အာဆင်နယ်အသင်းနှင့် စာချုပ်သစ်ချုပ်ဆိုခဲ့ခြင်းမှာ ဆုဖလားများရယူရန်အတွက်ဖြစ်သည်ဟု အသင်းခေါင်းဆောင် အော်ဒီဂွါ ကြုံးဝါး

အာဆင်နယ်အသင်းနှင့် စာချုပ်သစ်ချုပ်ဆိုခဲ့ခြင်းမှာ ဆုဖလားများရယူရန်အတွက်ဖြစ်သည်ဟု အသင်းခေါင်းဆောင် အော်ဒီဂွါ ကြုံးဝါး
Photos: Twitter
Photos: Twitter
Published 23 September 2023

 

အာဆင်နယ်အသင်းခေါင်းဆောင် အော်ဒီဂွါက အသင်းနှင့် စာချုပ်သစ်ချုပ်ဆို ခဲ့ခြင်းမှာ ဆုဖလားများ ရယူရန်အတွက်ဖြစ်သည်ဟု ကြုံးဝါးပြောကြားခဲ့သည်။ 

အာဆင်နယ်အသင်းသည် အသက် ၂၄ နှစ်အရွယ် နော်ဝေလက်ရွေးစင်အသင်းခေါင်းဆောင် အော်ဒီဂွါအား ငါးနှစ်သက်တမ်းရှိ စာချုပ်သစ်ချုပ်ဆိုကြောင်း စက်တင်ဘာ ၂၂ ရက်တွင် ကြေညာခဲ့သည်။ 

အော်ဒီဂွါသည် ၂၀၂၁ ဇန်နဝါရီတွင် ရီးယဲလ်အသင်းမှ အာဆင်နယ်အသင်းထံသို့ ရာသီဝက်အငှားဖြင့် ကနဦးရောက်ရှိလာပြီး ၂၀၂၁ သြဂုတ်တွင် ပေါင် သန်း ၃၀ ဖြင့် အပြီးသတ် ပြောင်းရွှေ့ခဲ့သည်။ ၎င်းသည် အာဆင်နယ်အသင်းတွင် ခြေစွမ်းပြနိုင်ခြင်းကြောင့် ၂၀၂၂-၂၃ ရာသီ မစတင်မီတွင် အမြဲတမ်းအသင်းခေါင်းဆောင်အဖြစ် ခန့်အပ်ခံခဲ့ရသည်။ 

အာဆင်နယ်အသင်းသည် ယခုအခါ အော်ဒီဂွါအား ၂၀၂၈ ခုနှစ်အထိ စာချုပ်သစ် ချုပ်ဆိုခဲ့ခြင်းဖြစ်ပြီး ၎င်းအနေဖြင့် တစ်ပတ်လစာ ပေါင် ၃၀၀၀၀၀ ကျော် ရရှိမည်ဖြစ်ကြောင်း Daily Mail က ဖော်ပြခဲ့သည်။ 

အော်ဒီဂွါက အာဆင်နယ်အသင်းနှင့် စာချုပ်သစ်ချုပ်ဆိုရန် ဆုံးဖြတ်ရခြင်းမှာ လွယ်ကူပြီး အသင်းနှင့်အတူ ဆုဖလားများ ရယူသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ 

အော်ဒီဂွါက "ကျွန်တော့်အတွက် လွယ်ကူတဲ့ ဆုံးဖြတ်ချက်ပါပဲ။ အာဆင်နယ်အသင်းကို စရောက်တဲ့နေ့မှာပဲ ကိုယ့်အိမ်ကိုယ့်ရာလို ခံစားခဲ့ရတယ်။ ဒီအသင်းကလူတွေက အရမ်းကောင်းကြပြီး ဒီမှာရှိတဲ့ အရာအားလုံးက ကျွန်တော်နဲ့ အဆင်ပြေပါတယ်။ အသင်းနဲ့အတူ ဆုဖလားတွေရယူဖို့ ကျွန်တော် မျှော်လင့်နေပါတယ်။ ဒါက အိပ်မက်လည်း ဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့ အာဆင်နယ်အသင်းနဲ့အတူ ဆုဖလားတွေ ရယူနိုင်မယ်လို့ ယုံကြည်တာကြောင့် အခုလို စာချုပ်သစ်ချုပ်ဆိုခဲ့တာပါ"ဟု ပြောကြားသည်။ 

Most Read

Most Recent