သုံးဆယ်မြို့ စံရွေးတန်းရပ်ကွက်အုပ်ချုပ်ရေးမှူး အမျိုးသမီးတစ်ဦး သေနတ်ဖြင့်ပစ်သတ်ခံရ

သုံးဆယ်မြို့ စံရွေးတန်းရပ်ကွက်အုပ်ချုပ်ရေးမှူး အမျိုးသမီးတစ်ဦး သေနတ်ဖြင့်ပစ်သတ်ခံရ
Published 14 September 2023

ပဲခူးတိုင်းဒေသကြီး သာယာဝတီမြို့နယ် သုံးဆယ်မြို့ စံရွေးတန်းရပ်ကွက်အုပ်ချုပ်ရေးမှူး အမျိုးသမီးတစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရကြောင်း သတင်းရရှိသည်။

စက်တင်ဘာ ၁၁ ရက် ညပိုင်းတွင် သာယာဝတီမြို့နယ်၊ သာယာအေးကျေးရွာ၌ သေနတ်ဖြင့် ပစ်ခတ်ခံရ၍ အမျိုးသမီးတစ်ဦး သေဆုံးခဲ့ကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ သုံးဆယ်မြို့ စံရွေးတန်းရပ်ကွက်နေ ရပ်ကွက်အုပ်ချုပ်ရေးမှူးဖြစ်သူ ဒေါ်သိမ့်သိမ့်လွင် (၄၇ နှစ်)သည် ၎င်း၏သမီးဖြစ်သူ ဒေါက်တာမေသူလွင်မောင်းနှင်သည့် ဆိုင်ကယ်ဖြင့် သာယာအေးကျေးရွာမှ သုံးဆယ်မြို့သို့ ကညင်ကောက်-သာယာအေး သွားလမ်းအတိုင်း ထွက်ခွာလာစဉ် သာယာအေးကျေးရွာအနီး ကွန်ကရစ်တံတားအရောက် လားရာတူနောက်မှ ဆိုင်ကယ်မောင်းနှင်လာသည့် အမျိုးသားနှစ်ဦးက သေနတ်ဖြင့် ပစ်ခတ်ထွက်ခဲ့သဖြင့် ဒေါ်သိမ့်သိမ့်လွင်တွင် ကျည်ထိမှန် ဒဏ်ရာများရရှိကာ သေဆုံးခဲ့ကြောင်း သိရသည်။

ထိုသို့လုပ်ကြံသတ်ဖြတ်မှုကျူးလွန်ခဲ့သူများအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Most Read

Most Recent