၂၀၂၃ ခုနှစ် ဇူလိုင် ၃၁ ရက်တွင် အ ကန့်အသတ်ဖြင့် ကျပ်နှစ်သောင်းတန် ထုတ် ဝေသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ်က ထုတ်ပြန်ခဲ့သည်။
ယင်းသို့ ထုတ်ပြန်လိုက်ပြီးနောက် ပြည်တွင်းစျေးကွက်အတွင်း ဒေါ်လာစျေး၊ ရွှေ စျေးအပါအဝင် ကုန်စည်အချို့ ရုတ်တရက် စျေးတက်ခဲ့သည်။
ကမ္ဘာ့ရွှေစျေးမြင့်တက်မှုမရှိသော်လည်း ကျပ်နှစ်သောင်းတန်ထုတ်ဝေမည့်သတင်း ကြောင့် ပြည်တွင်းအခေါက်ရွှေစျေး ကျပ် ၃၅ သိန်းအထိ ခုန်တက်ကာ ရွှေစျေးကွက် အ တွင်း ဇူလိုင် ၂၄ ရက်က ရွှေဆိုင်အချို့အ ရောင်းပိတ်ထားသည့်အခြေအနေများပင် ရှိ ခဲ့သည်။
ဇူလိုင် ၂၄ ရက်က ရွှေအရောင်းအဝယ် စျေးကွက်အတွင်း တစ်ကျပ်သားလျှင် ကျပ် ၃၅ သိန်း၊ တစ်ဒေါ်လာ ကျပ် ၃၄၀၀ အထိ ရောက်ရှိခဲ့သည်။ ဇူလိုင် ၂၅ ရက်တွင် ရွှေ စျေး ပြန်လည်ကျဆင်းကာ တစ်ကျပ်သား လျှင် ကျပ် ၃၄၅၀၀၀၀ ဝန်းကျင်နှင့် တစ်ဒေါ် လာလျှင် ကျပ် ၃၃၀၀ ဝန်းကျင်အထိ ကျဆင်း ခဲ့သည်။ ဇူလိုင် ၂၇ ရက်တွင်မူ တစ်ကျပ်သား လျှင် ကျပ် ၃၅ သိန်းဝန်းကျင်နှင့် တစ်ဒေါ် လာလျှင် ကျပ် ၃၁၁၀ ဝန်းကျင်ရှိခဲ့ကြောင်း ရွှေနှင့် နိုင်ငံခြားငွေကြေးရောင်းဝယ်သူများ ထံမှ သိရသည်။
“ပြီးခဲ့တဲ့တနင်္လာနေ့ကစပြီး ဆေးအ ချို့ကို ၁၀ ရာခိုင်နှုန်းလောက် စျေးတက်တယ်။ ဆေးတွေ ပစ္စည်းပြတ်သွားတာလည်း ပါတယ်”ဟု ဆေးအရောင်းကိုယ်စားလှယ် တစ်ဦးက ပြောကြားခဲ့သည်။
“ဒေါ်လာစျေးက အပြင်မှာ တစ်ဒေါ် လာ ၃၅၀၀ တို့ ၃၆၀၀ တို့ဆိုတာ မပေါက် တဲ့စျေးကို သက်သက်စျေးဆွဲတင်ပြီး လုပ်စားကြတာ။ ဒီလိုအခြေအနေမှာ ဘယ်သူမှမ ဝယ်ရဲ၊ မရောင်းရဲကြဘူး။ မလွှဲသာမရှောင် သာကိစ္စရှိတဲ့သူတွေလောက်ပဲ ဒေါ်လာဝယ် ကြရောင်းကြတာ။ အဲဒီလူတွေဆီကပဲ လုပ် စားကြတာ။ ဒီလိုအခြေအနေမှာ သတိထား ပြီး ဝယ်ရောင်းလုပ်မှ တော်ကာကြမယ်”ဟု လုပ်ငန်းရှင်တစ်ဦးက ပြောကြားသည်။
ထို့ပြင် ကုန်စည်စျေးနှုန်းများလည်း ထပ်မံမြင့်တက်ကာ ကန်စွန်းရွက်တစ်စည်း ကျပ် ၅၀၀၊ ၆၀၀၊ အီ ကြာကွေးတစ်ချောင်းလျှင် ကျပ် ၆၀၀ စသည် ဖြင့် အသီးသီးစျေးတက် လာခဲ့သည်။
“ဆန်တွေဆီတွေ စျေးတက်မယ်ကြား တာနဲ့ ကိုယ့်မှာလက်ကျန်ပိုက်ဆံလေးတွေစု ပြီးတော့ မီးဖိုချောင်အတွက် လိုအပ်တဲ့ဆီနဲ့ ဆန်ကို အပြေးအလွှားသွားဝယ်လိုက်တယ်။ ဒါပေမဲ့ ဆန်ဆိုင်အချို့မှာတော့ လာဝယ်တဲ့ သူ နည်းပါးတာကိုတွေ့ရတယ်။ ဒါ ပေမဲ့ ဆန်စျေးက အရင်ကတည်းက တောက် လျှောက်တက်နေတာ။ အခြေခံလူတန်းစား တွေစားတဲ့ဆန်တောင် တစ်ပြည် ကျပ် ၃၄၀၀ နဲ့ တစ်အိတ်ကို ၈၀၀၀၀ ကျော်နေပြီ။ ဝယ်မ စုနိုင်ကြဘူးလေ။ လူလတ်တန်းစားက တစ် ပြည် ၄၅၀၀ တန် စားမယ်ဆိုရင် တစ်သိန်း ကျော်နေပြီ။ လွန်ခဲ့တဲ့ သုံးနှစ်လောက်က ဆန် တစ်အိတ်စျေးနှုန်းက အခု ဆန်ခြောက် ပြည်စျေးနှုန်းနဲ့အတူတူဖြစ်နေပြီ}}ဟု မြောက် ဒဂုံမြို့နယ်တွင် နေထိုင်သူတစ်ဦးက ပြောပြ သည်။
“တစ်လတစ်လ စားဖို့သောက်ဖို့ လုံးပန် းနေရတာနဲ့ စုဖို့ဆောင်းဖို့ ဘာမှမရှိဘူး။ ကျန် းမာရေးကိစ္စဖြစ်ရင်တောင်မှ မတွေးဝံ့စရာပဲ”ဟုလည်း ရန်ကုန်မြို့ခံတစ်ဦးက ဆိုသည်။
တောင်ဥက္ကလာမြို့ နယ်တွင် နေထိုင်သူ တစ်ဦးကလည်း “ဒီလိုအခြေအနေမျိုးက သိပ်တော့မဆန်း တော့ပါဘူး။ ကိုဗစ်ကာလနဲ့ ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်နောက်ပိုင်းကာလ တွေကိုတောင် ဖြတ်သန်းလာခဲ့တာ။ ပုံမှန် ဝယ်နေကျအတိုင်းပါပဲ။ စုတာ ဆောင်းတာ ဘာမှမလုပ်ဘူး။ ဒီမနက် ပုံမှန်သောက်နေကျ ဆေးတချို့ပြတ်လို့ သွားဝယ်တာ ဆေးတွေက တစ်ကတ်ကို အနည်းဆုံး ၂၀၀၊ ၃၀၀ စတက် နေပြီ ။ ဟို ၂၀၀၀၀ တန်က မထုတ်သေးဘူး။စျေးတွေက တက်နေပြီ”ဟု ပြောကြားသည်။
အလားတူ အိမ်ခြံမြေစျေးကွက်နှင့် ကားစျေးကွက်အတွင်း စျေးနှုန်းအဆမတန် မြင့်တက်မှုများကြောင့် အရောင်းအဝယ်ရပ် သွားခဲ့ကြောင်းလည်း အိမ်ခြံမြေစျေးကွက် စောင့်ကြည့်လေ့လာနေသူတစ်ဦးက ပြော ကြားခဲ့သည်။
“ဘယ်လိုလူတွေ လိုက်ဝယ်နေလဲတော့ မသိဘူးဗျ။ အိမ်ခြံမြေစျေးတွေက တစ်နေ့ တခြားတက်နေတာ။ ကျွန်တော့်အသိတစ် ယောက် နေဖို့အိမ်လိုတာနဲ့ တောင်ဒဂုံဘက် မှာ ခြံရှာတာ။ ပထမရက်သွားကြည့်တော့ သိန်း ၄၅၀၊ သူ့လက်ထဲမှာက ၄၀၀ ပဲရှိတယ်။ ငွေသိပ်မနိုင်တော့ သိန်း ၅၀ လောက် ထပ် ရှာပြီးမှ ဝယ်မယ်ပေါ့။ နောက်ရက်လည်း သွားရော နောက်ထပ် သိန်း ၅၀ လောက် စျေး က ထပ်တက်သွားတယ်”ဟု တောင်ဒဂုံ မြို့နယ်တွင်နေထိုင်သူတစ်ဦးက ပြောကြား ခဲ့သည်။
သင်္ဃန်းမြို့နယ်အတွင်းရှိ ရပ်ကွက်တစ် ခုအတွင်း တိုက်ခန်းဝယ်ယူရန် စုံစမ်းနေသူ တစ်ဦးကလည်း ၁၂ ပေ၊ ပေ ၅၀ ရှိ ဒါဘာ အ ခန်းတစ်ခုကို ကျပ်သိန်း ၂၈၀ ဖြင့် စျေးဆိုင် နေရာမှ ကျပ်သိန်း ၃၅၀ အထိ ရုတ်တရက် စျေးတင်ရောင်းချမှုကြောင့် အဆိုပါအခန်း အား ၎င်းင်းအနေဖြင့် မဝယ်နိုင်တော့၍ မဝယ် ဖြစ်တော့ကြောင်း၊ အခြားတစ်ယောက်က ကျပ်သိန်း ၃၅၀ ပေးပြီး ဝယ်ယူသွားကြောင်း ပြောကြားသည်။
“သင်္ဘောက ပါလာတဲ့လစာနဲ့ ခြံလေး တစ်ကွက်ဝယ်ထားမလို့ တောင်ဒဂုံနဲ့ ဒဂုံဆိပ်ကမ်းအစပ်ပေါ့။ ဒဂုံဆိပ်ကမ်းအပိုင်ထဲက ၂၀x၆၀ ရှိတဲ့ခြံကို သွားကြည့်တာ။ ပထမ ရက်မှာ သိန်း ၅၀၀ ခေါ်တယ်။ နောက်ရက် ထပ် သွားတော့ ၅၀ ထပ်တက်သွားတယ်။ ဘယ်သူတွေကများ စျေးဆွဲတင်နေကြလဲ မသိဘူး။ မြောက်ဒဂုံဘက်ဆို ပိုဆိုးသေးတယ်။ စျေးတွေခေါ်တာများ ကြောက်စရာ ကြီး။ ဒီစျေးတွေနဲ့ကတော့ အခြေခံလူတန်း စားတွေအတွက် အခြေပစ္စည်း၊ အိမ်တို့ ခြံတို့ ကားတို့ ဝယ်ဖို့ မလွယ်တော့ဘူး”ဟု သင်္ဘောသားတစ်ဦးက ပြောကြားခဲ့သည်။
ကုန်စည်စျေးနှုန်းများမြင့်တက်စေရန် ဆွဲတင်လှုံ့ဆော်သူများ၊ နိုင်ငံခြားငွေလဲနှုန်း မြင့်တက်စေရန် ကြိုးစားနေသူများကို အရေး ယူနိုင်ရန် တရားဥပဒေစိုးမိုးရေး အဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်နေကြောင်း ဗဟိုဘဏ် က ထုတ်ပြန်သည်။
အကြောင်းအမျိုးမျိုးဖော်ပြပြီး ကုန်စည် စျေးနှုန်းများ ဆွဲတင်ရန်လှုံ့ဆော်နေသူများ၊ နိုင်ငံခြားငွေလဲလှယ်နှုန်း မြင့်တက်စေရန်ကြိုး စားနေသူများသည် ပြည်သူအများ၏ အကျိုး စီးပွားကို ပျက်စီးရာ ပျက်စီးကြောင်း ဆောင် ရွက်နေသူများဖြစ်သဖြင့် ၎င်းင်းတို့အား ဖော် ထုတ်ပြီး အရေးယူနိုင်ရန် တရားဥပဒေစိုးမိုး ရေး အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက် လျက်ရှိကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ် က ထုတ်ပြန်ထားသည်။
ဇူလိုင် ၃၁ ရက်တွင် အကန့်အသတ်ဖြင့် ထုတ်ဝေမည့် ကျပ်နှစ်သောင်းတန်ကိစ္စနှင့် ပတ်သက်ပြီး ကုန်စည်စျေးနှုန်းဆွဲတင်ရန်ကြိုး စားသူများ၊ နိုင်ငံခြားငွေလဲနှုန်းမြင့်တက်ရန် ကြိုးစားသူများအပေါ် ဗဟိုဘဏ်က ဆောင် ရွက်မည့်အခြေအနေကို ထုတ်ပြန်လာခြင်း ဖြစ်သည်။
ကျပ်နှစ်သောင်းတန်ငွေစက္ကူကို အကန့်အသတ်ဖြင့်သာ ထုတ်ဝေမည်ဖြစ်ပြီး ငွေစက္ကူအဟောင်းအားအစားထိုး လဲလှယ်ပေးခြင်းဖြစ်၍ ငွေကြေးဖောင်းပွမှု မဖြစ်နိုင်ဟု ပြောကြား
ကျပ်နှစ်သောင်းတန် ငွေစက္ကူကို အ ရေအတွက် အကန့်အသတ်ဖြင့်သာ ထုတ် ဝေမည်ဖြစ်ပြီး ဟောင်းနွမ်းငွေစက္ကူများကို အစားထိုးလဲလှယ်ပေးခြင်းတွင် အမှတ်တရ အနေဖြင့် ထည့်သွင်းလဲလှယ် ပေးမည်ဖြစ် ကြောင်းနှင့် လူတစ်ဦးလျှင် ကျပ်နှစ်သောင်း တန် ငွေစက္ကူသုံးရွက်ခန့်သာ လဲလှယ်နိုင်မည် ဖြစ်ပြီး ငွေစက္ကူအဟောင်းအား အစားထိုး လဲလှယ်ပေးခြင်းဖြစ်၍ ငွေကြေးဖောင်းပွမှုမဖြစ်နိုင်ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ် က ရှင်းလင်းဖြေကြားထားသည်။
ပြည်သူလူထုလက်ဝယ်ရှိ ဟောင်းနွမ်း ငွေစက္ကူများကို ပြန်လည်၍ ဗဟိုဘဏ်သို့ ပေးသွင်းစေပြီးမှ new note ကို အမှတ်တရ အနေဖြင့် ကျပ်နှစ်သောင်းတန်ငွေစက္ကူ သုံး ရွက်ခန့် ထည့်သွင်း၍ တန်ဖိုးတူ ပြန်လည် ထည့်သွင်းကာ လဲလှယ်ပေးခြင်းဖြစ်သည့် အတွက် အကန့်အသတ်ဖြင့်သာ လဲလှယ်ပေး ခြင်းဖြစ်ကြောင်း၊ ယင်းကဲ့သို့ လဲလှယ်ထား သည့် ဟောင်းနွမ်းငွေစက္ကူများကို ဖျက်ဆီး မည့်စာရင်းနှင့် ဖျက်ဆီးမည့်ငွေစက္ကူ လက် ကျန်အတွင်းသို့ထည့်သွင်းပြီး ဖျက်ဆီးသွား မည်ဖြစ်ခြင်းကြောင့် အဆိုပါ ကျပ်နှစ်သောင်း တန် ငွေစက္ကူများ ထုတ်ဝေခြင်းကြောင့် ငွေ ကြေးပမာဏတိုးတက်ရန် လုံးဝအခြေအနေ မရှိပါကြောင်း ဗဟိုဘဏ်က ပြောကြားထား သည်။
ဗဟိုဘဏ်သည် ငွေကြေးဖောင်းပွမှု လျော့နည်းကျဆင်းစေရန်နှင့် ငွေကြေးဖောင်းပွ မှုနှုန်းကို ထိန်းချုပ်နိုင်စေရန်အတွက် ဆောင် ရွက်လျက်ရှိသော ငွေကြေးမူဝါဒသည် တိုင်း ပြည်စီးပွားရေးကို ပိုမိုအထောက်အကူဖြစ်ရန် နှင့် နှစ်စဉ်လျာထားသည့် အမျိုးသားပြည် တွင်းထုတ်ကုန် GDP ရည်မှန်းချက်နှင့်အညီ ငွေကြေးစနစ်အတွင်း ထားရှိသင့်သည့် သီး သန့်ငွေကြေးပမာဏကို တွက်ချက်၍ သတ် မှတ်ပမာဏအတွင်း ရောက်ရှိစေရန် ဆောင် ရွက်သော ငွေကြေးမူဝါဒဘောင်ကို အဓိက ထား ဆောင်ရွက်လျက်ရှိပြီး စီးပွားရေးလုပ် ငန်းများကို ပိုမိုအရှိန်မြှင့်ဆောင်ရွက်နိုင်ရန် အတိုးနှုန်းမြှင့်တင်ခြင်းထက် စီးပွားရေးစနစ် အတွင်း ထားရှိသင့်သည့် သီးသန့်ငွေကြေး ပမာဏအား အတိုး/အလျော့ပြုလုပ်နိုင်သည့် ဘဏ်များက ဗဟိုဘဏ်တွင် ထားရှိရမည့် သီးသန့်ငွေကြေးပမာဏအချိုးမြှင့်တင်ခြင်း/လျှော့ချခြင်းဖြင့် ဆောင်ရွက်လျက်ရှိကြောင်း နှင့် နိုင်ငံ၏ စီးပွားစနစ်အတွင်းရှိ စုစုပေါင်း ငွေကြေးပမာဏကို စဉ်ဆက်မပြတ် စောင့် ကြည့်စိစစ်လျက်ရှိပြီး ရည်မှန်းချက်ပမာဏအတွင်းသာရှိစေရန် ယင်းပမာဏကို နုတ် သိမ်းခြင်း၊ ထည့်သွင်းခြင်းတို့ကို အချိန်နှင့် တစ်ပြေးညီ ဆောင်ရွက်လျက်ရှိကြောင်း သိရ သည်။
ထို့ပြင် ငွေကြေးမူဝါဒနည်းလမ်းများ၊ ငွေရေးကြေးရေးကဏ္ဍ တည်ငြိမ်စေရန် နည်း လမ်းများနှင့် ငွေပေးချေမှုနှင့် စာရင်းရှင်းလင်း မှု တိုးတက်စေရန် ဆောင်ရွက်မှုများကြောင့် နိုင်ငံစီးပွားစနစ်အတွင်းရှိ ဘဏ်များတွင် အပ်နှံငွေများ တိုးတက်လျက်ရှိသလို စီးပွား ရေးလုပ်ငန်းများအတွက် လိုအပ်သော ချေး ငွေများလည်း တိုးတက်ထုတ်ပေးလျက်ရှိ ကြောင်း၊ အလားတူ နိုင်ငံစီးပွားစနစ်အတွင်း လှည့်လည်သုံးစွဲငွေ currency in circulation – CIC များ လျော့နည်းကျဆင်းခဲ့ပြီး CIC တိုးတက်မှုနှုန်းသည် ၂၀၂၁ ခုနှစ်တွင် ၄၈ ရာခိုင်နှုန်းရှိခဲ့ရာမှ ၂၀၂၂ ခုနှစ်တွင် ၂၉ ရာခိုင်နှုန်း၊ ၂၀၂၃ ခုနှစ် မေတွင် ၁၁ ရာ ခိုင် နှုန်းသို့ ကျဆင်းခဲ့သည်ဟု ဗဟိုဘဏ်က ဆို သည်။
လက်ရှိတွင် အထိမ်းအမှတ်အဖြစ် ကျပ် နှစ်သောင်းတန်ငွေစက္ကူ ထုတ်ဝေခြင်းသည် အမှတ်တရအဖြစ်လည်းကောင်း၊ အကန့် အသတ်ဖြင့်သာ ငွေစက္ကူအဟောင်းကို အ စားထိုး လဲလှယ်ပေးခြင်းဖြစ်၍လည်းကောင်း၊ ငွေကြေးဖောင်းပွမှုမဖြစ်နိုင်ကြောင်း၊ ထို့ပြင် နိုင်ငံခြားငွေလဲလှယ်နှုန်းမှ တစ်ဆင့် ငွေကြေး ဖောင်းပွမှု မြင့်တက်စေခြင်း မဖြစ်စေရန် အတွက် ဗဟိုဘဏ်သည် နိုင်ငံခြားငွေလဲလှယ် နှုန်း တည်ငြိမ်စေရေးအတွက် အလေးထား ဆောင်ရွက်လျက်ရှိကြောင်း၊ နေ့စဉ်နိုင်ငံခြား ငွေ စီးဝင်မှု/စီးထွက်မှုအား နီးကပ်စွာ စောင့် ကြည့်စိစစ်လျက်ရှိပြီး စျေးကွက်အတွင်း နိုင်ငံခြားငွေလိုအပ်ချက်များ ရှိလာပါက financing ပေးခြင်း၊ ရောင်းချပေးခြင်းနှင့် နိုင်ငံ ခြားငွေ ဝယ်ယူထိန်းသိမ်းထားသည့် ဘဏ် များအား နိုင်ငံခြားငွေလိုအပ်သော သွင်းကုန် တင်သွင်းသူများနှင့် စီးပွားရေးလုပ်ငန်းများထံ သို့ ရောင်းချစေခြင်းတို့ကို ဆောင်ရွက်လျက် ရှိကြောင်း ဗဟိုဘဏ်က ရှင်းလင်းထားသည်။
ယခုအခြေအနေအရ နိုင်ငံခြားငွေလဲ လှယ်နှုန်း အတက်အကျမကြမ်းဘဲ တည်ငြိမ် နေကြောင်း၊ ဗဟိုဘဏ်က ဦးစီးဆောင်ရွက် လျက်ရှိသည့် ဘဏ်များအကြား online နိုင်ငံခြားငွေကြေးစျေးကွက်တွင် ဖြစ်ပေါ် လျက်ရှိသည့် exchange rate ကို ကြည့်နိုင် ကြောင်းနှင့် ကျပ်နှစ်သောင်းတန် ငွေစက္ကူ ထုတ်ဝေခြင်းသည် နိုင်ငံခြားငွေကြေးစျေး ကွက်၏ နေ့စဉ်အရောင်းအဝယ်များကို သက် ရောက်မှု မရှိနိုင်ကြောင်း ဗဟိုဘဏ်က ပြော ကြားထားသည်။
ငွေရေးကြေးရေးစျေးကွက်အတွင်း ကျပ်နှစ်သောင်းတန်အသစ်များအလုံးအရင်းနှင့် ဝင်ရောက်ရန်ကိစ္စ လုံးဝမဖြစ်နိုင်ဟု နစက အာမခံ
ငွေရေးကြေးရေးစျေးကွက်အတွင်း ကျပ် နှစ်သောင်းတန်အသစ်များ အလုံးအရင်းနှင့် ဝင်ရောက်လာရန်ကိစ္စ လုံးဝမဖြစ်နိုင် ကြောင်းနှင့် အစိုးရအနေဖြင့် စီးပွားရေးလုပ် ငန်းများနှင့်ပတ်သက်ပြီး လက်ရှိအခြေအနေ များကို ကောင်းစွာထိန်းသိမ်းနိုင်သည့်အခြေအနေရှိကြောင်း နစကပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်း အာမခံပြောကြား သည်။
“နံပါတ် (၁) အချက်အနေနဲ့သိထားရ မှာက ဒီငွေစက္ကူအသစ် ငွေကျပ်နှစ်သောင်း တန်က အလုံးအရင်းနဲ့ထုတ်တဲ့ ပိုက်ဆံ မဟုတ် ဘူး။ အထိမ်းအမှတ်အနေနဲ့ ထုတ်လိုက်တဲ့ ငွေစက္ကူပဲဖြစ်တယ်။ အခြားနိုင်ငံတွေမှာ လည်း ဒီလိုအထိမ်းအမှတ်အနေနဲ့ ထုတ်တဲ့ ငွေစက္ကူတွေ ရှိခဲ့ဖူးတယ်။ ကျွန်တော်တို့ မြန် မာနိုင်ငံမှာတော့ ငွေစက္ကူကို အထိမ်းအမှတ် အနေနဲ့ ထုတ်လုပ်ခဲ့တာ မရှိခဲ့ပါဘူး။ ဒါပေမဲ့ (၇၅) နှစ်ပြည့် စိန်ရတု လွတ်လပ်ရေးနေ့ တုန်းကတော့ အထိမ်းအမှတ်အနေနဲ့ရွှေဒင်္ဂါး ပြားတွေ ထုတ်ဝေခဲ့တာရှိပါတယ်။ အဲဒီအချိန် တုန်းကလည်း သတ်မှတ်ထားတဲ့ ငွေကြေး ပမာဏပေးပြီး ဝယ်လို့ရတယ်ဆိုပေမဲ့ များ များစားစား ဝယ်လို့ရတာမဟုတ်ပါဘူး။ အခု ကိစ္စမှာလည်း ဒီလိုပါပဲ။ ကျွန်တော်ပြောချင် တဲ့ နောက်တစ်ချက်ကဗဟိုဘဏ်ရဲ့ ထုတ်ပြန် ချက်ထဲမှာ ပါပါတယ်။ ဒီငွေစက္ကူကျပ်နှစ် သောင်းတန်အသစ်က အထိမ်းအမှတ်အနေ နဲ့ထုတ်ဝေတဲ့ ငွေစက္ကူဖြစ်တဲ့အတွက် အဲဒီ ပိုက်ဆံနဲ့တန်ဖိုးတူညီတဲ့ ငွေပမာဏကို ဘဏ် ကိုသွားသွင်းမှ ငွေစက္ကူကျပ်နှစ်သောင်းတန် အသစ်ကို ထုတ်ပေးမှာဖြစ်ပါ တယ်။ အဲဒီလို ထုတ်ပေးတဲ့နေရာမှာလည်း အကန့်အသတ်ရှိ ပါတယ်။ ဘဏ်ကိုသွားပြီး အခုထုတ်လိုက်တဲ့ ငွေစက္ကူကျပ်နှစ်သောင်းတန်အသစ် သိန်း တစ်ရာလိုချင်လို့ဆိုပြီး ကိုယ့်ရဲ့ငွေစက္ကူ အ ဟောင်း သိန်းတစ်ရာနဲ့ သွားပြီးလဲရင်လည်း သိန်းတစ်ရာ ထုတ်မပေးနိုင်ပါဘူး။ တစ်ဦးကို သုံးရွက်ပဲ ထုတ်ပေးမှာ ဖြစ်ပါတယ်။ အဲဒီ သုံးရွက်ကိုလည်း အလကားထုတ်ပေးမှာ မဟုတ်ပါဘူး။ မြန်မာစကားပုံနဲ့ အားလုံးနား လည်အောင် လွယ်လွယ်ပြောရမယ်ဆိုရင် ဆန်ပေးမှ ဆီရမယ်လို့ပဲ ပြောရမှာဖြစ်ပါ တယ်။ ဒီငွေစက္ကူတွေကိုလည်း ငွေစက္ကူအ ဟောင်းနဲ့ လဲလှယ်နိုင်အောင်လုပ်တာ ဖြစ်ပါ တယ်။ လာရောက်လဲလှယ်တဲ့ ငွေစက္ကူအ ဟောင်းတွေကိုလည်း ဗဟိုဘဏ်က အကုန် လုံး ဖျက်ဆီးပစ်လိုက်မှာဖြစ်ပါတယ်”ဟု ဗိုလ်ချုပ် ဇော်မင်းထွန်း ပြောကြားသည်။
ထို့ကြောင့် ငွေရေးကြေးရေးစျေးကွက် အတွင်း ကျပ်နှစ်သောင်းတန်အသစ်များ အ လုံးအရင်းနှင့်ဝင်ရောက်လာရန်ကိစ္စ လုံးဝ မဖြစ်နိုင်ကြောင်းနှင့် ဖြစ်လည်း မဖြစ်ကြောင်း ၎င်းင်းက အာမခံပြောကြားခဲ့သည်။
“ဒါကြောင့် ငွေကြေးဖောင်းပွမှုဆိုတာ မဖြစ်နိုင်ပါဘူး။ မတည်ငြိမ်အောင် ကောလာ ဟလတွေ ထုတ်လွှင့်နေတာပဲဖြစ်ပါတယ်။ နောက်တစ်ချက်ကတော့ ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၃၆ မှာ စီးပွားရေးလုပ်ငန်းတွေနဲ့ ပတ်သက်ပြီး အစိုးရအနေနဲ့ အာမခံပြီးဖြစ်ပါ တယ်။ ကျွန်တော်တို့ အစိုးရအနေနဲ့လည်း ဖွဲ့ စည်းပုံအခြေခံဥပဒေ ၂၀၀၈ ကို လက်ခံထားတဲ့ အစိုးရဖြစ်တယ်။ ဖွဲ့စည်းပုံ အခြေခံဥပဒေ ၂၀၀၈ ပုဒ်မ ၃၆ (ဃ) မှာပါ တဲ့ စီးပွားရေးဆိုင် ရာလုပ်ငန်းများကို နိုင်ငံပိုင်သိမ်းယူခြင်းမပြု ဆိုတဲ့အချက်နဲ့ ပုဒ်မ ၃၆ (စ) မှာပါတဲ့ တရား ဝင်ထုတ်ဝေထားသော ငွေကြေးကို တရားမ ဝင်ငွေကြေးအဖြစ် သတ်မှတ်ခြင်းမပြုဆိုတဲ့ အချက်တွေနဲ့အာမခံပြီးဖြစ်တယ်။ ဒါကြောင့် ကျွန်တော်တို့အနေနဲ့ ယခင်ကတရားဝင် ထုတ်ဝေထားပြီး တရားဝင်အသုံးပြုနေတဲ့ ငွေ ကြေးတွေကိုတရားမဝင်ငွေကြေးအဖြစ် ဘယ်တော့မှသတ်မှတ်မှာမဟုတ်ပါဘူး။ ဒါကို လည်းအာမခံချက် ပေးလိုပါတယ်”ဟု ၎င်းက ဆက်လက် ပြောကြားသည်။
ထို့ပြင် လက်ရှိဖြစ်ပေါ်နေသည့် အခြေ အနေကို ကောလာဟလများ ထုတ်လွှင့်ရန် အတွက် အချိန်ကိုက်ဆောင်ရွက်နေကြခြင်း ဖြစ်ကြောင်း၊ အစိုးရအနေဖြင့် စီးပွားရေးလုပ် ငန်းများနှင့်ပတ်သက်ပြီး အခြေအနေများကို ကောင်းစွာထိန်းသိမ်းနိုင်သည့်အခြေအနေရှိကြောင်း၊ ထို့ကြောင့် ပြည်သူများအနေဖြင့် ယုံကြည်စိတ်ချစွာဖြင့် မိမိတို့၏လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို လုပ် ကိုင်နိုင်ကြောင်း အာမခံကြောင်း ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောကြားသည်။
နိုင်ငံတော်အနေဖြင့် ဘဏ္ဍာငွေလိုအပ် ချက်မရှိသကဲ့သို့ လည်ပတ်သုံးစွဲငွေများ မျှတ စွာရှိနေပြီး နှစ်သောင်းတန် ငွေစက္ကူသည် အထိမ်းအမှတ်ဖြင့်ထုတ်ခဲ့ခြင်းကြောင့် ငွေကြေးဖောင်းပွမှုလုံးဝဖြစ်မည် မဟုတ် ကြောင်းနှင့် စီးပွားရေးကမောက်ကမဖြစ်စေ ရန် နိုင်ငံရေးတိုက်ခိုက်မှုသာဖြစ်ကြောင်း စီးပွားရေးရာကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန် ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားသည်။
ထို့ပြင် စီးပွားရေးရာကော်မတီအနေ ဖြင့် အစိုးရကို တာဝန်ခံရမည်ဖြစ်ပြီး အစိုးရ အနေဖြင့် နစကကို တာဝန်ခံရမည်ဖြစ်ကာ နစကအနေဖြင့် တိုင်းပြည်ကို တာဝန်ခံရမည် ဖြစ်ကြောင်း၊ ထို့ကြောင့် စီးပွားရေးရာကော် မတီအနေဖြင့် နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေး ကို အလေးထားဆွေးနွေးဆောင်ရွက်ရန် နစ ကဥက္ကဋ္ဌက ပြောကြားခဲ့သည်။