀၀ နာရီ)
လက်ရှိမှာတော့ ဒီနှစ်သင်းအကြားမှာ အခြေအနေချင်း အတော်ကွာခြားနေတယ်။ စတုဂတ်အသင်း အနိမ့်ဆုံးသရေ ကစားလိမ့်မယ်။
ဘိုဟုမ် - မိုချန်ဂလာဘတ် (မြန်မာစံတော်ချိန် စက်တင်ဘာလ ၃၀ ရက် ည ၈:၀၀ နာရီ)
နှစ်သင်းစလုံး အခုချိန်အထိ နိုင်ပွဲမရကြသေးဘူး။ အဝေးကွင်း(၂)ပွဲဆက်တိုက် အမှတ်ရထားတဲ့ မိုချန် အခုပွဲလည်း အမှတ်ထပ်ရဦးမယ်။
ဟိုင်းဟိုင် - အူန်ယွန်းဘာလင် (မြန်မာစံတော်ချိန် စက်တင်ဘာလ ၃၀ ရက် ည ၈:၀၀ နာရီ)
အူန်ယွန်းဘာလင်ကတော့ နောက်ဆုံးကစားတဲ့ ပြိုင်ပွဲစုံ (၄)ပွဲဆက် ရှုံးနိမ့်ခဲ့တယ်။ ဟိုင်းဟိုင်အသင်းနဲ့ စွန့်စားတာ ပိုကောင်းမယ်။
လိုက်ပ်ဇစ် - ဘိုင်ယန်မြူးနစ် (မြန်မာစံတော်ချိန် စက်တင်ဘာလ ၃၀ ရက် ည ၁၁:၀၀ နာရီ)
အခုနှစ်အတွင်း တွေ့ဆုံမှု (၃)ပွဲမှာ ဘိုင်ယန်အသင်း လိုက်ပ်ဇစ်ကို လုံးဝမနိုင်ဘဲ (၁)ပွဲသရေ၊ (၂)ပွဲ ရှုံးနိမ့်ခဲ့တယ်။ နှစ်သင်းစလုံး ကြားရက်မှာ ဂျာမန်ဖလားပွဲကစားခဲ့ရပြီး ဒီပွဲပြီး ရင်လည်း ချန်ပီယံလိဂ်ကစားရဦးမယ်။ ဒါပေမဲ့ ဘိုင်ယန်က ကိုပင်ဟေဂင်လိုအသင်းနဲ့ ကစားရချိန်မှာ လိုက်ပ်ဇစ်က တော့ လက်ရှိချန်ပီယံ မန်စီးတီးအသင်းကို ရင်ဆိုင်ကစားရမှာ ဖြစ်လို့ ပိုဖိအားများနေတယ်။ လက်ရှိ Form အရတော့ ကွာ ခြားချက်သိပ်မရှိပေမဲ့ ဟာရီကိန်း ဂိုးမြူးနေတဲ့ ဘိုင်ယန်တိုက်စစ်ကတော့ လိုက်ပ်ဇစ်ထက် ပိုပြီးလုပ်ရည်ကိုင်ရည်ရှိတယ်။ ဘိုင်ယန်ကို ရွေးချယ်ချင်တယ်။