မြန်မာ-တရုတ် နှစ်နိုင်ငံနယ်စပ်ဖြတ်ကျော်ပို့ဆောင်မှုများ လွယ်ကူချောမွေ့စေရေး နားလည်မှုစာချွန်လွှာ ရေးထိုးရေးနှင့် တရုတ်နိုင်ငံထွက်ကုန်များကို ရန်ကုန်ဆိပ်ကမ်းမှတစ်ဆင့် ဖြတ်သန်းပို့ဆောင်ရေး ဆွေးနွေး

မြန်မာ-တရုတ် နှစ်နိုင်ငံနယ်စပ်ဖြတ်ကျော်ပို့ဆောင်မှုများ လွယ်ကူချောမွေ့စေရေး နားလည်မှုစာချွန်လွှာ ရေးထိုးရေးနှင့် တရုတ်နိုင်ငံထွက်ကုန်များကို ရန်ကုန်ဆိပ်ကမ်းမှတစ်ဆင့် ဖြတ်သန်းပို့ဆောင်ရေး ဆွေးနွေး
Published 27 July 2023

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်းနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံယူနန်ပြည်နယ် တဲဟုန် ပြည်နယ်ခွဲပြည်သူ့အစိုးရအုပ်ချုပ်ရေးမှူုး Mr.Wei Gang ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ ဇူလိုင် ၂၆ ရက်မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံခဲ့ကြောင်း သိရသည်။

ထိုသို့တွေ့ဆုံတွင် တဲဟုန်ပြည်နယ် မြို့တော်မန်စီနှင့် မန္တလေးခရီးစဉ်ကို Ruili Airline က တစ်ပတ်လေးကြိမ်ပြေးဆွဲမှု၊ မြန်မာအမျိုးသားလေကြောင်းက ရန်ကုန်- မန္တလေး- မန်စီ- မန္တလေး- ရန်ကုန်ခရီးစဉ်ကို တစ်ပတ်သုံးကြိမ် ပြေးဆွဲမှုများအပြင် အလားအလာရှိသောမြို့များသို့ ခရီးသည်နှင့် ကုန် တင်လေယာဉ်များ ပိုမိုတိုးချဲ့ပြေးဆွဲရေး၊ တရုတ်နိုင်ငံ၏အမြန်ရထားလမ်းကွန်ရက်သည် ၂၀၂၇ ခုနှစ်တွင် ရွှေလီမြို့အထိတည် ဆောက်ပြီးစီးမည်ဖြစ်ရာ နှစ်နိုင်ငံကုန်သွယ်မှုတိုးမြှင့်ရေးအတွက် မြန်မာနိုင်ငံ၏ ရထား လမ်းကွန်ရက်နှင့် ချိတ်ဆက်ရေး၊ နယ်စပ်ဖြတ်ကျော်ပို့ဆောင်မှုများ လွယ်ကူချောမွေ့စေရေး အတွက်နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးရေးနှင့် တရုတ်နိုင်ငံထွက်ကုန်များကို ရန် ကုန်ဆိပ်ကမ်းမှတစ်ဆင့် ဖြတ်သန်းပို့ဆောင်ရေး ကိစ္စရပ်များဆွေးနွေးခဲ့ကြောင်း သိရသည်။

ယင်းတွေ့ဆုံပွဲသို့ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ ဌာနအကြီးအကဲများ၊ တရုတ်နိုင်ငံဘက်မှ ကိုယ်စားလှယ်များနှင့်တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်းသိရသည်။