ဆန်စပါးစျေးနှုန်းတည်ငြိမ်စေရန် သြဂုတ်လအတွင်း ဆန်မျိုးစုံအိတ်ရေ ၁၇၀၀၀၀ ကို သက်သောစျေးဖြင့် စျေးကွက်အတွင်းထုတ်ရောင်းမည်ဖြစ်ပြီး မြို့နယ်များအလိုက် ရောင်းချနိုင်ရန် ပြင်ဆင်နေ 

ဆန်စပါးစျေးနှုန်းတည်ငြိမ်စေရန် သြဂုတ်လအတွင်း ဆန်မျိုးစုံအိတ်ရေ ၁၇၀၀၀၀ ကို သက်သောစျေးဖြင့် စျေးကွက်အတွင်းထုတ်ရောင်းမည်ဖြစ်ပြီး မြို့နယ်များအလိုက် ရောင်းချနိုင်ရန် ပြင်ဆင်နေ 
ရန်ကုန်မြို့ဝါးတန်းဆန်ကုန်စည်ဒိုင်၌ ဆန်လာရောက်ဝယ်ယူနေသူများကို သြဂုတ် ၈ ရက်က တွေ့ရစဉ်(ဓာတ်ပုံ-ကြည်နိုင်)
ရန်ကုန်မြို့ဝါးတန်းဆန်ကုန်စည်ဒိုင်၌ ဆန်လာရောက်ဝယ်ယူနေသူများကို သြဂုတ် ၈ ရက်က တွေ့ရစဉ်(ဓာတ်ပုံ-ကြည်နိုင်)
Published 8 August 2023

ဆန်စပါးစျေးနှုန်းတည်ငြိမ်စေရန် သြဂုတ်လအတွင်း ဆန်မျိုးစုံအိတ်ရေ ၁၇၀၀၀၀ ကို သက်သောစျေးဖြင့် စျေးကွက်အတွင်းထုတ်ရောင်းမည်ဖြစ်ပြီး မြို့နယ်များအလိုက်တွင်လည်း ရောင်းချနိုင်ရန် ပြင်ဆင်နေကြောင်း မြန်မာနိုင်ငံဆန်းစပါးအသင်းချုပ်၏ သတင်းထုတ်ပြန်မှုအရ သိရသည်။ 

မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်အနေဖြင့် ဇူလိုင် ၂၈ ရက်တွင် ထုတ်ပြန်ခဲ့သည့်  ဧည့်မထ အိတ်ရေ ၅၀၀၀၀ အပြင် ထပ်မံ၍ ဧည့်မထ/ရက် ၉၀ စသည့် ဆန်အိတ်ရေ ၁၀၀၀၀၀ နှင့် ပေါ်ဆန်းမျိုးစုံ အိတ်ရေ ၂၀၀၀၀ ၊ စုစုပေါင်း ဆန်မျိုးစုံ အိတ်ကြီး (၂၄ ပြည်) အိတ်ရေ ၁၇၀၀၀၀ ကို ဩဂုတ်လအတွင်း ဈေးကွက်အတွင်းသို့ ထုတ်၍ ရောင်းချပေးသွားမည်ဖြစ်ကြောင်း၊ လိုအပ်ပါက ထပ်မံ၍ ထည့်သွင်းရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။ 

မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၊ မြန်မာနိုင်ငံဆန်စပါးကုန်သည်များအသင်းနှင့် Exporter ကုမ္ပဏီကြီးများ၏ ပူးပေါင်းဆောင်ရွက်မှုဖြင့် ဆန်ဈေးနှုန်းတည်ငြိမ်စေရန် ပြည်တွင်းစားသုံးမှုများသည့်ဆန်များကို ဩဂုတ်လ ၇ ကစတင်၍ ရန်ကုန်မြို့ ဝါးတန်း ဆိပ်ကမ်းရှိ ဆန်စပါးကုန်စည်ဒိုင်၊ ဘုရင့်နောင်ပွဲရုံရှိ ဆန်စပါးကုန်စည်ဒိုင်များတွင် ရောင်းချပေးလျက်ရှိပြီး ဝယ်ယူသူများပြားလျက်ရှိကာ ဆက်လက်ရောင်းချပေးနေကြောင်းသိရသည်။ 

ထို့ပြင် လှိုင်သာယာ၊ ရွှေပြည်သာ၊ အင်းစိန်၊ တောင်/မြောက်ဒဂုံ မြို့နယ်များ၊ တောင်/မြောက်ဥက္ကလာ၊ ဒလ၊ တွံတေး၊ မှော်ဘီ၊ မင်္ဂလာဒုံ စသော မြို့နယ်များတွင် နေရာရွေး၍ အရောင်းဆိုင် သတ်မှတ်ဆောင်ရွက်ခြင်း၊ ကားဖြင့် လှည့်လည် ရောင်းချမှုများကိုလည်း စီစဉ်လျက်ရှိပြီး မကြာမီ စတင်နိုင်ရန် ပြင်ဆင်နေကြောင်း၊ စီစဉ်ပြီးပါက ထပ်မံထုတ်ပြန်သွားမည်ဖြစ်သည်။ 

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ လက်လီဆန်အရောင်းဆိုင်များကိုလည်း တစ်ဆိုင်လျင် ဧည့်မထဆန် အိတ်အကြီး (၅၀) နှုန်းဖြင့် (နှစ်ပတ်လျင် တစ်ကြိမ်) စနစ်တကျ စာရင်းပြုစုပြီး ဖြန့်ဝေ ရောင်းချရန် စီစဉ် သွားမည်ဖြစ်ကြောင်း၊ Online စနစ်ဖြင့် Registration ဆောင်ရွက်ကာ Kpay ဖြင့် ငွေပေးချေပြီး Delivery အရောက်ပို့စနစ်ကိုပါ စီစဉ်ဆောင်ရွက်နေဆဲဖြစ်ကြောင်းသိရသည်။ 

ဝါးတန်းဆိပ်ကမ်းရှိ ဆန်စပါးကုန်စည်ဒိုင်၊ ဘုရင့်နောင်ပွဲရုံရှိ ဆန်စပါးကုန်စည်ဒိုင်များတွင် ရောင်းချပေးနေသည့် ဆန်စျေးနှုန်းများအနေဖြင့် ရွှေဘိုပေါ်ဆန်းမွှေးများ (၁၀၈) ပေါင် တစ်အိတ် ကျပ် ၁၁၀,၀၀၀ မှ ကျပ် ၁၂၀,၀၀၀ ကြား၊ ဧရာဝတီပေါ်ဆန်းမွှေးဆန်များ (၁၀၈) ပေါင် တစ်အိတ် ကျပ် ၉၄,၀၀၀ မှ ကျပ် ၉၇,၀၀၀ ကြား၊ ဧည့်မထ (၁၀ %) (၁၀၈) ပေါင် တစ်အိတ် ကျပ် ၆၅,၀၀၀၊ ဧည့်မထ (၂၅%) (၁၀၈) ပေါင် တစ်အိတ် ကျပ် ၆၀,၀၀၀ ဖြင့် ရောင်းချပေးလျက်ရှိကြောင်းသိရသည်။ 

အဆိုပါအစီအစဉ်အရ ဝယ်ယူလိုသူများသည် နိုင်ငံသားစိစစ်ရေးကတ်ပြားတင်ပြလျက် ကတ်ပြားတစ်ခုလျှင် တစ်လအတွက် ပေါ်ဆန်းအမျိုးစား ဆန်တစ်အိတ်နှင့် ဧည့်မထအမျိုးအစားဆန် တစ်အိတ်ကို လွတ်လပ်စွာဝယ်ယူနိုင်ကြောင်း၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ စက်ရုံအလုပ်ရုံ၊ ကုမ္ပဏီဝန်ထမ်းများအနေဖြင့် သက်ဆိုင်ဌာန/စက်ရုံအလုပ်ရုံ၊ ကုမ္ပဏီမှ တင်ပြစာများနှင့် Email:[email protected] သို့ ဆက်သွယ်ဝယ်ယူနိုင်ကြောင်း သိရသည်။

 

Most Read

Most Recent