အကျဉ်းသားများ ပြန်လွတ်မည်သတင်းကြောင့် အင်းစိန်အကျဉ်းထောင်ရှေ့တွင် မိသားစုဝင်များ စောင့်ဆိုင်းနေမှု ပိုများလာ

အကျဉ်းသားများ ပြန်လွတ်မည်သတင်းကြောင့် အင်းစိန်အကျဉ်းထောင်ရှေ့တွင် မိသားစုဝင်များ စောင့်ဆိုင်းနေမှု ပိုများလာ
ပုံစာ - အင်းစိန်အကျဉ်းထောင်ရှေ့တွင် သြဂုတ် ၁ ရက် နံနက်ပိုင်းနှင့် မွန်းလွဲပိုင်းက လာရောက်စောင့်ဆိုင်းနေကြသူများကို တွေ့ရစဉ်
ပုံစာ - အင်းစိန်အကျဉ်းထောင်ရှေ့တွင် သြဂုတ် ၁ ရက် နံနက်ပိုင်းနှင့် မွန်းလွဲပိုင်းက လာရောက်စောင့်ဆိုင်းနေကြသူများကို တွေ့ရစဉ်
Published 1 August 2023

အကျဉ်းသားများ ပြန်လွတ်မည်သတင်းကြောင့် အင်းစိန်အကျဉ်းထောင်ရှေ့တွင် မိသားစုဝင်များ စောင့်ဆိုင်းနေမှု ပိုများလာကြောင်း အဆိုပါအကျဉ်းထောင်ရှေ့တွင် ရောက်ရှိနေသူများက ပြောကြားသည်။

"အခုတော့ မနက်ပိုင်းကထက်စာရင် ပိုများလာပြီ။ ၅၀၅ (က) နဲ့ ထောင်ဒဏ်ကျခံနေရတဲ့သူတွေရဲ့ မိသားစုဝင်တွေလည်း ရောက်နေကြတယ်" ဟု အင်းစိန်အကျဉ်းထောင်ရှေ့တွင် ရောက်ရှိနေသူတစ်ဦးက ပြောကြားသည်။

အင်းစိန်အကျဉ်းထောင်သို့ ယနေ့( သြဂုတ် ၁ ရက်) တွင် မော်တော်ယာဉ်အချို့ ဝင်ရောက်သွားသည်ကို တွေ့ရကြောင်း၊ မွန်းလွဲ ၁ နာရီခန်အထိ အင်းစိန်အကျဉ်းထောင်မှ အကျဉ်းသားများကို ပြန်လွှတ်ပေးသည်ကို မတွေ့ရသေးကြောင်း ၎င်းကဆက်လက်ပြောကြားသည်။

ဓမ္မစကြာ အခါတော်နေ့အထိမ်းအမှတ်အဖြစ် အကျဉ်းထောင်၊ အချုပ်ထောင်၊ အချုပ်စခန်းအသီးသီးတွင် ပြစ်ဒဏ်ကျခံလျက်ရှိသော အကျဉ်းသား အကျဉ်းသူ ၇၇၄၉ ဦးကို ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုကြောင်း ယနေ့ (သြဂုတ် ၁ ရက်)တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ထုတ်ပြန်ထားသည်။

 

Most Read

Most Recent