မြန်မာအစိုးရနှင့် ကုလသမဂ္ဂအကြား ပိုမိုပူးပေါင်းဆောင်ရွက်နိုင်မည့် နည်းလမ်းများနှင့်စပ်လျဉ်း၍ နိုင်ငံခြားရေးဝန်ကြီးနှင့် UNOCHA ၏ မြန်မာနိုင်ငံဆိုင်ရာအကြီးအကဲ ဆွေးနွေး

မြန်မာအစိုးရနှင့် ကုလသမဂ္ဂအကြား ပိုမိုပူးပေါင်းဆောင်ရွက်နိုင်မည့် နည်းလမ်းများနှင့်စပ်လျဉ်း၍ နိုင်ငံခြားရေးဝန်ကြီးနှင့် UNOCHA ၏ မြန်မာနိုင်ငံဆိုင်ရာအကြီးအကဲ ဆွေးနွေး
Published 6 September 2023

မြန်မာအစိုးရနှင့် ကုလသမဂ္ဂအကြား ပိုမိုပူးပေါင်းဆောင်ရွက်နိုင်မည့် နည်းလမ်းများနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေနှင့် ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA)၏ မြန်မာနိုင်ငံဆိုင်ရာအကြီးအကဲ Mr. Sajjad Mohammad Sajid တို့ ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။

စက်တင်ဘာ ၅ ရက်က နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေနှင့် ကုလသမဂ္ဂလူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးရုံး(UNOCHA)၏ မြန်မာနိုင်ငံဆိုင်ရာအကြီးအကဲ Mr. Sajjad Mohammad Sajid တို့ တွေ့ဆုံဆွေးနွေးခဲ့ခြင်းလည်းဖြစ်သည်။

တွေ့ဆုံပွဲသို့ ကုလသမဂ္ဂယာယီဌာနေညှိနှိုင်းရေးမှူးနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ယာယီညှိနှိုင်းရေးမှူး Mr. Ramanathan Balakrishnan လည်း ပါဝင်တက်ရောက် ဆွေးနွေးခဲ့ကြောင်း သိရသည်။

ထိုသို့တွေ့ဆုံစဉ်ရာတွင် ကုလသမဂ္ဂလူသားချင်းစာနာထောက်ထားမှုဆိုင်ရာနှင့် အရေးပေါ်ကယ်ဆယ်ရေးဆိုင်ရာ ညှိနှိုင်းရေးမှူး၊ နယူးယောက်မြို့ရှိ ကုလသမဂ္ဂလူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) ၏ အကြီးအကဲဖြစ်သူ Under-Secretary-General Mr. Martin Griffiths ၏ ဩဂုတ်လအတွင်းက မြန်မာနိုင်ငံသို့လာရောက်ခဲ့သည့် ခရီးစဉ်နောက်ပိုင်း မြန်မာအစိုးရနှင့် ကုလသမဂ္ဂနှင့် ၎င်း၏လက်အောက်ခံအဖွဲ့အစည်းများအကြား ပိုမိုပူးပေါင်းဆောင်ရွက်နိုင်မည့် နည်းလမ်းများနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြောင်း သိရသည်။

ယင်းအစည်းအဝေးသို့ နိုင်ငံခြားရေးဝန်ကြီးဌာနမှ အဆင့်မြင့်အရာရှိကြီးများ ပါဝင်တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။

Most Read

Most Recent