မြန်မာ သံအမတ်ဟောင်း ဦးကျော်စွာမင်းကို သံတမန် အိမ်ရာထဲသို့ ကျော်နင်းမှုဖြင့် ဗြိတိန်ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေး

မြန်မာ သံအမတ်ဟောင်း ဦးကျော်စွာမင်းကို သံတမန် အိမ်ရာထဲသို့ ကျော်နင်းမှုဖြင့် ဗြိတိန်ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေး
■ Photo: Reuter
■ Photo: Reuter
Published 19 August 2023
Ref: Reuter

ဗြိတိန်ရဲတပ်ဖွဲ့သည် ဗြိတိန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးဟောင်း ဦးကျော်စွာမင်းကို လန်ဒန်ရှိ သံတမန်အိမ်ရာတစ်ခုအား ကျော်နင်းမှုဖြင့် စုံစမ်းစစ်ဆေးလျက်ရှိ ကြောင်း ၎င်း၏ရှေ့နေဖြစ်သူက ရိုက်တာ သတင်းဌာနကိုပြောကြားခဲ့သည်။

၎င်းသည် မြန်မာ့တပ်မတော်က နိုင်ငံတော်အာဏာကိုလွှဲပြောင်းယူမှုကို ဆန့်ကျင် ခဲ့ခြင်းကြောင့် ရာထူးမှဖယ်ရှားခံရပြီးနောက်ပိုင်း ထိုသံတမန်အိမ်ရာမှ ထွက်ခွာရန် ငြင်းဆန်ခဲ့သည်ဟု သိရသည်။

ထို့နောက်ပိုင်း နစကအစိုးရက ၎င်း၏နေရာကို အခြားသံအမတ်တစ်ဦးဖြင့် အစား ထိုးခန့်အပ်မှုပြုလုပ်ခဲ့သော်လည်း ဦးကျော်စွာမင်းသည်  သံဆူးကြိုးများ၊ စီစီတီဗီကင်မရာ များကို ပတ်ပတ်လည်တပ်ဆင်ထားသည့်လန်ဒန်အနောက်မြောက်ပိုင်းရှိသံအမတ်ကြီး နေအိမ်၌သာ ဆက်လက်နေထိုင်ခဲ့ပြီး ယင်းနေအိမ်ကို မြန်မာသံရုံးအား ပြန်အပ်ရန် ငြင်းဆန်ခဲ့ကြောင်းသိရသည်။

ယမန်နှစ်တွင် ဗြိတိန်အစိုးရက နစက အစိုးရ၏ ဖိအားပေးမှုကို အကြောင်းပြချက် ဖြင့် ၎င်းကိုအဆိုပါနေအိမ်မှ ထွက်ခွာပေးရန် တိုက်တွန်းခဲ့သည်ဟု ရိုက်တာသတင်း ဖော်ပြ ချက်အရ သိရသည်။

ယခုသီတင်းပတ် အစောပိုင်းက ၎င်းသည် သံတမန်ဝင်းထဲသို့ ကျော်နင်းမှု စွပ်စွဲ ချက်ဖြင့် ဗြိတိန်ရဲတပ်ဖွဲ့၏ စစ်ဆေးမေး မြန်း ခြင်းကိုခံခဲ့ရကြောင်း ၎င်း၏ရှေ့နေဖြစ်သူ နေးလ်ဆွစ်ဖ်က ပြောကြားခဲ့သည်။

အဆိုပါပြစ်မှုသည် ထောင်ဒဏ်ခြောက် လ သို့မဟုတ် ငွေဒဏ် သို့မဟုတ် ပြစ်ဒဏ်နှစ် ရပ်လုံးကို ကျခံရနိုင်သည်။

သြဂုတ် ၁၅ ရက်တွင် ၎င်းကိုရဲတပ်ဖွဲ့က စစ်ဆေးမေးမြန်းခဲ့သော်လည်း စွဲချက် တင်ရ ခြင်းမရှိသေးကြောင်း ၎င်း၏ရှေ့နေဖြစ်သူ ဆွစ်ဖ်က ပြောကြားသည်။

 ဗြိတိန်ရှေ့နေချုပ်သည် ၎င်းကိုစွဲ ချက်တင်ရန် သက်သေအထောက်အထား လုံလောက်မှု ရှိ မရှိ အဆုံးအဖြတ်ပေးရမည်ဖြစ်ကြောင်းလည်း ၎င်း၏ရှေ့နေဖြစ်သူ ဆွစ်ဖ်က ပြောကြားသည်။

Most Read

Most Recent