ခေတ်အဆက်ဆက်တွင် နိုင်ငံဝင်ငွေရရှိရေးအတွက် သစ်များထုတ်ယူရောင်းချခဲ့သဖြင့် သစ်တောဖုံးလွှမ်းမှု ရာခိုင်နှုန်းသည် ၄၂ ရာခိုင်နှုန်းခန့်အထိ ကျဆင်းလာခဲ့သည်ကို တွေ့ရကြောင်း နစကဥက္ကဋ္ဌပြောကြား

ခေတ်အဆက်ဆက်တွင် နိုင်ငံဝင်ငွေရရှိရေးအတွက် သစ်များထုတ်ယူရောင်းချခဲ့သဖြင့် သစ်တောဖုံးလွှမ်းမှု ရာခိုင်နှုန်းသည် ၄၂ ရာခိုင်နှုန်းခန့်အထိ ကျဆင်းလာခဲ့သည်ကို တွေ့ရကြောင်း နစကဥက္ကဋ္ဌပြောကြား
Published 8 September 2023

ခေတ်အဆက်ဆက်တွင် နိုင်ငံဝင်ငွေရရှိရေးအတွက် သစ်များထုတ်ယူရောင်းချခဲ့သဖြင့် သစ်တောဖုံးလွှမ်းမှု ရာခိုင်နှုန်းသည် ၄၂ ရာခိုင်နှုန်းခန့်အထိ ကျဆင်းလာခဲ့သည်ကို တွေ့ရကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားသည်။

စက်တင်ဘာ ၇ ရက်ကကျင်းပသည့် နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၊ ရေဆင်းဆည်အနီး၌ ကျင်းပသည့် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း၊ ရေ၊ လေ) မိသားစုများ၏ စတုတ္ထအကြိမ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားတွင် အမှာစကားပြောကြားရာ၌ နစကဥက္ကဋ္ဌက ထိုသို့ထည့်သွင်းပြောကြားခြင်းဖြစ်သည်။

နစကဥက္ကဋ္ဌက သစ်တောထူထပ်ပြီး အဖိုးတန်သစ်တောတွေရှိသည့် မိမိတို့နိုင်ငံကို နယ်ချဲ့များက မတရားကျူးကျော်မှုများ ပြုလုပ်ခဲ့ပြီး အတိုင်းအဆမရှိ သစ်တောများကို ခုတ်လှဲယူခဲ့ကြသည်ကို တွေ့ရှိရမည်ဖြစ်ကြောင်း၊ ခေတ်အဆက်ဆက်တွင်လည်း နိုင်ငံဝင်ငွေရရှိရေးအတွက် သစ်များထုတ်ယူ ရောင်းချခဲ့သဖြင့် သစ်တောဖုံးလွှမ်းမှု ရာခိုင်နှုန်းသည် ၄၂ ရာခိုင်နှုန်းခန့်အထိ ကျဆင်းလာခဲ့သည်ကို တွေ့ရှိရကြောင်း၊ သယံဇာတဟူသည်မှာ သဘာဝအလျောက်ပြန်လည် ပြည့်ဖြိုးနိုင်သည်ရှိသကဲ့သို့ ပြန်လည်ဖြည့်တင်း၍ မရသည့် သယံဇာတများလည်းရှိကြောင်း၊ သစ်ပင်သစ်တောဟူသည်မှာ သဘာဝအလျောက် ပြန်လည်ပြည့်ဖြိုးစေနိုင်သည့် စွမ်းပကားများရှိသကဲ့သို့ လူသားများ၏ လုပ်ဆောင်ဖန်တီးမှုများဖြင့်လည်း ပြန်လည်ဖြည့်တင်းပေးနိုင်သည့်အရာဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် သစ်တောသစ်ပင်များ ပြန်လည်ထူထောင် ဖြည့်တင်းခြင်းများကို မှန်မှန်ကန်ကန်ဆောင်ရွက်မှုမရှိပါက သဘာဝတရား၏ရိုက်ခတ်မှုဒဏ်ကိုခံရမည်ဖြစ်ကြောင်း၊ အထူးသဖြင့်သစ်တောများနှင့်နီးကပ်နေသည့် ကျေးလက်ဒေသများတွင် သစ်ပင်သစ်တောများကို ထိန်းသိမ်းရေးနှင့် မြို့ပြများတွင် နေထိုင်သူများအနေဖြင့်လည်း မိမိပတ်ဝန်းကျင် စိမ်းလန်းစိုပြေမှုရရှိစေရေးကို အမျိုးသားရေး တာဝန်တစ်ရပ်အနေဖြင့် လွှမ်းခြုံဆာင်ရွက်သင့်သည်ကို ပြောကြားလိုကြောင်း ပြောကြားသည်။

ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) အနေဖြင့် ၂၀၁၁ ခုနှစ်မှစပြီး သစ်ပင်စိုက်ပျိုးပွဲများကို နှစ်စဉ်ကျင်းပလျက်ရှိရာ ၂၀၂၃ ခုနှစ် တတိယအကြိမ် သစ်ပင်စိုက်ပျိုးပွဲအထိ သစ်ပင်ပေါင်း ၁၉၀၄၇၃ ပင် စိုက်ပျိုးနိုင်ခဲ့ပြီး ရှင်သန်မှုအနေဖြင့် ၁၀၉၈၈၅ ပင်ရှင်သန်ဖြစ်ထွန်းခဲ့သည်ကို တွေ့ရှိရသည့်အတွက် ၅၅ ရာခိုင်နှုန်းခန့်သာ ရှင်သန်ဖြစ်ထွန်းသည်ကို တွေ့ရှိရကြောင်း၊ ထို့ကြောင့် သစ်ပင်စိုက်ပျိုးပွဲများကို အချိန်နှင့် လူအင်အားအသုံးပြု၍ ဆောင်ရွက်ရသည့်နည်းတူအကျိုးရှိရှိအောင် မြင်ဖြစ်ထွန်းမှုရှိစေရေး စိုက်ပျိုးသည့်သူများ ကရှင်သန်မှုရှိအောင် စိုက်ပျိုးရန်လိုသကဲ့သို့ ထိန်းသိမ်းရန် တာဝန်ရှိသူများအနေဖြင့်လည်း ရာနှုန်းပြည့်ဖြစ်ထွန်းအောင် ဆောင်ရွက်ရန်မှာကြားလိုကြောင်း၊ ယခုပြုလုပ်သည့် စတုတ္ထအကြိမ်မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်တွင် ကျွန်း၊ မန်ဂျန်ရှားနှင့် ပိတောက်ပင်စုစုပေါင်း ၃၅၂၈ ပင်ကို ထပ်မံစိုက်ပျိုးသွားမည်ဖြစ်ပြီး အားလုံးရှင်သန်ဖြစ်ထွန်းအောင် စိုက်ပျိုးရန်မှာကြားလိုကြောင်း နစကဥက္ကဋ္ဌက ပြောကြားသည်။

ထို့ပြင် မိမိတို့အနေဖြင့် ယနေ့ကမ္ဘာကြီး ပူနွေးလာခြင်းကို ပြန်လည်ကုစားရန်အတွက် လူသားတစ်ယောက်၏တာဝန်အဖြစ် ခံယူပြီး သစ်ပင်စိုက်ပျိုးရန်၊ သစ်ပင်များကို စိုက်ပျိုးခြင်းနှင့် ထိန်းသိမ်းစောင့်ရှောက်ခြင်း အလေ့အထများသည် လူသားဆန်ပြီး ဖြူစင်မွန်မြတ်သည့် အလုပ်မျိုးဖြစ်သည့်အတွက် အလေးအနက်ထားလုပ်ဆောင်ရန်၊ စတင်စိုက်ပျိုးပြီးချိန်မှစ၍ အောင်မြင်ဖြစ်ထွန်းသည့် အချိန်အထိ ထိန်းသိမ်းပြုစုခြင်း လုပ်ငန်းစဉ်များကို ရာသီအလိုက်၊ အပင်သက်တမ်းအလိုက် မပျက်မကွက် ဆောင်ရွက်သည့် စနစ်တစ်ရပ်အဖြစ် လုပ်ဆောင်သွားရန်၊ သစ်ပင်စိုက်ပျိုးခြင်းသည် ပစ္စုပ္ပန်တွင်သာအကျိုးဖြစ်စေရုံသာမက သံသရာအတွက် အထောက်အပံ့ ကောင်းတစ်ရပ်လည်းဖြစ်သည်ကို ခံယူဆောင်ရွက်ရန်လိုကြောင်း နစကဥက္ကဋ္ဌက ပြောကြားသည်။

ထို့နောက်နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်ဇနီးတို့က ရတနာတန်းဝင်ကျွန်းပင်ကို ဦးဆောင်စိုက်ပျိုးဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ဇနီးတို့က ရတနာတန်းဝင်ကျွန်းပင်ကို ဦးဆောင်စိုက်ပျိုးပေးခဲ့ကြောင်း သိရသည်။

၂၀၁၁ ခုနှစ်မှ ၂၀၂၃ ခုနှစ် စတုတ္ထအကြိမ်သစ်ပင်စိုက်ပျိုးပွဲအထိ ရေဆင်းဆည် ပတ်ဝန်းကျင်၌ ရတနာတန်းဝင်ပင်၊ နှစ်ရှည်သီးနှံပင်နှင့် အရိပ်ရလေကာပင်စုစုပေါင်း ၁၉၄၀၀၁ ပင်အား စိုက်ပျိုးခဲ့ပြီးဖြစ် ယခုပြုလုပ်သည့် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း၊ ရေ၊ လေ)မိသားစုများ၏ စတုတ္ထအကြိမ်သစ် ပင်စိုက်ပျိုးပွဲတွင် ရတနာတန်းဝင်ကျွန်းပင် ၁၇၆၄ ပင်၊ မန်ဂျန်ရှား ၈၈၂ ပင်၊ ပိတောက် ၈၈၂ ပင် စုစုပေါင်း ၃၅၂၈ ပင်အား စုပေါင်းစိုက်ပျိုးခဲ့ကြောင်း သိရသည်။

ရေဆင်းဆည်ပတ်ဝန်းကျင်၌ သဘာဝပတ်ဝန်းကျင်နှင့် ဂေဟစနစ်ထိန်းသိမ်းရေးအတွက် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း၊ ရေ၊ လေ)မိသားစုများအနေဖြင့် ၂၀၁၁ ခုနှစ်မှ ၂၀၂၃ ခုနှစ် စတုတ္ထအကြိမ်သစ်ပင်စိုက်ပျိုးပွဲအထိ သစ်ပင်စိုက်ပျိုးပွဲတော် ၃၉ ကြိမ် ကျင်းပ၍ ရတနာတန်းဝင်ပင်၊ နှစ်ရှည်သီးနှံ ပင်နှင့် အရိပ်ရလေကာပင်စုစုပေါင်း ၁၉၄၀၀၁ ပင်အား စိုက်ပျိုးခဲ့ပြီးဖြစ်ကြောင်း သိရသည်။

Most Read

Most Recent